Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 10:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သင်​တို့​၏​ပြည်​၌ သင်​တို့​ကို ရန်ဖက်ပြု​သော​ရန်သူ​တို့​ကို တိုက်ခိုက်​ရန် ချီတက်​သွား​သောအခါ တံပိုးခရာ​ကို​တပ်လှန့်​အချက်ပေးသံ​အဖြစ် မှုတ်​ရ​မည်​။ ထိုအခါ သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သင်​တို့​ကို​အောက်မေ့​တော်မူ​၍ ရန်သူ့​လက်​မှ သင်​တို့​ကို ကယ်တင်​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 သင်​တို့​၏​ပြည်​ကို​ရန်​သူ​များ​ထိ​ပါး​တိုက် ခိုက်​လာ​သော​အ​ခါ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက် ရန်​အ​တွက် ဤ​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​၍ တပ်​လှန့်​နှိုး​ဆော်​ရ​မည်။ သင်​တို့​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​သ​တိ​ရ လျက်​ရန်​သူ​၏​လက်​မှ​ကယ်​တင်​တော်​မူ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 နေ ပြည် တွင် ရန် မူ သူ တို့ ကို စစ် တိုက် ရန် သင် တို့ ချီ သော အ ခါ အ ချက် ပေး သံ နှင့် တံ ပိုး မှုတ် ကြ လျှင် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ မှတ် သား တော် မူ ခြင်း ကို ခံ ရ သ ဖြင့် ရန် သူ တို့ လက် မှ လွတ် မြောက် ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 သင်​တို့​သည် ကိုယ်​ပြည်၌​နေ​သော​အ​ခါ၊ တိုက်​လာ​သော​ရန်​သူ​တို့​ကို စစ်​ချီ​လျှင်၊ နှိုး​ဆော်​သံ​နှင့် တံ​ပိုး​မှုတ်​ရ​မည်။ ထို​အ​ခါ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အောက်​မေ့၍၊ ရန်​သူ​လက်​မှ​ကယ်​တင်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 10:9
34 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် နောဧ​မှစ၍ သူ​နှင့်အတူ​သင်္ဘော​ထဲ၌​ရှိ​သော တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း​၊ ယဉ်ပါးသောတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အောက်မေ့​တော်မူ​၏​။ ဘုရားသခင်​သည် မြေကြီး​ပေါ်မှာ​လေ​တိုက်​စေ​တော်မူ​သဖြင့် ရေ​သည် လျော့ကျ​သွား​လေ​၏​။


ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ ရှိ​တော်မူ​သော ငါ​တို့​၏​ခေါင်းဆောင် ဖြစ်​၏​။ ယဇ်ပုရောဟိတ်​များ​သည်​လည်း သင်​တို့​နှင့်​တိုက်ခိုက်​ရန် တံပိုးခရာမှုတ်​၍​စစ်ငြာသံ​ပေး​လျက် ရှိ​၏​။ အို အစ္စရေး​အမျိုး​တို့​၊ သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် စစ်​မ​တိုက်​ကြ​နှင့်​။ သင်​တို့​အောင်​နိုင်​မည်​မ​ဟုတ်​”​ဟု အော်ပြော​၏​။


ယုဒ​တပ်​သည် အနောက်​ကို​လှည့်ကြည့်​သောအခါ ရှေ့​နောက်​ညှပ်တိုက်​ခံ​နေ​ရ​ပြီ​ကို မြင်​သဖြင့် ထာဝရဘုရား​ထံ​အော်ဟစ်​အကူအညီ​တောင်း​လေ​၏​။ ယဇ်ပုရောဟိတ်​တို့​လည်း တံပိုးခရာ​ကို​မှုတ်​ကြ​လေ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ရွေးကောက်​သော​သူ​တို့​၏ ကောင်းကျိုးချမ်းသာ​ကို မြင်​နိုင်​စေရန်​လည်းကောင်း​၊ ကိုယ်တော့်​လူမျိုး​တော်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်ဝမ်းမြောက်​နိုင်​စေရန်​လည်းကောင်း​၊ ကိုယ်တော်​၏​အမွေ​တော်​၌ ဂုဏ်ယူဝါကြွား​နိုင်​စေရန်​လည်းကောင်း​၊ ကိုယ်တော်​၏​လူမျိုး​တော်​ကို ကျေးဇူးပြု​တော်မူ​သောအခါ အကျွန်ုပ်​ကို​သတိရ​တော်မူ​ပါ​။ သူ​တို့​ကို ကယ်တင်​တော်မူ​သောအခါ အကျွန်ုပ်​ကို​လည်း စာရင်းဝင်​စေ​တော်မူ​ပါ​။


သူ​တို့​၏​ရန်သူ​များ​သည်​လည်း သူ​တို့​ကို​ညှဉ်းဆဲ​၍ သူ​တို့​သည် ရန်သူ​တို့​လက်​အောက်​၌​ရှုံးနိမ့်​ကြ​ရ​၏​။


ငါ​တို့​နိမ့်ကျ​လျက်​ရှိ​စဉ် ကိုယ်တော်​သည် ငါ​တို့​ကို​အောက်မေ့​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။


လောကသား​အပေါင်း​တို့​၊ မြေကြီးသား​အပေါင်း​တို့​၊ တောင်​များ​ပေါ်တွင် အချက်ပြအလံ​ကို​လွှင့်ထူ​သောအခါ သင်​တို့​ကြည့်​ကြ​လော့​။ တံပိုး​ကို​မှုတ်​သောအခါ သင်​တို့ နားထောင်​ကြ​လော့​။


ကျယ်လောင်​စွာ​ဟစ်ကြော်​လော့​။ ထိန်းချုပ်​မ​ထား​နှင့်​။ တံပိုးမှုတ်သံ​ကဲ့သို့ သင်​၏​အသံ​ကို​လွှင့်​၍ ငါ့​လူမျိုး​တော်​တို့​အား သူ​တို့​ကျူးလွန်​သော​အပြစ်​ကို​လည်းကောင်း​၊ ယာကုပ်​အမျိုးအနွယ်​အား သူ​တို့​၏​အပြစ်​များ​ကို​လည်းကောင်း ဖော်ပြ​လော့​။


ငါ့​အူ​ထဲ​၊ အသည်း​ထဲ​အထိ နာကျင်​နေ​၏​။ ငါ့​စိတ် မငြိမ်မသက်​ဖြစ်​နေ​၏​။ ငါ​သည် တိတ်ဆိတ်​စွာ​မ​နေ​နိုင်​။ တံပိုးမှုတ်သံ​၊ စစ်ပွဲ​ကြွေးကြော်သံ​ကို ငါ​ကြား​ရ​၏​။


အချက်ပြအလံ​ကို မည်သည့်​အချိန်​အထိ ငါ​မြင်​နေ​ရ​မည်နည်း​။ တံပိုးမှုတ်သံ​ကို မည်သည့်​အချိန်​အထိ ငါ​ကြား​နေ​ရ​မည်နည်း​။


ယုဒ​ပြည်​၌ ဟောပြော​လော့​။ ဂျေရုဆလင်​မြို့​ကို ကြားသိ​စေ​လော့​။ ပြည်​တစ်လျှောက်လုံး တံပိုး​မှုတ်​ကြ​လော့​။ ‘စုဝေး​ကြ​စို့​။ ခံတပ်​မြို့​များ​အတွင်း​သို့​ဝင်​ကြ​စို့’​ဟု ကြွေးကြော်​ကြ​လော့​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အမ္မုန်​အမျိုးသား​တို့​နေ​ရာ ရဗ္ဗာ​မြို့​၌ စစ်ပွဲ​သံ​ကြား​ရ​သော​အချိန် ရောက်​စေ​မည်​။ ထို​မြို့​သည် အပျက်အစီး​ပုံ​ကြီး​ဖြစ်​၍ မြို့ငယ်​တို့​သည်​လည်း မီး​လောင်​သွား​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည်​လည်း မိမိ​အား သိမ်းပိုက်​ခဲ့​သူ​ကို ပြန်​၍​သိမ်းပိုက်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


အို ဗင်္ယာမိန်​အမျိုးသား​တို့​၊ ဂျေရုဆလင်​မြို့​မှ​ထွက်​၍ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ တေကော​ရွာ​၌ တံပိုး​မှုတ်​ကြ​လော့​။ ဗေသက္ကရင်​ရွာ​၌ အချက်ပြ​မီး​ကို မြှောက်ပြ​ကြ​လော့​။ ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​သည် မြောက်ဘက်​အရပ်​မှ ထွက်ပေါ်​လာ​ပြီ​။


ငါ​သည် ကင်းစောင့်​တို့​ကို​ခန့်ထား​၍ ‘​တံပိုးမှုတ်သံ​ကို အာရုံစိုက်​နားထောင်​ကြ​’​ဟု ဆို​သော်လည်း သူ​တို့​က ‘​ငါ​တို့ နား​မ​ထောင်​’​ဟု ဆို​ကြ​၏​။


လူ​အပေါင်း​တို့​ကို ငါ​အမျက်ထွက်​သောကြောင့် တံပိုး​မှုတ်​၍​အဆင်သင့်​ပြင်ဆင်​ထား​သော်လည်း စစ်ချီတက်​မည့်​သူ​တစ်ယောက်မျှ​မ​ရှိ​။


ဂိဗာ​မြို့​၌ သိုးချို​မှုတ်​ကြ​လော့​။ ရာမ​မြို့​၌ တံပိုးခရာ​မှုတ်​ကြ​လော့​။ ဗေသဝင်​မြို့​၌ တပ်လှန့်​အချက်ပေး​ကြ​လော့​။ ‘အို ဗင်္ယာမိန်​၊ အနောက်​သို့​လှည့်ကြည့်​လော့​။’


“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သတ္တမ​လ​၊ ပထမ​နေ့​သည် သင်​တို့ ငြိမ်ဝပ်​စွာ​နေ​ရ​သော​နေ့​၊ အောက်မေ့ဖွယ်​ရာ​တံပိုးမှုတ်​သည့် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ပြု​သော​နေ့ ဖြစ်​ရ​မည်​။


မြို့​ထဲတွင် တံပိုးမှုတ်သံ​ကြား​သောအခါ လူ​တို့ မ​ထိတ်လန့်​ဘဲ နေ​မည်လော​။ ထာဝရဘုရား​ပြု​တော်​မ​မူ​ဘဲ မြို့​ထဲတွင် ဘေးအန္တရာယ်​ကျရောက်​နိုင်​မည်လော​။


မြင့်​သော​မျှော်စင်​ကြီး​များ​၊ ခိုင်ခံ့​သော​မြို့​များ​ကို ဆန့်ကျင်​၍ တံပိုးမှုတ်​ကြွေးကြော်​သော​နေ့ ဖြစ်​လိမ့်မည်​။


မောရှေ​သည် အမျိုးအနွယ်​တစ်​နွယ်​လျှင် အယောက်​တစ်ထောင်စီ​ကို စစ်ပွဲ​သို့ စေလွှတ်​လေ​၏​။ သူ​တို့​နှင့်အတူ ယဇ်ပုရောဟိတ်​ဧလာဇာ​၏​သား ဖိနဟတ်​ကို​လည်း သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​များ​နှင့် အချက်ပေး​တံပိုးခရာ​များ​ပါ​လျက် စစ်ပွဲ​သို့ စေလွှတ်​လေ​၏​။


တံပိုးခရာ​သည်​လည်း မ​သေချာ​သော​အသံ​ကို​ပေး​လျှင် မည်သူ​သည် တိုက်ပွဲ​အတွက် ပြင်ဆင်​လိမ့်မည်​နည်း။


သင်​သည် ရန်သူ​တို့​ကို စစ်​သွားတိုက်​သောအခါ သင့်​ထက်​များပြား​သော မြင်း​များ​၊ စစ်ရထား​များ​၊ စစ်သည်​များ​ကို တွေ့​လျှင် သူ​တို့​ကို မ​ကြောက်​နှင့်​။ သင့်​ကို​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​။


ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​ကို​သံရှည်ဆွဲ​၍​မှုတ်​ရ​မည်​။ တံပိုးမှုတ်သံ​ကို​ကြား​သောအခါ လူအုပ်ကြီး​သည် ကျယ်လောင်​စွာ​အော်ဟစ်​ရ​မည်​။ ထိုအခါ မြို့ရိုး​ကြီး ပြိုကျ​လိမ့်မည်​။ လူ​တိုင်း မြို့​ထဲသို့ တန်းတန်းမတ်မတ် ဝင်သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ဆီဒုန်​လူမျိုး​၊ အာမလက်​လူမျိုး​၊ မောန​လူမျိုး​တို့​သည် သင်​တို့​ကို ညှဉ်းဆဲ​၍ သင်​တို့​သည် ငါ့​ကို​အော်ဟစ်​သောအခါ ငါ​သည် သင်​တို့​ကို ထို​သူ​တို့​လက်​မှ​လည်း ကယ်တင်​ခဲ့​၏​။


ထို​အချိန်​မှစ၍ သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ အာမောရိ​လူမျိုး​တို့​၏​နေရာ​ဂိလဒ်​ပြည်​ရှိ အစ္စရေး​အမျိုးသား​တို့​ကို တစ်ဆယ့်​ရှစ်​နှစ်​ဖိနှိပ်​ညှဉ်းဆဲ​ကြ​၏​။


ထာဝရဘုရား​သည် သူ​တို့​အဖို့ တရားသူကြီး​ကို ပေါ်ထွန်း​စေ​ပြီ​ဆိုလျှင် ထို​တရားသူကြီး​နှင့် ထာဝရဘုရား​အတူ​ရှိ​တော်မူ​၍ ထို​တရားသူကြီး​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​တို့​ကို ရန်သူ့​လက်​မှ ကယ်တင်​ပေး​တော်မူ​၏​။ အကြောင်းမှာ သူ​တို့ ညှဉ်းဆဲ​ခံရ​ချိန်​၊ ဒုက္ခရောက်​ချိန်​တွင် ညည်းတွား​မြည်တမ်း​ကြ​သဖြင့် ထာဝရဘုရား​သည် သူ​တို့​ကို သနား​တော်မူ​၏​။


ဧဖရိမ်​တောင်​ပေါ်သို့​ရောက်​သောအခါ တံပိုး​ကို​မှုတ်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း တောင်​ပေါ်မှ​ဆင်းလာ​၍ သူ​က​ဦးဆောင်​လျက်


ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဂိဒေါင်​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် တံပိုး​ကို​မှုတ်လိုက်​သောအခါ အဗျေဇာ​အမျိုးသား​တို့​သည် သူ့​ထံ လာရောက်​စုဝေး​ကြ​၏​။


ငါ​သည် သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ​လည်းကောင်း​၊ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​အပေါင်း​တို့​လက်​မှ​လည်းကောင်း ကယ်နုတ်​ခဲ့​၏​။ ထို​သူ​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​၍ သူ​တို့​၏​ပြည်​ကို သင်​တို့​အား ငါ​ပေး​၏​။


အစ္စရေး​အမျိုးသား​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​၏​။ သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​၏​လက်​မှ​လည်းကောင်း​၊ သင်​တို့​ကို​ညှဉ်းဆဲ​သော​တိုင်းနိုင်ငံ​အပေါင်း​တို့​၏​လက်​မှ​လည်းကောင်း ငါ​ကယ်နုတ်​ခဲ့​၏’​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ