Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 2:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သောကြောင့်​၊ နို့စို့နို့ညှာ​ကလေးငယ်​တို့ မြို့​လမ်းမ​များ​ပေါ်၌ လဲကျ​သောကြောင့် ငိုရလွန်း​၍ မျက်စိမှုန်ဝေ​ကုန်​ပြီ​။ ငါ့​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ ငါ့​အသည်းနှလုံး​လည်း မြေ​ပေါ်​ကြွေကျ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါ​၏​မျက်​စိ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့် နွမ်း​နယ်​လျက်​နေ​ပါ​၏။ ငါ​၏​စိတ်​ဝိ​ညာဉ်​သည်​လည်း​ပူ​ဆွေး​လျက်​ရှိ​ပါ​၏။ ငါ​သည်​မိ​မိ​အ​မျိုး​သား​တို့​ဆုံး​ပါး​ပျက်​စီး ကြ​သည့်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပေ​သည်။ သူ​ငယ်​နှင့်​နို့​စို့​က​လေး​တို့​သည်​မြို့​တွင်း​ရှိ လမ်း​များ​ပေါ်​တွင်​မေ့​မြော​၍​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 နို့ စို့ နို့ ညှာ သူ ငယ် တို့ သည်၊ မြို့ လမ်း များ၌ မြော နေ ကြ သော ကြောင့်၊ လူ မျိုး ချင်း သ တို့ သ မီး၏ အ နာ ကို ထောက်၍၊ ငါ သည် မျက် ရည် ကျ လျက် စ က္ခု ကွယ် ခြင်း၊ ဝမ်း နည်း ခြင်း၊ အ သည်း အ ဆုပ် အ ရည် ပျော် ဆင်း ခြင်း ခံ ရ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ငါ၏​လူ​မျိုး သ​တို့​သ​မီး​ပျက်​စီး​သော​ကြောင့်၊ ငါ​သည်​မျက်​ရည်​ကျ၍ မျက်​စိ​ပျက်​လေ​ပြီ။ ဝမ်း၌ ဆူ​လှိုက်​ခြင်း​ရှိ၍ အ​သည်း​လည်း မြေ​ပေါ်​မှာ သွန်း​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​ငယ်​နှင့် နို့​စို့​က​လေး​တို့​သည် မြို့​လမ်း၌ အား​ပျက်​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 2:11
26 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​လေးသည်တော်​တို့​သည် ငါ့​ကို ဝိုင်း​ထား​ကြ​၏​။ ကိုယ်တော်​သည် ငါ့​ကျောက်ကပ်​ကို မ​ညှာ​မ​တာ​ပစ်ခတ်​တော်မူ​၏​။ ငါ့​သည်းခြေ​ကို​လည်း မြေ​ပေါ်သို့ ဖောက်ချ​တော်မူ​၏​။


ငါ့​ရင်​ထဲတွင် မနားတမ်း​ဗလောင်ဆူ​နေ​၏​။ ဒုက္ခ​နေ့ရက်​များ​ကို​သာ ငါ​ကြုံ​နေ​ရ​၏​။


အကျွန်ုပ်​၏​မျက်စိ​သည် ကိုယ်တော်​၏​ကတိ​တော်​ကို​တောင့်တ​လျက် အားအင်ကုန်ခန်း​သဖြင့် “​ကိုယ်တော်​သည် မည်သည့်​အချိန်​မှ အကျွန်ုပ်​ကို နှစ်သိမ့်​ပေး​တော်မူ​မည်နည်း​”​ဟု ဆို​ပါ​၏​။


အကျွန်ုပ်​သည် ရေ​ကဲ့သို့​သွန်ချ​ခြင်း​ခံရ​၍ အကျွန်ုပ်​၏​အရိုးအဆစ်​ရှိသမျှ​တို့​သည် ပြုတ်​ကုန်​ပါ​၏​။ အကျွန်ုပ်​၏​နှလုံး​သည် ဖယောင်း​ကဲ့သို့​ဖြစ်၍ အကျွန်ုပ်​ရင်​ထဲ​၌ အရည်ပျော်​သွား​ပါ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဘေးဥပဒ်​နှင့်​ကြုံတွေ့​နေ​ရ​သည်​ဖြစ်၍ အကျွန်ုပ်​ကို သနား​တော်မူ​ပါ​။ ပူဆွေး​ခြင်း​ကြောင့် အကျွန်ုပ်​၏​မျက်စိ​၊ အကျွန်ုပ်​၏​ဝိညာဉ်​နှင့်​အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​သည် အားလျော့​ကြ​ပါ​ပြီ​။


အကျွန်ုပ်​သည် အားလျော့​လျက် လုံးလုံး​ကြေမွ​ရ​ပါ​၏​။ အကျွန်ုပ်​စိတ်နှလုံး​ပူဆွေး​သဖြင့် အော်ဟစ်​နေ​ရ​ပါ​၏​။


အကျွန်ုပ်​၏​မျက်စိ​သည် ပူဆွေး​ခြင်း​ကြောင့်​အားယုတ်​၍ အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့​ကြောင့် မှုန်ဝါး​သွား​ပါ​၏​။


အကျွန်ုပ်​သည် ဟစ်ခေါ်​ရ​၍ ပင်ပန်း​ပါ​ပြီ​။ အကျွန်ုပ်​၏​အာခေါင်​သည် ခြောက်​ပါ​ပြီ​။ အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​၏​ဘုရားသခင်​ကို​မျှော်ကြည့်​ရ​၍ အားအင်ကုန်ခန်း​ပါ​ပြီ​။


“​ငါ့​ကို​မကြည့်​ကြ​နှင့်​။ အားရပါးရ​ငိုကြွေး​ပါရစေ​။ ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သည်​ဖြစ်၍ ငါ့​ကို​နှစ်သိမ့်​ဖို့ မ​ကြိုးစား​ကြ​နှင့်​”​ဟု ငါ​ဆို​၏​။


ကြိုးကြာ​ကဲ့သို့​၊ ပျံလွှား​ကဲ့သို့ ငါ​အော်မြည်​ရ​၏​။ ချိုးငှက်​ကဲ့သို့ ငါ​ညည်းတွား​ရ​၏​။ အထက်ကောင်းကင်​သို့ မျှော်ကြည့်​ရ​သဖြင့် ငါ့​မျက်စိ​သည် အားနည်း​ပါ​ပြီ​။ အို ဘုရားရှင်​၊ အကျွန်ုပ်​သည် ဝေဒနာ​ခံစား​ရ​သဖြင့် အကျွန်ုပ်​ကို ကယ်မ​တော်မူ​ပါ​။


သင်​၏​သား​တို့​သည် အားနည်း​မောပန်း​နေ​ကြ​ပြီ​။ လမ်း​ရှိသမျှ​၌ ကျော့ကွင်း​မိ​သော​တောဆိတ်​ကဲ့သို့ လဲလျောင်း​နေ​ကြ​ပြီ​။ သူ​တို့​သည် ထာဝရဘုရား​၏​အမျက်​တော်​၊ သင်​၏​ဘုရားသခင်​ဆုံးမ​တော်မူ​ခြင်း​နှင့် ပြည့်​လေ​ပြီ​။


ထို့ကြောင့် သင်​သည် သူ​တို့​အား ‘​ငါ့​လူမျိုး​သမီးပျို​သည် ကျိုးပဲ့ကြေမွ​သော​ဒဏ်ရာ​ရ​၍ ပြင်းထန်စွာ​ဝေဒနာ​ခံစား​ရ​သောကြောင့် ငါ​သည် အငို​မ​ရပ်​၊ နေ့နေ့​ညည​ငို​မည်​။


ငါ့​အူ​ထဲ​၊ အသည်း​ထဲ​အထိ နာကျင်​နေ​၏​။ ငါ့​စိတ် မငြိမ်မသက်​ဖြစ်​နေ​၏​။ ငါ​သည် တိတ်ဆိတ်​စွာ​မ​နေ​နိုင်​။ တံပိုးမှုတ်သံ​၊ စစ်ပွဲ​ကြွေးကြော်သံ​ကို ငါ​ကြား​ရ​၏​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘အဘယ်ကြောင့် ဤ​ဘေးအန္တရာယ်​ကြီး​ကို သင်​တို့​အပေါ်​ကျရောက်​စေ​ရ​သနည်း​။ ယုဒ​ပြည်​တွင် ယောက်ျား​၊ မိန်းမ​၊ ကလေး​၊ နို့စို့သူငယ်​တစ်ယောက်မျှ​မ​ကြွင်း​မ​ကျန် သုတ်သင်ပယ်ရှင်း​ခံရ​လေ​ပြီ​။


“ဇိအုန်​မြို့​၌ ထာဝရဘုရား မ​ရှိ​သလော​။ ထို​မြို့​၌​ရှင်ဘုရင် မ​ရှိ​သလော ဟူ၍​ဝေးလံ​သော​ပြည်​မှ ငါ့​လူမျိုး​သမီးပျို​၏​အော်ဟစ်သံ​ကို ကြား​ရ​ပါ​ပြီ​တကား​။ သူ​တို့​ကိုးကွယ်​သော​ရုပ်တုဆင်းတု​များ​၊ တိုင်းတစ်ပါးသား​တို့​ကိုးကွယ်​သော​ရုပ်တု​များ​ဖြင့် သူ​တို့​သည် ငါ့​ကို အဘယ်ကြောင့် အမျက်ထွက်​စေ​ကြ​သနည်း​။”


သူ့​လူ​အပေါင်း​တို့​သည် ညည်းတွား​လျက် စားစရာ​ကို​ရှာဖွေ​နေ​ကြ​ရ​ပြီ​။ သူ​တို့​သည် အသက်​ရှင်သန်​နိုင်​ရန် သူ​တို့​၏​အဖိုးတန်​ပစ္စည်း​များ​ကို စားစရာ​နှင့်​လဲလှယ်​ကြ​ရ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ် မထီမဲ့မြင်ပြု​ခြင်း​ခံရ​သည်​ကို ကြည့်​တော်မူ​ပါ​။ မြင်​တော်မူ​ပါ​။


ထို့ကြောင့် ငါ​ငိုကြွေး​နေ​ရ​ပြီ​။ ငါ့​မျက်စိ​မှ မျက်ရည်​များ​စီးကျ​ရ​လေ​ပြီ​။ နှစ်သိမ့်ပေး​မည့်​သူ​၊ ငါ့​စိတ်ဝိညာဉ်​ကို ပြန်လည်​အားဖြည့်​ပေး​မည့်​သူ​သည် ငါ​နှင့်​အလှမ်းဝေး​လေ​ပြီ​။ ရန်သူ​က အနိုင်ရ​သောကြောင့် ငါ့​သားသမီး​တို့ ညှိုးငယ်​ရ​လေ​ပြီ​။


အို ထာဝရဘုရား​၊ ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ် ဆင်းရဲဒုက္ခ​ရောက်​ပါ​ပြီ​။ အကျွန်ုပ်​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ အကျွန်ုပ်​သည် ဖီဆန်​ပုန်ကန်​မိ​ပါ​ပြီ​။ ထို့ကြောင့် အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အတွင်း​၌ မငြိမ်မသက်​ဖြစ်​လျက်​ရှိ​၏​။ အိမ်​ပြင်​၌ ဓားဘေး​ရှိ​၏​။ အိမ်​ထဲ၌​လည်း သေဘေး​ရှိ​၏​။


ထို​အမှု​ကြောင့် အကျွန်ုပ်​တို့​၏​စိတ်နှလုံး​သည် ညှိုးငယ်​လေ​ပြီ​။ ထို​အမှု​များ​ကြောင့် အကျွန်ုပ်​တို့​၏​မျက်စိ​သည် မှုန်ဝါး​လေ​ပြီ​။


အကြောင်းမူကား မြုံ​သော​မိန်းမ၊ သန္ဓေ​မ​လွယ်​ဖူး​သော​ဝမ်း​နှင့် သူငယ်​မ​စို့​ဖူး​သော​သားမြတ်​တို့​သည် မင်္ဂလာရှိ​၏​ဟု​ဆို​ကြ​မည့်​နေ့ရက်​များ​ရောက်လာ​လိမ့်မည်။


ဒါဝိဒ်​နှင့်​သူ့​လူ​တို့​သည် ငိုကြွေး​ဖို့ အား​မ​ရှိ​တော့​လောက်အောင်​ပင် အသံကုန်​ငိုကြွေး​ကြ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ