ယောန 2:8 - မြန်မာ့စံမီသမ္မာကျမ်း8 အချည်းနှီးသောရုပ်တုများထံ ဆည်းကပ်သောသူတို့သည် ကရုဏာတော်ကို စွန့်ပယ်သောသူများ ဖြစ်ကြပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 အချည်းနှီးဖြစ်သောရုပ်တုများကို ကိုးကွယ်သူတို့သည်ကိုယ်တော်၏အပေါ်တွင် သစ္စာမဲ့ကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 မု သာ အ န တ္တ ကို ဂ ရု ပြု တတ် သော သူ တို့ သည်၊ ကိုယ်၌ က ရု ဏာ သက် ရာ အ ကြောင်း ကို စွန့် ပစ် ကြ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 မုသားအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ကရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ၏။ အခန်းကိုကြည့်ပါ။ |
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။