Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 16:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 မောရှေ​၏​ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းများ​ကို နှစ်ခြင်းဆရာ​ယောဟန် မပေါ်မီ​တိုင်အောင် သွန်သင်​လျက်​ရှိ၏။ သို့သော် ယောဟန်​အချိန်​မှ​စ၍ ဘုရားသခင်​၏​နိုင်ငံတော်​နှင့်​ဆိုင်သော​သတင်းကောင်း​ကို ဟောပြောကြ၏။ လူတို့​သည်လည်း ထို​နိုင်ငံတော်​သို့ အတင်း​တိုးဝင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ``ယော​ဟန်​မ​ပေါ်​မီ​ကာ​လ​က​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​အာ​ဏာ​တည်​လျက်​ရှိ ၏။ ယော​ဟန်​ပေါ်​ပြီး​ချိန်​မှ​စ​၍​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​ခဲ့​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း နိုင်​ငံ​တော်​သို့​အ​နိုင်​အ​ထက်​ဝင်​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ပ ည တ္တိ ကျမ်း နှင့် ပ ရော ဖက် ကျမ်း များ သည် ယော ဟန့် လက် ထက် တိုင် ရှိ လျက် ထို ကာ လ က စ၍ ဘု ရား သ ခင့် နိုင် ငံ တော် ဆိုင် ရာ သ တင်း တော် မြတ် ကို ကြား ပြော သော် လူ တိုင်း ပင် အ နိုင့် အ ထက် ဝင် သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ယော​ဟန်​မ​ရောက်​မီ​တိုင်​အောင် ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​ရှိ၏။ ယော​ဟန်​လက်​ထက်​မှ​စ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်​ရှိ၏။ လူ​များ​တို့​သည်​လည်း နိုင်​ငံ​တော်​ကို အ​နိုင်​အ​ထက်​ဝင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​သည် ယောဟန်​လက်ထက်​တိုင်အောင်​ဖြစ်​၏။ ထို​အချိန်​မှစ၍ ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​၏။ လူ​အပေါင်း​တို့​သည်​လည်း ထို​နိုင်ငံ​တော်​ထဲသို့ အတင်း​တိုးဝင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

16 ယော​ဟန်​မ​ရောက်​မီ​တိုင်​အောင် ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​ရှိ၏။ ယော​ဟန်​လက်​ထက်​မှ​စ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်​ရှိ၏။ လူ​များ​တို့​သည်​လည်း နိုင်​ငံ​တော်​ကို အ​နိုင်​အ​ထက်​ဝင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 16:16
21 ပူးပေါင်းရင်းမြစ်များ  

သူတို့​ထံသို့ သွား​၍ ‘ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ’ ဟု ဟောပြောကြလော့။


ခံတွင်း​သို့ ဝင်သော​အရာ​သည် လူ​ကို ညစ်ညမ်းစေသည်​မဟုတ်ပါ။ သို့သော် ခံတွင်း​မှ ထွက်လာသော​အရာ​သည်သာ လူ​ကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။


နှစ်ခြင်းဆရာ​ယောဟန်​သည် လာ​၍ မှန်ကန်​စွာ အသက်ရှင်​ရန် သင်တို့​အား လမ်းပြခဲ့၏။ သို့သော် သင်တို့​သည် သူ့​ကို မယုံကြ။ အခွန်ကောက်သူများ​နှင့် ပြည့်တန်ဆာများ​ကမူ ယုံကြည်ကြ၏။ သင်တို့​သည် ထို​အရာ​ကို မြင်​လျက်နှင့်ပင် နောင်တရ​၍ သူ့​ကို ယုံကြည်လာခြင်း​မရှိကြ။


“ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် သင်တို့​၏​အပြစ်များ​အတွက် နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။


ထို​အချိန်​မှ​စ​၍ ယေရှု​က “ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် နောင်တရကြလော့” ဟု စတင်​ဟောပြောတော်မူ၏။


ကိုယ်တော်​သည် ဂါလိလဲပြည်​တစ်ခွင်လုံး​သို့ လှည့်လည်​၍ ဂျူးဝတ်ပြုဆောင်များ​တွင် သွန်သင်​လျက် ကောင်းကင်​နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့​၏ အနာရောဂါ​အမျိုးမျိုး​နှင့် ဖျားနာခြင်း​အမျိုးမျိုးတို့​ကိုလည်း ပျောက်ကင်းစေတော်မူ၏။


ယောဟန်​ထောင်ချ​ခံရ​ပြီးနောက် ယေရှု​သည် ဂါလိလဲပြည်​သို့ ကြွ​၍ ဘုရားသခင်​ထံတော်​မှ သတင်းကောင်း​ကို ဟောပြောတော်မူ၏။


သို့သော်လည်း ထို​သူ​သည် သွား​၍ ထို​သတင်း​ကို နေရာအနှံ့​ပြော​လျက် ပျံ့နှံ့စေ၏။ ထို့ကြောင့် ယေရှု​သည် မြို့​ထဲသို့ ထင်ရှား​စွာ မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းဝေးသော​အရပ်တို့​တွင်သာ နေတော်မူ၏။ ထိုအခါ နေရာ​အသီးသီး​မှ လူတို့​သည် ကိုယ်တော်​ထံသို့ ရောက်လာကြ၏။


‘ငါတို့​၏​ခြေ​၌ ကပ်​လျက်​ရှိသော သင်တို့​မြို့​၏​ဖုန်မှုန့်​ကို​ပင် ငါတို့​ခါချပြီ။ သို့သော် ဘုရားသခင်​၏​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဟု သိမှတ်ကြလော့’ ဟု ဟောပြောကြလော့။


ဖျားနာသောသူများ​အား ကုသပေး​၍ ‘ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​ထံသို့ ရောက်လာချိန်​နီးပြီ’ ဟု ဟောပြောကြလော့။


သို့သော် အာဗြဟံ​က ‘သူတို့​အား​သတိပေး​ရန် မောရှေ​နှင့် ပရောဖက်တို့​၏​ကျမ်းများ​ရှိ၏။ ထို​ကျမ်းများ​၏​သွန်သင်ချက်တို့​ကို နာယူကြပါစေ’ ဟု ပြောလေ၏။


ထိုအခါ အာဗြဟံ​က ‘မောရှေ​နှင့် ပရောဖက်တို့​၏​စကား​ကို​နားမထောင်ကြ​လျှင် သေရာ​မှ ပြန်ရှင်လာသော​သူ​ကိုလည်း ယုံကြည်ကြ​လိမ့်မည်​မဟုတ်ပါ’ ဟူ၍ ဆိုလေသည်” ဟု​မိန့်တော်မူ၏။


ထို့နောက် ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြော​စေရန်​နှင့် ဖျားနာသောသူများ​အား ကျန်းမာ​စေရန် တပည့်တော်တို့​ကို စေလွှတ်တော်မူ၏။


ဖိလိပ္ပု​သည် နာသနေလ​ကို တွေ့​လျှင် “မောရှေ​၏ ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းများ​၌ ရေးသား​ဖော်ပြထားသော​သူ​ကို ငါတို့​တွေ့ပြီ။ ထို​သူ​သည် ယောသပ်​၏​သား၊ နာဇရက်မြို့​တွင် နေထိုင်သော​ယေရှု​ဖြစ်၏” ဟု ပြော၏။


ဤသို့ ခွင့်ပြုထား​လျှင် လူအပေါင်းတို့​သည် သူ့​ကို ယုံကြည်လာကြ​လိမ့်မည်။ ထိုအခါ ရောမတပ်​သည် လာ​၍ ငါတို့​၏​ဗိမာန်တော်​နှင့် ငါတို့​တစ်မျိုးသားလုံး​ကို ဖျက်ဆီးပစ်ကြ​လိမ့်မည်” ဟု ပြောဆိုကြ၏။


ထိုအခါ ဖာရိရှဲတို့​က “ငါတို့ မည်သို့မျှ​မတတ်နိုင်တော့ပါ။ တစ်လောကလုံး​သည် သူ့​နောက်သို့ လိုက်သွားကြပြီ” ဟု အချင်းချင်း​ပြောဆိုကြ၏။


ထိုသို့ စောင့်နေရခြင်း​မှာ ဘုရားသခင်​၏ ကောင်းကင်တမန်​တစ်ပါး​သည် အချိန်တန်​လျှင် ရေကန်​သို့​ဆင်း​၍ ရေ​ကို လှုပ်ရှားစေတတ်​သောကြောင့်​ဖြစ်၏။ ရေ​လှုပ်ရှား​ပြီးနောက် ရေ​ထဲသို့ အဦးဆုံး​ဆင်းနိုင်သူ​သည် မိမိ​ခံစားရ​သမျှသော ရောဂါများ​မှ ကင်းလွတ်တတ်၏။)


သို့ရာတွင် ခရစ်တော်​သည် ဆင်းရဲဒုက္ခခံစားရမည်​ဟု ပရောဖက်​အပေါင်းတို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​ကြိုတင်​မှာကြားခဲ့သော​အမှုများ​ကို ဤ​သို့​ဖြစ်လာ​စေတော်မူခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ