Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 5:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 သို့သော် လူသား​သည် ဤ​လောက​တွင် အပြစ်​လွှတ်ပိုင်သော​အခွင့်အာဏာ​ရှိသည်​ကို သင်တို့​အား ငါ​သက်သေပြမည်” ဟု ဆို​ကာ လေဖြတ်သူ​အား “သင့်​အား ငါ​ဆို၏။ ထလော့။ သင့်​ထမ်းစင်​ကို​ယူ​၍ အိမ်​သို့ ပြန်လော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သို့​ရာ​တွင်​လူ​သား​သည်​လော​က​တွင်​အ​ပြစ် ဖြေ​လွှတ်​ပိုင်​သည်​ကို​သင်​တို့​အား​သိ​စေ​အံ့'' ဟု​ဆို​လျက်​လေ​ဖြတ်​သူ​အား ``သင့်​အား​ငါ ဆို​သည်​ကား​ထ​လော့။ သင့်​ထမ်း​စင်​ကို​ထမ်း ၍​အိမ်​ပြန်​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 လူ့ သား သည် ဤ မြေ ကြီး ပေါ် တွင် အ ပြစ် ဖြေ လွတ် ခွင့် အာ ဏာ ရှိ ကြောင်း ကို သင် တို့ သိ စေ ခြင်း ငှါ ထ လော့၊ ထမ်း စင် ကို ဆောင်၍ အိမ် ပြန် လော့၊ ငါ ဆို သည် ဟု သွက် ချာ ပါ ဒ စွဲ သူ့ အား မိန့် တော် မူ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 လူ​သား​သည်​မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော။ သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 သို့သော် လူ့သား​သည် မြေကြီး​ပေါ်တွင် အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်”​ဟု သူ​တို့​အား မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား“သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

24 လူ​သား​သည်​မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော။ သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 5:24
26 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် ဆီဇာရီးယား​ဖိလိပ္ပုနယ်​သို့ ရောက်​သောအခါ တပည့်တော်တို့​အား “လူတို့​သည် လူသား​ကို မည်သူ​ဖြစ်သည်​ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူ၏။


လူသား​သည် မိမိ​၏​ဘုန်းအသရေ​ကို ဆောင်​၍ ကောင်းကင်တမန်များ​ခြံရံ​လျက် ကြွလာ​သောအခါ ဘုန်းအသရေ​နှင့် ပြည့်စုံသော သူ​၏ ရာဇပလ္လင်​ပေါ်​တွင် ထိုင်တော်မူ​လိမ့်မည်။


ယေရှု​က “သင်​ပြောသည့်​အတိုင်း မှန်ပါ၏။ နောင်​တွင် လူသား​သည် တန်ခိုးရှင်​၏​လက်ယာတော်ဘက်​၌ ထိုင်​၍ ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို သင်တို့​မြင်ကြရ​လိမ့်မည်” ဟု ပြန်​၍ မိန့်တော်မူ၏။


ထိုအခါ ယေရှု​သည် တပည့်တော်တို့​ထံ ချဉ်းကပ်တော်မူ​၍ “ငါ့​ခမည်းတော်​သည် ကောင်းကင်​နှင့် မြေကြီး​ပေါ်၌ ရှိသမျှသော အခွင့်အာဏာ​အားလုံး​ကို ငါ့​ထံ အပ်နှင်းတော်မူပြီ။


ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယားပြည်​တစ်လျှောက်လုံး​သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့​သည် ဖျားနာသူများ၊ ရောဂါ​ဝေဒနာ​အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ​နှင့် လေဖြတ်နေသူများ​ကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်​သည် ထို​သူတို့​အားလုံး​၏ ရောဂါများ​ကို ပျောက်ကင်းစေတော်မူ၏။


လူသား​သည် ဤ​လောက​တွင် အပြစ်​လွှတ်ပိုင်သော​အခွင့်အာဏာ​ရှိကြောင်း သင်တို့​ကို ငါ​သက်သေပြမည်” ဟု ဆို​ကာ လေဖြတ်သူ​အား “ထလော့။ သင့်​ထမ်းစင်​ကို ယူ​၍ အိမ်​သို့ ပြန်လော့” ဟု မိန့်တော်မူ၏။


ယေရှု​သည် လက်​ကို ဆန့်​၍ ထို​သူ​ကို တို့​ပြီးလျှင် “ငါ​အလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထို​ခဏ​အတွင်း​၌ ထို​သူ​၏​ရောဂါ​သည်လည်း ပျောက်ကင်းလေ၏။


ထိုအခါ လူ​တချို့​သည် လေဖြတ်သူ​တစ်ဦး​ကို ထမ်းစင်​ဖြင့် ထမ်း​၍ ခေါ်ဆောင်လာကြ၏။ သူတို့​သည် ထို​သူ​ကို အထဲ​သို့ သယ်ဆောင်​၍ ကိုယ်တော့်​ရှေ့​၌ ချထား​ရန် ကြိုးစားကြ၏။


‘သင်​၏​အပြစ်များ​ကို ခွင့်လွှတ်ပြီ’ ဟု ပြော​ရန် ပို​၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ​၍ လမ်းလျှောက်လော့’ ဟု ပြော​ရန် ပို​၍ လွယ်ကူသလော။


ထို့နောက် ယေရှု​က အနီး​သို့ ချဉ်းကပ်​၍ အလောင်းစင်​ကို​တို့တော်မူ​လျှင် အလောင်း​ထမ်းသူများ​သည်​ရပ်​လျက်​နေကြ၏။ ယေရှု​ကလည်း “အို လူငယ်… သင့်​အား ငါ​အမိန့်​ပေးသည်။ ထလော့” ဟု မိန့်တော်မူ၏။


သို့သော် ကိုယ်တော်​သည် ထို​မိန်းကလေး​၏​လက်​ကို ကိုင်​လျက် “သမီး… ထလော့” ဟု ခေါ်တော်မူ၏။


ထိုသို့ မြွက်ဆိုတော်မူပြီး​မှ “လာဇရု ထွက်ခဲ့လော့” ဟု ကျယ်လောင်​စွာ ဟစ်ခေါ်တော်မူ၏။


သားတော်​သည် ကိုယ်တော်​ပေးအပ်တော်မူ​သမျှသော​သူတို့​အား ထာဝရ​အသက်​ကို ပေး​နိုင်ရန် ကိုယ်တော်​သည် သားတော်​အား လူသား​အားလုံး​အပေါ် အုပ်စိုးရသော​အခွင့်အာဏာ​ကို ပေးအပ်ထားတော်မူပြီ။


ကောင်းကင်ဘုံ​မှ ဆင်းသက်လာသော လူသား​မှလွဲ၍ မည်သူ​မျှ ကောင်းကင်ဘုံ​သို့ မရောက်ဖူး။


ထို့ပြင် သားတော်​သည် လူသား​ဖြစ်သောကြောင့် ခမည်းတော်​သည် တရားစီရင်ပိုင်ခွင့်​ကိုလည်း သားတော်​အား ပေးအပ်တော်မူ၏။


“ထ​၍ မတ်တတ်ရပ်လော့” ဟု ကျယ်လောင်သော​အသံ​ဖြင့် ပြောလေ၏။ ထိုအခါ သူ​သည် ထခုန်​၍ လမ်းလျှောက်လေ၏။


အစ္စရေးလူမျိုးများ​အား နောင်တရ​၍ အပြစ်တရား​မှ​လွှတ်​စေရန် ဘုရားသခင်​သည် ထို​အရှင်​အား ခေါင်းဆောင်​နှင့် ကယ်တင်ရှင်​အဖြစ် မိမိ​၏​လက်ယာတော်ဘက်​၌ ချီးမြောက်တော်မူပြီ။


ပေတရု​က ထို​သူ​အား “အဲနေ၊ ယေရှု​ခရစ်တော်​သည် သင့်​ကို ကျန်းမာစေပြီ။ ထ​၍ အိပ်ရာ​သိမ်းလော့” ဟု ဆိုသော် သူ​သည်​ချက်ချင်း​ထလေ၏။


ပေတရု​သည် ထို​သူ​အားလုံးတို့​ကို အပြင်​သို့​ထွက်စေပြီး ဒူးထောက်​လျက် ဆုတောင်းလေ၏။ အလောင်း​ရှိရာ​သို့ လှည့်​၍ “တဗိသ… ထလော့” ဟု ဆို၏။ တဗိသ​သည်လည်း မျက်စိ​ကို​ဖွင့်​ရာ ပေတရု​ကို​တွေ့မြင်​သဖြင့် ထ​ထိုင်လေ၏။


ဤ​ရွှေ​ဆီမီးတိုင်များ​အလယ်​တွင် လူသား​နှင့်​တူသော​သူ​တစ်ဦး​ကို တွေ့ရ၏။ ထို​သူ​သည် ခြေဖျား​ထိ​ရှည်သော​ဝတ်ရုံ​ရှည်​ကို ဝတ်ဆင်ထား​ပြီး ရင်ဘတ်​တွင်လည်း ရွှေ​ရင်စည်း​ကို စည်းထား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ