သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
တမန်တော်ဝတ္ထု 22:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူက ‘ငါတို့ဘိုးဘေးတို့၏ဘုရားသခင်သည် မိမိအလိုတော်ကို သိမြင်စေရန်၊ ဖြောင့်မတ်သောအရှင်ကိုဖူးမြင်ခွင့် ရစေရန်နှင့် ထိုအရှင်မိန့်တော်မူသောအသံကို ကြားစေရန် သင့်ကိုခန့်အပ်ထား၏။ Common Language Bible အာနနိက `သင်သည်ငါတို့ဘိုးဘေးများ ကိုးကွယ်သည့်ဘုရားသခင်၏အလိုတော် ကိုသိရစေရန်လည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ်သောအစေခံအားဖူးမြင်ရစေ ရန်လည်းကောင်း၊ ထိုအရှင်၏နှုတ်တော်မှ အသံတော်ကိုကြားရစေရန်လည်းကောင်း ကိုယ်တော်သည်သင့်အားရွေးချယ်တော်မူ လေပြီ။- Garrad Bible သူ က လည်း ငါ တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင် သည် အ လို တော် ကို သိ ရ စေ ရန် လည်း ကောင်း၊ ဖြောင့် မတ် သော အ ရှင် ကို ဖူး မြင်၍ နှုတ် တော် ထွက် ဗျာ ဒိတ် တော် ကို ကြား နာ ရ စေ ရန် လည်း ကောင်း ခန့် ထား တော် မူ ပြီး သည့် အ လျောက်၊ Judson Bible သူကလည်း၊ သင်သည်မြင်လေသမျှ၊ ကြားလေသမျှတို့ကို လူအပေါင်းတို့အားပြော၍ သခင်ဘုရား၏ သက်သေခံဖြစ်ရမည် အကြောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူက ‘ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိအလိုတော်ကို သိစေရန်လည်းကောင်း၊ ဖြောင့်မတ်သောအရှင်ကို ဖူးမြင်စေရန်လည်းကောင်း၊ ထိုအရှင်၏နှုတ်မှအသံတော်ကို ကြားစေရန်လည်းကောင်း သင့်ကို ကြိုတင်ခန့်ထားတော်မူပြီ။ |
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
ဤအစ္စရေးလူမျိုး၏ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘိုးဘေးများကို ရွေးချယ်၍ အီဂျစ်ပြည်၌ ဧည့်သည်အဖြစ် ရှိနေစဉ်အတွင်း ချီးမြှောက်ကာ လူဦးရေတိုးပွားစေတော်မူ၏။ အားကြီးသောလက်တော်ဖြင့်လည်း ထိုတိုင်းပြည်မှ ခေါ်ထုတ်တော်မူ၏။
သင်သည် မိမိမြင်ရ၊ ကြားရသမျှအတွက် လူအများရှေ့တွင် ထိုအရှင်၏သက်သေဖြစ်ရလိမ့်မည်။
သို့ရာတွင် မှားယွင်းသော ဂိုဏ်းခွဲဟု သူတို့ခေါ်တတ်သော ခရစ်တော်၏တရားလမ်းအတိုင်း အကျွန်ုပ်သည် ဘိုးဘေးတို့၏ဘုရားသခင်အား ကိုးကွယ်ကြောင်းကို အရှင့်ထံ၌ ဝန်ခံပါ၏။ အကျွန်ုပ်သည် ပညတ်တရား၌ ဖော်ပြထားသောအကြောင်းအရာများနှင့် ပရောဖက်ကျမ်းများ၌ ပါရှိသမျှတို့ကို ယုံကြည်ပါ၏။
သင်သည်ထ၍ မတ်တတ်ရပ်လော့။ ငါသည် သင့်ရှေ့၌ပေါ်လာရသည်မှာ သင့်ကို ငါ၏အမှုဆောင်အဖြစ်ခန့်ထားရန် ဖြစ်၏။ ထို့အတူ သင်မြင်ခဲ့ရသည့်အရာနှင့် သင့်အားငါဖော်ပြမည့်အကြောင်းအရာတို့ကို သူတစ်ပါးတို့အား သက်သေခံရမည်။
သင်တို့သစ်တိုင်ပေါ်မှာ ချိတ်ဆွဲ၍ သေဒဏ်ပေးသည့်ယေရှုကို ကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူပြီ။
သင်တို့ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်ဟူ၍ ရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင် ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကို သတ်ဖြတ်ကြ၏။ ယခု သင်တို့သည် ထိုအရှင်ကို သစ္စာဖောက်၍ သတ်ကြပြီ။
သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ ဝင်လေ၏။ သူ၏လက်ကို ရှောလုပေါ်သို့ တင်လျက် “ငါ့ညီရှောလု… သင်လာသောလမ်းတွင် သင့်အားကိုယ်ထင်ပြသော သခင်ယေရှုက သင့်မျက်စိပြန်မြင်စေရန်နှင့် သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝစေရန် ငါ့ကိုစေလွှတ်လိုက်ပါ၏” ဟု ပြော၏။
တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရ၍ ဘုရားသခင်၏ သတင်းကောင်းကို ဟောပြောရန်အတွက် သီးသန့်ခန့်ထားတော်မူခြင်းခံရပြီး ယေရှုခရစ်တော်၏ အစေအပါးဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ကျွန်ုပ်သည် သခင်ဘုရားထံတော်မှ ခံယူရရှိသောအရာကို သင်တို့အား လက်ဆင့်ကမ်း၏။ ထိုအရာမှာ သခင်ယေရှုသည် သစ္စာဖောက်ခံရသောညတွင် မုန့်ကို ယူ၍
ကျွန်ုပ်ကိုယ်တိုင် ခံယူရရှိခဲ့သည့် အရေးကြီးဆုံးသောအရာကို သင်တို့အား ကျွန်ုပ်လက်ဆင့်ကမ်းခဲ့၏။ ထိုအရာမှာ ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံတော်မူသည့်အကြောင်း၊
နောက်ဆုံးတွင် အချိန်မတန်ဘဲ မွေးလာသောသူကဲ့သို့ဖြစ်သည့် ကျွန်ုပ်အားလည်း ကိုယ်ထင်ပြတော်မူ၏။
ကျွန်ုပ်သည် လွတ်လပ်သူဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့၏သခင် ယေရှုကို မြင်ခဲ့ဖူးသူဖြစ်သည် မဟုတ်လော။ သင်တို့သည် သခင်ဘုရားအားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသောအမှုတော်မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
ထိုသတင်းကောင်းကို မည်သူတစ်ဦးတစ်ယောက်ထံကမျှ ကျွန်ုပ်လက်ခံရရှိသည်မဟုတ်။ သင်ယူခဲ့ရသည်လည်း မဟုတ်။ ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖွင့်ပြခြင်းမှ ရရှိခဲ့ခြင်းဖြစ်၏။
သို့သော် မိခင်ဗိုက်ထဲ၌ ရှိစဉ်ကပင် ဘုရားသခင်သည် ကျွန်ုပ်ကို ကျေးဇူးတော်အားဖြင့် ရွေးချယ်တော်မူ၍ အစေခံရန် ခေါ်တော်မူ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရသူ၊ ယေရှုခရစ်တော်ကို ယုံကြည်လျှင် ရရှိမည်ဟု ဘုရားသခင် ကတိပေးတော်မူသည့်ထာဝရအသက်အကြောင်းကို ဟောပြောရန် စေလွှတ်ခံရသူ ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ဘုရားသခင်၏ အစေအပါးနှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်၏။ ဘုရားသခင်သည် မိမိရွေးကောက်သောသူတို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်နှင့် သမ္မာတရားကို ထိုသူတို့သိရှိနားလည်နိုင်စေရန် ကျွန်ုပ်ကို စေလွှတ်တော်မူ၏။ ဤနည်းဖြင့် သူတို့သည် ဘုရားတရားကိုင်းရှိုင်းသောဘဝဖြင့် နေထိုင်နိုင်ကြမည်။
ကျွန်ုပ်၏သားသမီးတို့… သင်တို့ အပြစ်မကျူးလွန်စေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်အပြစ်ကျူးလွန်လျှင် ခမည်းတော်ထံတွင် ကျွန်ုပ်တို့အတွက် ကူညီမစမည့်သူဖြစ်သည့် ဖြောင့်မတ်သောအရှင် ယေရှုခရစ်တော်ရှိ၏။