Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ကျွန်ုပ်​ကိုယ်တိုင် ခံယူ​ရရှိခဲ့သည့် အရေးကြီးဆုံးသော​အရာ​ကို သင်တို့​အား ကျွန်ုပ်​လက်ဆင့်ကမ်းခဲ့၏။ ထို​အရာ​မှာ ကျမ်းစာ​၌ ဖော်ပြထားသည့်​အတိုင်း ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အပြစ်များ​အတွက် အသေခံတော်မူသည့်​အကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ငါ​သည်​မိ​မိ​ခံ​ယူ​ရ​ရှိ​၍​သင်​တို့​အား​ပေး အပ်​သည့်​အ​ရေး​ကြီး​လှ​သော​အ​ကြောင်း အ​ရာ​များ​မှာ ကျမ်း​စာ​လာ​သည့်​အ​တိုင်း ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ​ခံ တော်​မူ​ကြောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဦး စွာ ငါ နာ ခံ ရ သည့် အ တိုင်း သင် ကြား ခဲ့ သည် မှာ ခ ရစ် တော် သည် ကျမ်း ဂန် အ ရ ငါ တို့ အ ပြစ် တွက် အ သေ ခံ တော် မူ ကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ငါ​သည် ကိုယ်​တိုင်​ခံ​ယူ​သည်​အ​တိုင်း၊ သင်​တို့​အား ရှေ့​ဦး​စွာ အပ်​ပေး​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ခ​ရစ်​တော်​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း ငါ​တို့​အ​ပြစ်​ကြောင့် အ​သေ​ခံ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အကြောင်းမူကား ငါ​ကိုယ်တိုင်​ခံယူ​ရရှိ​သည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​ခဲ့​၏။ ၎င်း​မှာ ကျမ်းစာ​နှင့်အညီ ခရစ်တော်​သည် ငါ​တို့​၏​အပြစ်​များ​အတွက် အသေခံ​တော်မူ​ခဲ့​ကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:3
38 ပူးပေါင်းရင်းမြစ်များ  

ကျမ်းစာ​၌ ရေးထားသည့်​အတိုင်း လူသား​သည် အသေခံရမည်။ သို့ရာတွင် လူသား​ကို သစ္စာဖောက်သော​သူ​သည် အမင်္ဂလာ​ရှိ၏။ ထို​သူ​သည် မွေးဖွား​မလာခဲ့​လျှင် ပို၍​ကောင်းသည်” ဟု မိန့်တော်မူ၏။


ဤ​စပျစ်ရည်​သည် လူများစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန်​အတွက် သွန်းလောင်းသော ငါ​၏​သွေး​ကို ပုံဆောင်၏။ ငါ​၏​သွေး​သည် ဘုရားသခင်​နှင့် လူများ​အကြား​ဖွဲ့သော ပဋိညာဉ်​သစ်​ကို သက်သေပြု၏။


ထိုအခါ ယေရှု​က “အို မိုက်မဲ​၍ ပရောဖက်များ​ဟောပြောခဲ့​သမျှ​ကို ယုံကြည်​ရန် နှေးကွေးသော​စိတ်နှလုံး​ရှိသည့်​သူတို့…


နောက်​တစ်နေ့​တွင် မိမိ​ထံသို့ ယေရှု​ကြွလာသည်​ကို မြင်​သောအခါ ယောဟန်​က “ဤ​ကမ္ဘာလောက​၏ အပြစ်​ကို ချေဖျက်သော ဘုရားသခင်​၏ သိုးသငယ်တော်​ကို ကြည့်လော့။


ပေါလု​သည် မိမိ​ပြုလေ့ရှိသည့်​အတိုင်း ဝတ်ပြုဆောင်​သို့​သွား​၍ ဥပုသ်နေ့​သုံးရက်​တိုင် ကျမ်းစာ​ကို​အမှီပြု​ကာ ထို​သူတို့​နှင့်အတူ ဆွေးနွေးပြောဆို၏။


သို့ရာတွင် ခရစ်တော်​သည် ဆင်းရဲဒုက္ခခံစားရမည်​ဟု ပရောဖက်​အပေါင်းတို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​ကြိုတင်​မှာကြားခဲ့သော​အမှုများ​ကို ဤ​သို့​ဖြစ်လာ​စေတော်မူခဲ့၏။


ထို​သူ ဖတ်နေသော​ကျမ်းစာပိုဒ်​မှာ “သတ်​ရန် ခေါ်ယူသွားသည့် သိုး​ကဲ့သို့ သူ​သည် ခေါ်ဆောင်သွားခြင်း​ခံရ၏။ သိုးသငယ်​သည် သိုးမွေးညှပ်သူ​ရှေ့တွင် တိတ်ဆိတ်​စွာ နေ​သကဲ့သို့ သူ​သည် မိမိ​နှုတ်​ကို မဖွင့်ဘဲ​နေ၏။


ဘုရားသခင်​သည် ယေရှု​ခရစ်တော်​အား အပြစ်ဖြေရာ​ယဇ်​အဖြစ် သတ်မှတ်တော်မူ၏။ ယေရှု​အသွေးသွန်း​၍ အသေခံတော်မူခြင်း​ကို ယုံကြည်သော​သူတို့​သည် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရကြ၏။ ဘုရားသခင်​သည် ခရစ်တော်​ကို ယဇ်​အဖြစ် သတ်မှတ်တော်မူရခြင်း​မှာ မိမိ​၏​ဖြောင့်မတ်ခြင်း​ကို ပြသ​ရန်​ဖြစ်၏။ ထိုသို့ ဘုရားသခင်​သည် သည်းခံတော်မူ​၍ လူတို့​ကျူးလွန်ခဲ့သော​အပြစ်များ​ကို ပြစ်ဒဏ်​မပေးဘဲ​နေတော်မူ၏။


ထို​အရှင်​သည် ကျွန်ုပ်တို့​၏ အပြစ်များ​ကြောင့် အသေခံ​ရန် အပ်နှံခြင်း​ကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​စေရန်​လည်း ရှင်ပြန်​ထမြောက်တော်မူခဲ့၏။


သင်တို့​သည် ကျွန်ုပ်​ကို အစဉ်​သတိရ​၍ ကျွန်ုပ်​လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များ​ကို လိုက်နာကြ​သောကြောင့် သင်တို့​ကို ကျွန်ုပ်​ချီးမွမ်း၏။


ကျွန်ုပ်​သည် သခင်ဘုရား​ထံတော်မှ ခံယူရရှိသော​အရာ​ကို သင်တို့​အား လက်ဆင့်ကမ်း၏။ ထို​အရာ​မှာ သခင်​ယေရှု​သည် သစ္စာဖောက်ခံရသော​ည​တွင် မုန့်​ကို ယူ​၍


ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။


ထို​သတင်းကောင်း​ကို မည်သူ​တစ်ဦးတစ်ယောက်​ထံက​မျှ ကျွန်ုပ်​လက်ခံရရှိသည်​မဟုတ်။ သင်ယူခဲ့ရသည်​လည်း မဟုတ်။ ယေရှု​ခရစ်တော်​၏ ဗျာဒိတ်တော်​ဖွင့်ပြခြင်း​မှ ရရှိခဲ့ခြင်း​ဖြစ်၏။


ခရစ်တော်​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင်​၏ အလိုတော်​အတိုင်း ဤ​ဆိုးညစ်သော​ကာလ​ထဲမှ ကျွန်ုပ်တို့​ကို ကယ်နုတ်​ရန် ကျွန်ုပ်တို့​၏ အပြစ်များ​အတွက် အသက်​ပေးတော်မူ၏။


“သစ်တိုင်​ပေါ်တွင် ဆွဲထားခြင်း​ခံရသောသူ​တိုင်း ကျိန်စာသင့်သူ​ဖြစ်၏” ဟု ကျမ်းစာ​၌ ရေးသားထားသည့်​အတိုင်း ခရစ်တော်​သည် ကျွန်ုပ်တို့​ကိုယ်စား ကျိန်စာသင့်သူ​အဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့​ကို ပညတ်တရား​၏ ကျိန်စာသင့်ခြင်း​ထဲမှ လွတ်မြောက်စေတော်မူ၏။


ဘုရားသခင်​၏ ကျေးဇူးတော် ကြွယ်ဝလှ​သဖြင့် ကျွန်ုပ်တို့​သည် သားတော်​နှင့် သားတော်​၏ အသွေးတော်​အားဖြင့် ရွေးနုတ်ခံကြရ၏။ ထို​ရွေးနုတ်ခြင်း​သည် အပြစ်​ခွင့်လွှတ်ခြင်း​ပင် ဖြစ်၏။


ခရစ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူ​၍ ကျွန်ုပ်တို့​အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော​ပူဇော်စရာ​ယဇ်​အဖြစ် ဘုရားသခင်​ထံ ဆက်သတော်မူ​သကဲ့သို့ သင်တို့​သည်လည်း မေတ္တာ​ပွား​လျက် ပြုမူနေထိုင်ကြလော့။


လူတို့​ထဲမှ ဘုရားသခင်​ရွေးချယ်တော်မူသော ယဇ်ပုရောဟိတ်မင်း​ဟူသည်​မှာ ပူဇော်စရာများ​နှင့် အပြစ်ဖြေရာယဇ်​ကို လူတို့​ကိုယ်စား ဘုရားသခင်​အား ပူဇော်​ရန် ခန့်အပ်ခံရသူ​ဖြစ်၏။


ထို့ကြောင့် သူ​သည် လူတို့​အပြစ်​အတွက် သာမက မိမိ​အပြစ်​အတွက်​ပါ ယဇ်ပူဇော်ရ၏။


ထို​ပရောဖက်တို့​ထဲ၌ ရှိသော ခရစ်တော်​၏​ဝိညာဉ်​သည် ခရစ်တော်​၏ ဆင်းရဲဒုက္ခများ​အကြောင်း​ကို​လည်းကောင်း၊ ထို​ဆင်းရဲဒုက္ခ​ခံရ​ပြီးနောက် စံစားရမည့်​ဘုန်းအသရေ​အကြောင်း​ကို​လည်းကောင်း ကြိုတင်​သက်သေခံ​သောအခါ မည်သည့်​အချိန်​နှင့် မည်သည့်​အခြေအနေ​၌​ဖြစ်ပျက်မည်​ကို ရည်ညွှန်းကြောင်း ထို​ပရောဖက်တို့​က စူးစမ်းခဲ့ကြ၏။


ကျွန်ုပ်တို့​သည် အပြစ်​မကျူးလွန်တော့ဘဲ ဖြောင့်မတ်​စွာ ပြုမူနေထိုင်​နိုင်ရန် ကိုယ်တော်​သည် သစ်တိုင်​ပေါ်၌ အသေခံခြင်း​အားဖြင့် ကိုယ်ခန္ဓာတော်​၌ ကျွန်ုပ်တို့​၏​အပြစ်များ​အတွက် ပြစ်ဒဏ်​ခံတော်မူ၏။ ကိုယ်တော်​၏​ဒဏ်ရာဒဏ်ချက်များ​ကြောင့် သင်တို့​သည် အနာ​ပျောက်ကင်းကြ၏။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည်လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်​အပြီး အသေ​ခံတော်မူ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို ဘုရားသခင်​ထံ ပို့ဆောင်​ရန် ဖြောင့်မတ်သော​အရှင်​သည် မဖြောင့်မတ်သောသူတို့​ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာ​အားဖြင့် သေ​သော်လည်း ဝိညာဉ်​အားဖြင့် ပြန်ရှင်တော်မူ၏။


ကိုယ်တော်​သည် ကျွန်ုပ်တို့​၏​အပြစ်များ​အတွက်​သာမက လောကီသား​အပေါင်းတို့​၏​အပြစ်များ​အတွက်​လည်း အပြစ်ဖြေရာ​ယဇ်​ဖြစ်တော်မူ၏။


ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်​ပါစေသော။ ယေရှု​ခရစ်တော်​သည် သစ္စာရှိသော​သက်သေခံ၊ သေခြင်း​မှ အဦးဆုံး​ထမြောက်သောသူ၊ လောကီ​ဘုရင်တို့​၏​မင်း ဖြစ်တော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်​၍ အသေခံတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အပြစ်များ​မှ လွတ်မြောက်စေတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ