မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားကြရပြီ။
မဿဲ 4:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။ Common Language Bible ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။- Garrad Bible ကိုယ် တော် သည် ဓ မ္မာ ရုံ များ၌ ဒေ သ နာ ပေး လျက် ပြည် သူ ပြည် သား တို့ အ လယ် တွင် နိုင် ငံ တော် ဆိုင် ရာ သတင်း တော် မြတ် ကို ကြား ပြော လျက် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ လျက် ဂါ လိ လဲ နယ် တစ် ဝှမ်း လုံး ကို လှည့် လည် တော် မူ၏။ Judson Bible ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။ မြန်မာ ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။ |
မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားကြရပြီ။
လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
ထို့နောက် မိမိနေရပ်မြို့ဖြစ်သည့် နာဇရက်မြို့သို့ရောက်သော် ဂျူးဝတ်ပြုဆောင်တွင် ဟောပြောတော်မူ၏။ ထို့ကြောင့် မြို့သူမြို့သားတို့က အံ့အားသင့်လျက် “သူသည် ဤပညာနှင့် အံ့ဖွယ်တန်ခိုးတို့ကို အဘယ်ကရသနည်း။
ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သနားစိတ်ရှိတော်မူသဖြင့် ဖျားနာသူများကို ကျန်းမာစေတော်မူ၏။
နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
ထို့နောက် ယေရှုသည် ထိုဒေသ၏ ရှိသမျှမြို့ရွာများသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ယောဟန်ထောင်ချခံရပြီးနောက် ယေရှုသည် ဂါလိလဲပြည်သို့ ကြွ၍ ဘုရားသခင်ထံတော်မှ သတင်းကောင်းကို ဟောပြောတော်မူ၏။
ယေရှုနှင့် တပည့်တော်တို့သည် ကပေရနောင်မြို့သို့ သွားကြ၏။ ဥပုသ်နေ့ရောက်သောအခါ ကိုယ်တော်သည် ဂျူးဝတ်ပြုဆောင်သို့ ဝင်၍ သွန်သင်တော်မူ၏။
ဤသို့ဖြင့် ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူများစွာကို ကျန်းမာစေတော်မူသဖြင့် ရောဂါဝေဒနာရှင်များက ယေရှုကို တို့ထိရန် တိုးဝှေ့ကြသောကြောင့်ဖြစ်၏။
ဥပုသ်နေ့ရောက်သော် ကိုယ်တော်သည် ဂျူးဝတ်ပြုဆောင်၌ သွန်သင်တော်မူ၏။ ကြားနာသောသူများစွာတို့သည် အံ့အားသင့်ကြ၏။ ထိုသူတို့က “သူသည် ဤအရာများကို အဘယ်ကရသနည်း။ သူရရှိသောပညာသည် မည်သည့်ပညာဖြစ်သနည်း။ သူပြသသောအံ့ဖွယ်အမှုများကို မည်သည့်တန်ခိုးဖြင့် ပြုသနည်း။
ကိုယ်တော်သည် သူတို့၏ မယုံကြည်နိုင်ခြင်းအပေါ် အံ့အားသင့်တော်မူ၏။ ထို့နောက် ယေရှုသည် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ လှည့်လည်၍ ဟောပြောသွန်သင်တော်မူ၏။
ဖျားနာသောသူများအား ကုသပေး၍ ‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လာချိန်နီးပြီ’ ဟု ဟောပြောကြလော့။
မောရှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို နှစ်ခြင်းဆရာယောဟန် မပေါ်မီတိုင်အောင် သွန်သင်လျက်ရှိ၏။ သို့သော် ယောဟန်အချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကို ဟောပြောကြ၏။ လူတို့သည်လည်း ထိုနိုင်ငံတော်သို့ အတင်းတိုးဝင်ကြ၏။
တစ်နေ့သောအခါ ယေရှုသည် ဗိမာန်တော်၌ လူများအား သွန်သင်၍ သတင်းကောင်းကို ဟောပြောလျက်နေတော်မူ၏။ ထိုစဉ် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများသည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍
ထို့နောက် ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက်ဂါလိလဲပြည်သို့ ပြန်ကြွတော်မူ၏။ ယေရှု၏သတင်းတော်သည်လည်း ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွား၏။
တစ်နေ့၌ ယေရှုသည်ဟောပြောသွန်သင်လျက်ရှိနေစဉ် ဂါလိလဲပြည်နှင့် ယုဒပြည်ရှိ ကျေးရွာအသီးသီးမှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသောဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများတို့သည် ထိုင်နေကြ၏။ အနာရောဂါပျောက်ကင်းစေနိုင်သော ဘုရားသခင်၏တန်ခိုးသည်လည်း ယေရှု၌ ရှိနေ၏။
ထို့နောက် ယေရှုသည် သူတို့နှင့်အတူ တောင်ပေါ်မှဆင်း၍ မြေပြန့်နေရာသို့ ရောက်သောအခါ ရပ်တော်မူ၏။ ထိုနေရာတွင် တပည့်တော်စုကြီးအပါအဝင် ယုဒပြည်နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့မှလည်းကောင်း ရောက်လာကြသော လူအမြောက်အမြားရှိ၏။
အခြားသောဥပုသ်နေ့တစ်နေ့တွင် ယေရှုသည် ဂျူးဝတ်ပြုဆောင်သို့ဝင်၍ သွန်သင်တော်မူ၏။ ထိုနေရာ၌ လက်ယာလက်သေသောသူတစ်ဦး ရှိ၏။
ထိုအချိန်တွင် ယေရှုသည် အနာရောဂါဝေဒနာသည်များနှင့် နတ်ဆိုးပူးသူများအား ကျန်းမာစေလျက် မျက်မမြင်များကိုလည်း ပြန်မြင်စေတော်မူ၏။
ယေရှုက ထိုသူတို့အား “သင်တို့ကြားရ၊ မြင်ရသမျှတို့ကို ပြန်သွား၍ ယောဟန်အား ပြောကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားရကြပြီ။
ထို့နောက် ယေရှုသည် မြို့ရွာအသီးသီးသို့ ကြွတော်မူ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ တပည့်တော်ဆယ့်နှစ်ပါးတို့သည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။
ကိုယ်တော်ကြွတော်မူကြောင်းကို လူထုပရိသတ်တို့သည် ကြားသိသဖြင့် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အား ကြိုဆို၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်တော်မူ၏။ ဖျားနာသောသူများကိုလည်း ကျန်းမာစေတော်မူ၏။
ယေရှုက ထိုသူအား “ဝိညာဉ်ရေးရာ၌ သေဆုံးနေသောသူတို့သာ မိမိတို့၏လူသေကို သင်္ဂြိုဟ်ပါစေ။ သင်သည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောလော့” ဟု မိန့်တော်မူ၏။
ယေရှုက “ငါသည် ဤလောကတွင် လူသိရှင်ကြားဟောပြောခဲ့ပြီ။ လူအပေါင်းတို့သည် ငါသွန်သင်သမျှကို သိကြ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာဖြစ်သော ဝတ်ပြုဆောင်များနှင့် ဗိမာန်တော်၌ အစဉ်အမြဲဟောပြောသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပါ။
ယေရှုသည် ကပေရနောင်မြို့ ဂျူးဝတ်ပြုဆောင်၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ဂျူးခေါင်းဆောင်တို့သည် ကိုယ်တော်ကို သတ်ရန် ရှာကြံလျက်ရှိသောကြောင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ရန် အလိုရှိတော်မမူပေ။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။
ပေါလုသည် ဥပုသ်နေ့တိုင်း ဂျူးဝတ်ပြုဆောင်၌ တရားဆွေးနွေး၍ ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများ ယုံကြည်လာရန် စည်းရုံးလျက်နေ၏။
ယခုမှာ ကျွန်ုပ်ဟောပြောသည့် နိုင်ငံတော်အကြောင်းကို ကြားခဲ့ရသော သင်တို့ရှိသမျှသည် နောက်တစ်ဖန် ကျွန်ုပ်မျက်နှာကို မြင်ကြရမည်မဟုတ်ကြောင်းကို ကျွန်ုပ်သိ၏။
ပေါလုသည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းနှင့် သခင်ယေရှုခရစ်တော်အကြောင်းကို အတားအဆီးမရှိဘဲ ရဲရင့်စွာဟောပြောသွန်သင်လျက် နေလေ၏။ ရှင်လုကာရေးသားထားသော တမန်တော်ဝတ္ထု ပြီးပါပြီ။
ဟောပြောရန် စေလွှတ်ခြင်း မခံရလျှင် မည်သို့ ဟောပြောနိုင်မည်နည်း။ ကျမ်းစာ၌ “သတင်းကောင်းကို ယူဆောင်လာသောသူတို့၏ ခြေတို့သည် အလွန်တင့်တယ်ပေ၏” ဟု ရေးသားထား၏။