Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 7:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အသိဉာဏ်​နည်းပါး​သော​သူ​များ​ကြား​တွင် အသိစိတ်​မ​ရှိ​သော​လုလင်​တစ်​ဦး​ကို ငါ​မြင်​၍ လူငယ်​များ​အလယ်​တွင် သူ့​ကို​သတိပြု​မိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူပျိုတယောက်သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 မ လိ မ္မာ သော သ တို့ သား များ အ နက်၊ ဉာဏ် မဲ့ သော လူ ပျို တစ် ယောက် သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ဉာဏ်​တိမ်​သော အ​မျိုး​သား​ချင်း​စု​ကို ငါ​ကြည့်​ရှု​စဉ်​တွင်၊ ဉာဏ်​မ​ရှိ​သော လူ​ပျို​တစ်​ယောက်​သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 7:7
24 ပူးပေါင်းရင်းမြစ်များ  

အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​သည်​လည်း ‘မည်သူ​မျှ ငါ့​ကို မ​မြင်’​ဟု တွေးထင်​လျက် မျက်နှာ​ကို​ဖုံး​ကာ မှောင်ရီပျိုး​ချိန်​ကို စောင့်မျှော်​နေ​တတ်​၏​။


ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို​ဖွင့်ပြ​ခြင်း​သည် အလင်း​ကို​ပေး​၍ အသိဉာဏ်​နည်းပါး​သော​သူ​တို့​အား အသိဉာဏ်​ကို​ပေး​ပါ​၏​။


ထာဝရဘုရား​၏​တရားတော်​သည် ပြည့်ဝစုံလင်​၍ စိတ်ဝိညာဉ်​ကို​လန်းဆန်း​စေ​၏​။ ထာဝရဘုရား​၏​သက်သေခံချက်​သည် ယုံကြည်​စိတ်ချ​ရ​၍ အသိပညာ​နည်းပါး​သော​သူ​တို့​ကို ပညာရှိ​စေ​၏​။


“​အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် အသိဉာဏ်​နည်းပါး​ခြင်း​ကို​နှစ်သက်​လျက်​၊ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​သည် မိမိ​တို့​၏​ပြက်ရယ်​ပြု​ခြင်း​၌​မွေ့လျော်​လျက်​၊ မိုက်မဲ​သော​သူ​တို့​သည် အသိပညာ​ကို​မုန်းတီး​လျက် မည်မျှ​ကြာ​အောင်​နေ​ကြ​ဦး​မည်နည်း​။


အကြောင်းမူကား အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် မိမိ​၏​လမ်းလွဲဖောက်ပြန်မှု​ကြောင့် သေ​ကြ​ရ​၏​။ မိုက်မဲ​သော​သူ​တို့​သည်​လည်း မိမိကိုယ်မိမိ​အားရကျေနပ်မှု​ကြောင့် ပျက်စီး​ကြ​ရ​၏​။


အသိဉာဏ်​နည်းပါး​သော​သူ​တို့​အား ဆင်ခြင်ဉာဏ်​ကို​ပေး​၍ လူငယ်​တို့​အား အသိပညာ​နှင့်​အလိမ္မာဉာဏ်​ကို ပေး​ရန်​အတွက်​လည်းကောင်း ဖြစ်​ကြ​၏​။


အသိဉာဏ်​ရှိ​သော​သူ​၏​နှုတ်ခမ်း​တွင် ဉာဏ်ပညာ​ကို​တွေ့​ရ​၏​။ အသိစိတ်​မ​ရှိ​သော​သူ​၏​ကျောကုန်း​အတွက်​မူကား ကြိမ်လုံး​ရှိ​၏​။


မိမိ​မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​သူ​သည် အစားအစာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။ အချည်းနှီး​သော​အရာ​များ​နောက်​သို့ လိုက်​သော​သူ​မူကား အသိစိတ်​မ​ရှိ​။


အသိဉာဏ်​နည်းပါး​သော​သူ​သည် အရာ​အားလုံး​ကို​ယုံ​တတ်​၏​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​မူကား မိမိ​၏​ခြေလှမ်း​ကို ဆင်ခြင်သုံးသပ်​တတ်​၏​။


အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် မိုက်မဲမှု​ကို​အမွေဆက်ခံ​ရ​ကြ​၏​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​တို့​မူကား အသိပညာ​သရဖူ​ကို​ဆောင်း​ရ​ကြ​၏​။


အသိပညာ​ကင်းမဲ့​သော​စိတ်ဆန္ဒ​သည် မ​ကောင်း​ပေ​။ အလျင်စလို​ခြေ​လှမ်း​သော​သူ​သည် လွဲချော်​တတ်​၏​။


ပြက်ရယ်​ပြု​တတ်​သော​သူ​ကို​ရိုက်​လော့​။ သို့ပြုလျှင် အသိဉာဏ်​နည်းပါး​သော​သူ​သည် နှိုင်းချင့်မျှော်ခေါ်​တတ်​လာ​လိမ့်မည်​။ အသိဉာဏ်​ရှိ​သော​သူ​ကို​ဆုံးမ​လော့​။ သို့ပြုလျှင် သူ​သည် အသိပညာ​ကို​ရရှိ​လိမ့်မည်​။


ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​သည် ဘေးအန္တရာယ်​ကို​မြင်​၍ ပုန်းရှောင်​တတ်​၏​။ အသိပညာ​နည်းပါး​သော​သူ​မူကား ဆက်သွား​၍ အပြစ်ဒဏ်​ခံရ​တတ်​၏​။


ငါ​သည် ပျင်းရိ​သော​သူ​၏​လယ်ယာ​နား​၊ အသိစိတ်​မ​ရှိ​သော​သူ​၏​စပျစ်ခြံ​နားမှ ဖြတ်သွား​ရာ


ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​သည် ဘေးအန္တရာယ်​ကို​မြင်​၍ ပုန်းရှောင်​တတ်​၏​။ အသိဉာဏ်​နည်းပါး​သော​သူ​သည် ဆက်သွား​၍ အပြစ်ဒဏ်​ခံရ​တတ်​၏​။


ငါ့​သား​၊ ငါ​၏​ဉာဏ်ပညာ​ကို အာရုံစိုက်​နားထောင်​၍ ငါ​၏​ထိုးထွင်းဉာဏ်​ကို​နားစွင့်​လော့​။


ငါ့​သား​၊ သင့်​ဖခင်​၏​ပညတ်ချက်​ကို လိုက်နာကျင့်သုံး​လော့​။ သင့်​မိခင်​၏​သွန်သင်ချက်​ကို မ​ပစ်ပယ်​နှင့်​။


သူတစ်ပါး​၏​မယား​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​သည် အသိစိတ်​မ​ရှိ​။ ထို​အမှု​ကို​ပြု​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​ဖျက်ဆီး​သော​သူ​ဖြစ်​၏​။


အသိဉာဏ်​နည်းပါး​သော​သူ​တို့​၊ ဆင်ခြင်ဉာဏ်​ကို ရယူ​ကြ​လော့​။ မိုက်မဲ​သော​သူ​တို့​၊ အသိဉာဏ်​ကို ရယူ​ကြ​လော့​။


“​အသိဉာဏ်​နည်းပါး​သော​သူ​မည်သူမဆို ဤ​နေရာ​သို့​လှည့်လာ​ပါစေ​”​ဟု ဟစ်ခေါ်​၏​။ အသိစိတ်​မ​ရှိ​သော​သူ​အား​လည်း


“​အသိဉာဏ်​နည်းပါး​သော​သူ​မည်သူမဆို ဤ​နေရာ​သို့​လှည့်လာ​ပါစေ​”​ဟု ဟစ်ခေါ်​၏​။ အသိစိတ်​မ​ရှိ​သော​သူ​အား​လည်း


“ငါ့​လူမျိုး​တော်​တို့​သည် ဆိုးမိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။ ငါ့​ကို​မ​သိ​ကြ​။ မိုက်မဲ​သော​သားသမီး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​ကြ​။ ဆိုးညစ်​သော​အမှု​ကို​ပြု​ရာ​၌ ကျွမ်းကျင်​၍ ကောင်း​သော​အမှု​ကို​မ​ပြု​ကြ​။”


ကိုယ်တော်​က“သင်​တို့​သည်​လည်း ယခု​တိုင်အောင် အသိတရား​ကင်းမဲ့​လျက်​နေ​ကြ​သလော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ