သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
သုတ္တံကျမ်း။ 12:11 - မြန်မာ့စံမီသမ္မာကျမ်း မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား အသိစိတ်မရှိ။ Common Language Bible မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။ Garrad Bible လယ် ယာ လုပ် သော သူ သည်၊ အ စာ နှင့် ရောင့် ရဲ ရ၏။ အ လ ဟဿ နောက် သို့ လိုက် သွား သော သူ မူ ကား ဉာဏ် နှင့် ကင်း၏။ Judson Bible မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဉာဏ်ချို့တဲ့၏။ |
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
သင်သည် မိမိလက်ဖြင့် လုပ်ဆောင်ရရှိသော အသီးအပွင့်ကို အမှန်ပင် စားရလိမ့်မည်။ သင်သည် မင်္ဂလာရှိ၍ ကောင်းကျိုးချမ်းသာကို ခံစားရလိမ့်မည်။
အကျွန်ုပ်သည် မဟုတ်မမှန်သောသူတို့နှင့်အတူ မထိုင်ပါ။ သူတော်ကောင်းယောင်ဆောင်သောသူတို့နှင့်လည်း အတူသွားလာမည်မဟုတ်ပါ။
ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။
ဆင်းရဲသောသူတီသောလယ်မြေသည် များစွာသောအစားအစာကို ဖြစ်ထွန်းစေတတ်၏။ သို့သော် မတရားမှုကြောင့် ဖျက်ဆီးခြင်းခံရတတ်၏။
ခက်ခဲပင်ပန်းသောအလုပ်ရှိသမျှတို့၌ အကျိုးအမြတ်ရှိ၏။ အပြောသက်သက်မူကား ချို့တဲ့နွမ်းပါးခြင်းကိုသာဖြစ်စေ၏။
နွားမရှိလျှင် တင်းကုပ်သည် သန့်ရှင်း၏။ သို့သော် နွား၏ခွန်အားဖြင့် များစွာသောအသီးအနှံတို့ကိုရရှိ၏။
အအိပ်မမက်နှင့်။ အအိပ်မက်လျှင် ဆင်းရဲသွားလိမ့်မည်။ သင်၏မျက်စိကို ဖွင့်ထားလော့။ သို့ပြုလျှင် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။
ဆိတ်နို့သည်လည်း သင်စားဖို့၊ သင့်အိမ်သူအိမ်သားများစားဖို့နှင့် သင့်အစေခံမိန်းကလေးများကိုကျွေးဖို့ အလုံအလောက်ရှိလိမ့်မည်။
မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား ဆင်းရဲခြင်းနှင့်ပြည့်ဝလိမ့်မည်။
သူတစ်ပါး၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူသည် အသိစိတ်မရှိ။ ထိုအမှုကိုပြုသောသူသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသောသူဖြစ်၏။
အသိဉာဏ်နည်းပါးသောသူများကြားတွင် အသိစိတ်မရှိသောလုလင်တစ်ဦးကို ငါမြင်၍ လူငယ်များအလယ်တွင် သူ့ကိုသတိပြုမိ၏။
“အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း
အသိဉာဏ်နည်းပါးခြင်းကိုစွန့်ပယ်၍ အသက်ရှင်လော့။ အသိဉာဏ်လမ်းကိုလိုက်လော့”ဟု ဆို၏။
အချည်းနှီးသောရုပ်တုများထံ ဆည်းကပ်သောသူတို့သည် ကရုဏာတော်ကို စွန့်ပယ်သောသူများ ဖြစ်ကြပါ၏။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။
မည်သူ၏အစားအစာကိုမျှ အလကားမစားဘဲ သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက် ပင်ပန်းခက်ခဲစွာဖြင့် နေ့ရောညပါအလုပ်လုပ်ကြ၏။
သူတို့သည် ဗာလဗေရိတ်ဝတ်ကျောင်းထဲမှ ငွေခုနစ်ဆယ်ရှယ်ကယ်ကို အဘိမလက်အားပေးရာ သူက ထိုငွေဖြင့် လူဆိုးလူမိုက်တို့ကို ငှားရမ်း၍ သူ့နောက်လိုက်စေ၏။