Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 15:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထိုအခါ ထို​ဒေသ​တွင်​နေထိုင်သော လူမျိုးခြား​အမျိုးသမီး​တစ်ဦး​သည် အထံတော်သို့​လာ​၍ “အို သခင်… ဒါဝိဒ်မင်း​၏​သားတော်… ကျွန်မ​ကို သနားတော်မူပါ။ ကျွန်မ​၏​သမီး​သည် နတ်ဆိုးပူး​သဖြင့် နတ်ဆိုး​နှိပ်စက်ခြင်း​ကို ခံနေရပါသည်” ဟု အော်ဟစ်​၍ လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ထို​ဒေသ​တွင်​နေ​ထိုင်​သူ​ခါ​နာန်​အ​မျိုး​သ​မီး တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​ပြီး​လျှင် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ ကျွန်​မ​ကို​သ​နား တော်​မူ​ပါ။ ကျွန်​မ​၏​သ​မီး​သည်​နတ်​မိစ္ဆာ​ပူး ဝင်​နေ​သ​ဖြင့်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ခံ​လျက် နေ​ပါ​သည်'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ခါ နာန် မိန်း မ တစ် ယောက် သည် ထို နယ် က ထွက် လာ၍ ဒါ ဝိဒ် မင်း သား တော် အ ရှင် ဘု ရား သ နား တော် မူ ပါ။ ကျွန် မ၏ သ မီး မှာ နတ် ပူး ခြင်း ကို ပြင်း စွာ ခံ နေ ရ ပါ သည် ဟု အော် လျက် လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ခါ​နာန်​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​သည် ထို​နယ်​စပ်​မှ​ထွက်​လာ၍၊ ဒါ​ဝိဒ်၏​သား​တော်​ရှင်၊ ကျွန်​မ​ကို သ​နား​တော်​မူ​ပါ။ ကျွန်​မ၏​သ​မီး​သည် နတ်​ဆိုး​နှိပ်​စက်​ခြင်း​ကို ပြင်း​စွာ​ခံ​ရ​ပါ​သည်​ဟု ဟစ်​ကြော်​သော်​လည်း စ​ကား​တစ်​ခွန်း​မျှ ပြန်​တော်​မ​မူ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထိုအခါ ထို​အရပ်​ဒေသ​မှ ခါနာန်​အမျိုးသမီး​တစ်​ဦး​သည် ထွက်လာ​၍ “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော်၊ ကျွန်မ​ကို​သနား​တော်မူ​ပါ။ ကျွန်မ​၏​သမီး​သည် နတ်ဆိုး​ပူး​၍ ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

22 ခါ​နာန်​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​သည် ထို​နယ်​စပ်​မှ​ထွက်​လာ၍၊ ဒါ​ဝိဒ်၏​သား​တော်​ရှင်၊ ကျွန်​မ​ကို သ​နား​တော်​မူ​ပါ။ ကျွန်​မ၏​သ​မီး​သည် နတ်​ဆိုး​နှိပ်​စက်​ခြင်း​ကို ပြင်း​စွာ​ခံ​ရ​ပါ​သည်​ဟု ဟစ်​ကြော်​သော်​လည်း စ​ကား​တစ်​ခွန်း​မျှ ပြန်​တော်​မ​မူ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 15:22
19 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​နှင့် ဒါဝိဒ်မင်း​တို့​ထံမှ ဆင်းသက်တော်မူသော ယေရှု​ခရစ်တော်​၏​ဆွေစဉ်မျိုးဆက်​စာရင်း​မှာ အောက်ပါအတိုင်း​ဖြစ်၏။


သို့သော်လည်း ယေရှု​သည် သူ့​အား စကား​တစ်ခွန်း​မျှ တုံ့ပြန်တော်​မမူဘဲ နေတော်မူ၏။ ထိုအခါ တပည့်တော်တို့​သည် ယေရှု​ထံတော်သို့​ချဉ်းကပ်​၍ “ဤ​အမျိုးသမီး​အား ပြန်စေတော်မူပါ။ သူ​သည် အကျွန်ုပ်တို့​နောက်​မှ လိုက်​ကာ အော်ဟစ်​၍ အနှောင့်အယှက်​ဖြစ်စေပါသည်” ဟု လျှောက်ကြ၏။


“သခင်… အကျွန်ုပ်​၏​သား​ကို သနားတော်မူပါ။ သူ​သည် ဝက်ရူးပြန်ရောဂါ​စွဲကပ်​၍ ဝေဒနာ​ပြင်းထန်​စွာ ခံစားနေရပါ၏။ မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ​ကျတတ်ပါ၏။


ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယားပြည်​တစ်လျှောက်လုံး​သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့​သည် ဖျားနာသူများ၊ ရောဂါ​ဝေဒနာ​အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ​နှင့် လေဖြတ်နေသူများ​ကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်​သည် ထို​သူတို့​အားလုံး​၏ ရောဂါများ​ကို ပျောက်ကင်းစေတော်မူ၏။


ယေရှု​သည် ထို​နေရာ​မှ ထွက်ကြွတော်မူ​စဉ် မျက်မမြင်​နှစ်ယောက်​က “ဒါဝိဒ်မင်း​၏​သားတော် ယေရှု၊ အကျွန်ုပ်တို့​ကို သနားတော်မူပါ” ဟု ဟစ်အော်​လျက် နောက်တော်​သို့ လိုက်ကြ၏။


“သခင်​ယေရှု… အကျွန်ုပ်တို့​ကို သနားတော်မူပါ” ဟု အော်ဟစ်ကြ၏။


အခွန်​ကောက်သူ​မှာ အဝေး​မှ ရပ်​လျက် ကောင်းကင်​သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်​ကို လက်​ဖြင့် ထု​၍ ‘ဘုရားသခင်… အပြစ်သား​ဖြစ်သော အကျွန်ုပ်​ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။


ထို​သူတို့​သည် ယေရှု​၏​ဟောပြော​သွန်သင်မှု​ကို ကြားနာ​ရန်​နှင့် မိမိတို့​၏​အနာရောဂါများ​ကို ကုသခံ​ရန် ရောက်လာကြခြင်း ဖြစ်၏။ နတ်ဆိုးတို့​၏​ညှဉ်းဆဲခြင်း​ခံရသော​သူတို့​သည်လည်း လာ​၍ အကောင်းပကတိ​အတိုင်း ဖြစ်သွားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ