Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 17:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ထို့နောက် ယေရှု​သည် နတ်ဆိုး​ကို ဆုံးမ​သဖြင့် နတ်ဆိုး​သည် သူငယ်​အထဲမှ ထွက်သွား၏။ ထို​ခဏချင်း​တွင် သူငယ်​သည် ကျန်းမာလာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သ​ခင်​ယေ​ရှု​သည်​နတ်​မိစ္ဆာ​အား​ထွက်​ခွာ​သွား​ရန် အ​မိန့်​ပေး​တော်​မူ​လျှင် နတ်​မိစ္ဆာ​သည်​သူ​ငယ်​ထံ​မှ ထွက်​ခွာ​သွား​လေ​သည်။ ချက်​ချင်း​ပင်​သူ​ငယ်​သည် ကျန်း​မာ​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 နတ် ထွက် ခွာ သ ဖြင့် ထို အ ချိန် နာ ရီ က စ၍ သူ ငယ် ကျန်း မာ လေ၏။ ထို နောက် တ ပည့် တော် တို့ သည်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ယေ​ရှု​သည် သူ့​ကို​ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် သူ​မှ​ထွက်​သွား​သ​ဖြင့်၊ ထို​ခ​ဏ​မှ​စ၍ သူ​ငယ်​သည် ကျန်း​မာ​ပ​က​တိ ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထို့နောက် ယေရှု​သည် နတ်ဆိုး​ကို​ဆုံးမ​တော်မူ​လျှင် နတ်ဆိုး​သည် သူငယ်​အထဲမှ​ထွက်သွား​သဖြင့် သူငယ်​သည် ထို​အချိန်​မှစ၍ ကျန်းမာ​လာ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

18 ယေ​ရှု​သည် သူ့​ကို​ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် သူ​မှ​ထွက်​သွား​သ​ဖြင့်၊ ထို​ခ​ဏ​မှ​စ၍ သူ​ငယ်​သည် ကျန်း​မာ​ပ​က​တိ ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 17:18
15 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် လူတို့​သည် မျက်စိ​မမြင်၊ စကား​ဆွံ့အသော​နတ်ဆိုးပူးသူ​တစ်ဦး​ကို ယေရှု​ထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှု​က ထို​သူ​အား ကုသတော်မူ​သဖြင့် စကား​ပြန်ပြောနိုင်လာ​ပြီး မျက်စိ​လည်း ပြန်မြင်လေ၏။


ထိုအခါ ယေရှု​က “အို အမျိုးသမီး… သင်​သည် ယုံကြည်ခြင်း​အားကြီးလှ၏။ သင့်​ဆန္ဒ​ရှိသည့်​အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထို​အချိန်​တွင်ပင် ထို​အမျိုးသမီး​၏ သမီး​သည် ကျန်းမာလာလေ၏။


ယေရှု​က “အို ယုံကြည်ခြင်း​မဲ့​၍ ဖောက်ပြန်သော​အမျိုး… ငါ​သည် သင်တို့​နှင့် မည်မျှ​ကြာကြာ အတူ​နေရမည်နည်း။ ငါ​သည် သင်တို့​ကို မည်မျှ​ကြာကြာ သည်းခံရမည်နည်း။ သူငယ်​ကို ငါ့​ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။


ထိုအခါ တပည့်တော်တို့​သည် ယေရှု​ထံတော်သို့ သီးခြား​ချဉ်းကပ်​၍ “အကျွန်ုပ်တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။


ယေရှု​သည် လှည့်​၍ ထို​အမျိုးသမီး​ကို မြင်တော်မူ​လျှင် “သမီး… မစိုးရိမ်နှင့်။ သင်​၏​ယုံကြည်ခြင်း​သည် သင့်​ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်း​ပင် ထို​အမျိုးသမီး​သည် ရောဂါပျောက်ကင်းလေ၏။


ထို့ကြောင့် ယေရှု​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်သော မကျန်းမာသူ​များစွာ​ကို ကျန်းမာစေတော်မူ​လျက် နတ်ဆိုး​များစွာ​ကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့​သည် ကိုယ်တော်​ကို သိကြ​သောကြောင့် ကိုယ်တော်​သည် ထို​နတ်ဆိုးတို့​ကို စကားပြောခွင့်​ပေးတော်မမူပေ။


ဤသို့​လျှောက်ရခြင်း​မှာ ယေရှု​က နတ်ဆိုး​အား “အို နတ်ဆိုး… ထို​လူ​အထဲ​မှ ထွက်သွားလော့” ဟု မိန့်တော်မူ​သောကြောင့် ဖြစ်၏။


နတ်ဆိုးတို့​ကလည်း “အရှင်​သည် ဘုရားသခင်​၏​သားတော် ဖြစ်ပါသည်” ဟု အော်ဟစ်​လျက် လူ​များစွာ​ထံမှ ထွက်သွားကြ၏။ ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း​ကို ထို​နတ်ဆိုးတို့​သိမြင်ကြ​သဖြင့် ယေရှု​သည် သူတို့​ကို​ဆုံးမ​၍ စကားပြောခွင့် ပေးတော်မမူပေ။


ဤသို့ လျှောက်ရခြင်း​မှာ ယေရှု​သည် ထို​နတ်ဆိုး​အား သူ့​အထဲ​မှ ထွက်​ရန် မိန့်တော်မူ​သောကြောင့်​ဖြစ်၏။ ထို​နတ်ဆိုး​သည် ထို​သူ​အား မကြာခဏ​ဝင်ပူးတတ်၏။ သူ​၏ လက်ခြေ​တို့​ကို သံကြိုးများ​ဖြင့် ခတ်​၍ အစောင့်များ​နှင့် စောင့်ကြပ်​သော်လည်း သူ​သည် နတ်ဆိုး​အစွမ်း​ဖြင့် အချုပ်အနှောင်များ​ကို လွယ်ကူ​စွာ ဖျက်ဆီး​၍ တောကန္တာရ​ထဲသို့ ပြေးဝင်တတ်၏။


ထို​သူငယ်​လာ​စဉ် နတ်ဆိုး​သည် သူ့​အား မြေပေါ်​သို့ လှဲ​၍ တက်စေ၏။ သို့သော်လည်း ယေရှု​က ထို​နတ်ဆိုး​အား ဆုံးမ​၍ ထို​သူငယ်​ကို ကျန်းမာစေတော်မူ​ပြီးလျှင် ဖခင်​ထံသို့ ပြန်အပ်ပေးတော်မူ၏။


ရက်ပေါင်း​များစွာ ထိုကဲ့သို့​အော်ဟစ်​လျက်​နေသဖြင့် ပေါလု​သည် အလွန်​စိတ်အနှောင့်အယှက်​ဖြစ်လေ၏။ သို့ဖြစ်၍ နောက်သို့​လှည့်​ကာ “သူ့​အထဲ​မှ​ထွက်သွားလော့။ ယေရှု​ခရစ်တော်​၏​အမည်​နာမ​အားဖြင့် သင့်​အား ငါ​အမိန့်ပေးသည်” ဟု ဆိုသော် နတ်ဆိုး​သည် ထို​အချိန်​၌ပင် ထွက်သွား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ