သူတို့သည် မိမိတို့အမျက်ဖြင့် လူကိုသတ်ကြ၏။ မိမိတို့အလိုအတိုင်း နွားတံကောက်ကြောကိုဖြတ်ကြ၏။ ငါ့စိတ်ဝိညာဉ်သည် သူတို့၏အစည်းအဝေးသို့ မဝင်ရောက်ပါစေနှင့်။ ငါ့ဘုန်းအသရေသည် သူတို့၏အစုအဝေးနှင့် မပေါင်းပါစေနှင့်။
ယေရမိ 4:19 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။ Common Language Bible ငါ့အသည်းနာလှ၏။ မခံမရပ်နိုင်အောင် အသည်းနာ၏။ ငါသည်ပြင်းစွာနှလုံးတုန်၊ရင်ခုန်လျက် နေပါသည်တကား။ ငါသည်အငြိမ်မနေနိုင်တော့ပြီ။ တံပိုးခရာမှုတ်သံကိုလည်းကောင်း၊တိုက်ပွဲ ကြွေးကြော်သံများကိုလည်းကောင်းငါကြား ရ၏။ Garrad Bible အို ငါ့ အ သည်း အ ဆုပ်၊ ထုံ ကျင် ပါ ရ စေ။ အို နှ လုံး၏ အ ကွယ် အ ကာ၊ ငါ့ စိတ် နှ လုံး ညဉ်း တွား လျက် ရှိ၏။ တံ ပိုး မှုတ် သံ၊ စစ် ရေး သံ ကို စိတ် မ နော ဖြင့် ငါ ကြား ရ သည့် အ လျောက်၊ ဆိတ် ဆိတ် မ နေ နိုင်။ Judson Bible ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည် နာ၏။ ငါ့နှလုံးအရေဖျားလည်း နာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အို ငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။ |
သူတို့သည် မိမိတို့အမျက်ဖြင့် လူကိုသတ်ကြ၏။ မိမိတို့အလိုအတိုင်း နွားတံကောက်ကြောကိုဖြတ်ကြ၏။ ငါ့စိတ်ဝိညာဉ်သည် သူတို့၏အစည်းအဝေးသို့ မဝင်ရောက်ပါစေနှင့်။ ငါ့ဘုန်းအသရေသည် သူတို့၏အစုအဝေးနှင့် မပေါင်းပါစေနှင့်။
ဖခင်အား “ခေါင်းကိုက်၏။ ခေါင်းကိုက်၏”ဟု ဆိုသဖြင့် သူ့ဖခင်က ငယ်သားအား “သူ့မိခင်ထံ ချီသွားပါ”ဟု ဆို၏။
ဘုရားသခင်၏လူသည် ဟာဇေလအနေရခက်သည်အထိ သူ့မျက်နှာကိုစူးစိုက်ကြည့်ပြီးလျှင် မျက်ရည်ကျလေ၏။
အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ငါ၏အထဲ၌ ရှိသမျှတို့၊ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။
အို ငါ၏စိတ်ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာအရပ်သို့ပြန်လာလော့။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုကျေးဇူးပြုတော်မူပြီ။
လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
ကိုယ်တော်၏တရားတော်ကိုစွန့်ပယ်သည့် ဆိုးယုတ်သောသူတို့ကြောင့် ပူလောင်သောဒေါသစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးပါ၏။
ငါသည်ထာဝရဘုရားအား “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားရှင်ဖြစ်တော်မူ၏။ ကိုယ်တော်မှတစ်ပါး အခြားသောကောင်းကျိုးချမ်းသာ အကျွန်ုပ်၌မရှိပါ”ဟု လျှောက်၏။
ငါ့စိတ်နှလုံးသည် မောဘပြည်အတွက် အော်ဟစ်၏။ ထိုပြည်မှထွက်ပြေးသောသူတို့သည် ဇောရမြို့၊ ဧဂလတ်ရှလိရှမြို့အထိ ပြေးကြ၏။ လုဟိတ်မြို့သို့တက်သွားသောအခါ ငိုကြွေးလျက်တက်သွားကြ၏။ ပျက်စီးခြင်းကြောင့် ဟောရနိမ်မြို့သို့သွားရာလမ်း၌ အသံကိုလွှင့်၍ အော်ဟစ်ကြ၏။
ထို့ကြောင့် ငါ့စိတ်သည် မောဘပြည်အတွက်၊ ငါ့အသည်းနှလုံးသည် ကိရဟရက်မြို့အတွက် စောင်းသံကဲ့သို့ မြည်တမ်းရ၏။
ထို့ကြောင့် ငါ့ခါးသည် အလွန်နာ၏။ ငါခံရသောဝေဒနာသည် သားဖွားမိန်းမခံရသောဝေဒနာကဲ့သို့ ဖြစ်၏။ ငါကြားရသောအရာကြောင့် စိတ်ရှုပ်ထွေး၏။ မြင်ရသောအရာကြောင့် ထိတ်လန့်၏။
ငါသည် စိတ်ချောက်ချား၍ ကြောက်စိတ်ကြောင့် တုန်လှုပ်လျက်ရှိ၏။ ငါနှစ်သက်ခဲ့သောညနေဆည်းဆာသည် ငါ့အတွက် ကြောက်စရာဖြစ်လေ၏။
“ငါ့ကိုမကြည့်ကြနှင့်။ အားရပါးရငိုကြွေးပါရစေ။ ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသည်ဖြစ်၍ ငါ့ကိုနှစ်သိမ့်ဖို့ မကြိုးစားကြနှင့်”ဟု ငါဆို၏။
သင်တို့နားမထောင်လျှင် သင်တို့၏မာန်မာနကြောင့် ငါ့စိတ်ဝိညာဉ်သည် ကွယ်ရာ၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောကြောင့် ငါသည် ဝမ်းနည်းပက်လက်ငိုကြွေးမည်၊ မျက်ရည်ဖြိုင်ဖြိုင်စီးကျမည်။
ငါက “ကိုယ်တော်ကို မအောက်မေ့၊ နာမတော်ဖြင့် မဟောပြောလိုတော့ပြီ”ဟု ဆိုသော်လည်း ငါ့စိတ်နှလုံးထဲ၌ မီးတောက်လောင်သကဲ့သို့ ပူလောင်၏။ ငါ့အရိုးထဲထိ ပူလောင်၏။ ငါမခံမရပ်နိုင်အောင် ပင်ပန်းလှ၏။
ပရောဖက်တို့နှင့်ပတ်သက်၍ ငါ့စိတ်နှလုံးသည် ကျိုးပဲ့လျက်၊ အရိုးရှိသမျှတို့သည်လည်း တုန်လှုပ်လျက်ရှိ၏။ ထာဝရဘုရားကြောင့်၊ သန့်ရှင်းသောစကားတော်ကြောင့် ငါသည် အမူးသမားကဲ့သို့၊ စပျစ်ဝိုင်ယစ်မူးသူကဲ့သို့ ဖြစ်၏။
အချက်ပြအလံကို မည်သည့်အချိန်အထိ ငါမြင်နေရမည်နည်း။ တံပိုးမှုတ်သံကို မည်သည့်အချိန်အထိ ငါကြားနေရမည်နည်း။
ယုဒပြည်၌ ဟောပြောလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ ပြည်တစ်လျှောက်လုံး တံပိုးမှုတ်ကြလော့။ ‘စုဝေးကြစို့။ ခံတပ်မြို့များအတွင်းသို့ဝင်ကြစို့’ဟု ကြွေးကြော်ကြလော့။
စစ်ပွဲမကြုံ၊ တံပိုးမှုတ်သံမကြား၊ အစာမွတ်သိပ်ခြင်းမရှိရာ အီဂျစ်ပြည်သို့သွား၍ ထိုအရပ်၌နေမည်’ဟု ဆိုလျှင်
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုသတင်းကိုကြားသောအခါ ငါတို့၏လက်များ ပျော့ခွေသွား၏။ ဆင်းရဲဒုက္ခသည် ငါတို့ကို ဖိစီးပြီ။ ငါတို့သည် သားဖွားမိန်းမကဲ့သို့ဝေဒနာခံစားရပြီ။
ငါသည် ဖြေမဆည်နိုင်လောက်အောင် ဝမ်းနည်း၏။ ငါ့စိတ်နှလုံးသည် ညှိုးနွမ်းလျက်ရှိ၏။
ငါ့လူမျိုးသမီးပျိုဒဏ်ရာရသောကြောင့် ငါကြေကွဲ၏၊ ငါဝမ်းနည်းပူဆွေး၏၊ ထိတ်လန့်ခြင်းသည် ငါ့ကိုဖမ်းစားလေပြီ။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ငါသည် တောင်များအတွက် ငိုကြွေးမြည်တမ်းမည်။ စားကျက်တောကြီးများအတွက် ကြေကွဲဝမ်းနည်းမည်။ အကြောင်းမူကား ထိုနေရာတို့ကို မီးလောင်သွားပြီ။ ဖြတ်သန်းသွားလာသောသူတစ်ယောက်မျှမရှိ။ သိုးနွားတို့၏အသံကိုမကြားရ။ ကောင်းကင်ငှက်များ၊ တိရစ္ဆာန်များသည်လည်း အဝေးသို့ထွက်ပြေးသွားကြပြီ။
ထို့ကြောင့် ငါငိုကြွေးနေရပြီ။ ငါ့မျက်စိမှ မျက်ရည်များစီးကျရလေပြီ။ နှစ်သိမ့်ပေးမည့်သူ၊ ငါ့စိတ်ဝိညာဉ်ကို ပြန်လည်အားဖြည့်ပေးမည့်သူသည် ငါနှင့်အလှမ်းဝေးလေပြီ။ ရန်သူက အနိုင်ရသောကြောင့် ငါ့သားသမီးတို့ ညှိုးငယ်ရလေပြီ။
အို ထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ် ဆင်းရဲဒုက္ခရောက်ပါပြီ။ အကျွန်ုပ်အထဲ၌ ပွက်ပွက်ဆူနေပြီ။ အကျွန်ုပ်သည် ဖီဆန်ပုန်ကန်မိပါပြီ။ ထို့ကြောင့် အကျွန်ုပ်၏စိတ်နှလုံးသည် အကျွန်ုပ်အတွင်း၌ မငြိမ်မသက်ဖြစ်လျက်ရှိ၏။ အိမ်ပြင်၌ ဓားဘေးရှိ၏။ အိမ်ထဲ၌လည်း သေဘေးရှိ၏။
ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသောကြောင့်၊ နို့စို့နို့ညှာကလေးငယ်တို့ မြို့လမ်းမများပေါ်၌ လဲကျသောကြောင့် ငိုရလွန်း၍ မျက်စိမှုန်ဝေကုန်ပြီ။ ငါ့အထဲ၌ ပွက်ပွက်ဆူနေပြီ။ ငါ့အသည်းနှလုံးလည်း မြေပေါ်ကြွေကျလေပြီ။
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။
ငါဒံယေလ၏အတွင်းဝိညာဉ်သည် ပူဆွေးလျက်ရှိ၏။ ငါမြင်ရသောစိတ်အာရုံကြောင့် ငါထိတ်လန့်နေ၏။
ဤသည်ကား အဖြစ်အပျက်အလုံးစုံတည်း။ ငါဒံယေလသည် အတွေးများကြောင့် စိုးရိမ်ထိတ်လန့်ကာ မျက်စိမျက်နှာပျက်လေ၏။ သို့သော် ထိုအဖြစ်အပျက်တို့ကို ငါ့စိတ်ထဲတွင် သိမ်းဆည်းထားလေ၏”ဟု ဆို၏။
ငါဒံယေလသည် ရက်အနည်းငယ်မျှ နာမကျန်းဖြစ်ခဲ့ရ၏။ နေကောင်းပြန်လျှင် ရှင်ဘုရင်၏အမှုတော်ကို ဆက်လက်ထမ်းရွက်၏။ သို့သော် ဤဗျာဒိတ်အာရုံကြောင့် ငါသည် တုန်လှုပ်ချောက်ချားပြီး နားမလည်နိုင်ဘဲရှိနေ၏။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
အကျွန်ုပ်သည် အသံတော်ကိုကြားရသောအခါ ရင်တုန်ရပါ၏၊ အသံတော်ကြောင့် နှုတ်ခမ်းလည်း တုန်ခါပါ၏။ အရိုးများလည်း ဆွေးမြည့်ပါ၏။ ခြေများလည်း မခိုင်တော့ပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်၍ အကျွန်ုပ်တို့အား ကျူးကျော်တိုက်ခိုက်သောလူမျိုးတို့ရောက်လာသောနေ့တိုင်အောင် အကျွန်ုပ်သည် နေရစ်ရပါမည်။
သင်တို့၏ပြည်၌ သင်တို့ကို ရန်ဖက်ပြုသောရန်သူတို့ကို တိုက်ခိုက်ရန် ချီတက်သွားသောအခါ တံပိုးခရာကိုတပ်လှန့်အချက်ပေးသံအဖြစ် မှုတ်ရမည်။ ထိုအခါ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုအောက်မေ့တော်မူ၍ ရန်သူ့လက်မှ သင်တို့ကို ကယ်တင်တော်မူမည်။
ညီအစ်ကိုတို့၊ ငါ့စိတ်နှလုံး၏လိုအင်ဆန္ဒနှင့် အစ္စရေးလူမျိုးတို့အတွက် ဘုရားသခင်ထံ ငါဆုတောင်းသောအရာမှာ သူတို့ကယ်တင်ခြင်းရရှိရန်ဖြစ်၏။
တံပိုးခရာသည်လည်း မသေချာသောအသံကိုပေးလျှင် မည်သူသည် တိုက်ပွဲအတွက် ပြင်ဆင်လိမ့်မည်နည်း။
ခရစ်တော်၏အသွင်သဏ္ဌာန်သည် သင်တို့ထဲ၌ ပေါ်ပေါက်လာသည့်တိုင်အောင် သင်တို့အတွက် သားဖွားခြင်းဝေဒနာကို ငါတစ်ဖန်ခံစားရသော ငါ့သားသမီးတို့၊
ကိရှုန်မြစ်၊ ရှေးကတည်းကရှိခဲ့သောမြစ်ဖြစ်သည့်ကိရှုန်မြစ်သည် သူတို့ကို တိုက်ချသွားပြီ။ အို ငါ့ဝိညာဉ်၊ ခွန်အားအပြည့်နှင့်ချီတက်လော့။