Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 116:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​၏​ငြိမ်ဝပ်​ရာ​အရပ်​သို့​ပြန်လာ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် သင့်​ကို​ကျေးဇူးပြု​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 အို ငါ့​စိတ်​နှ​လုံး၊ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပြီ​ဖြစ်​၍ ယုံ​ကြည်​စိတ်​ချ​စွာ​နေ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အို ငါ့ အ သက် ဝိ ညာဉ်၊ ငြိမ်း ချမ်း ရာ သို့ ပြန် လော့။ ထာ ဝ ရ ဘု ရား သည် သင့် ကို ကြွယ် ဝ စွာ သ နား ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အို​ငါ့​ဝိ​ညာဉ်၊ သင်၏​ငြိမ်​ဝပ်​ရာ​သို့ ပြန်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​ကျေး​ဇူး​ပြု​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 116:7
8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​အစေအပါး​သည် အသက်ရှင်​၍ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​စောင့်ထိန်း​နိုင်​ရန် ကျေးဇူးပြု​တော်မူ​ပါ​။


ထာဝရဘုရား​သည် အကျွန်ုပ်​ကို ကျေးဇူးပြု​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ သီချင်းဆို​ပါ​မည်​။


ထို့ကြောင့် “​သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်​”​ဟု အမျက်​တော်​ဖြင့် ငါ​ကျိန်ဆို​၏​။


ထာဝရဘုရား​က “​အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ အို အစ္စရေး​၊ စိတ်​မ​ပျက်​နှင့်​။ သင့်​ကို ဝေး​သော​အရပ်​မှ​၊ သင်​၏​အမျိုးအနွယ်​ကို သုံ့ပန်း​အဖြစ်​နေ​ရ​သော​ပြည်​မှ ငါ​ကယ်တင်​မည်​။ ယာကုပ်​သည် ပြန်လာ​၍ ခြိမ်းခြောက်​မည့်​သူ​မ​ရှိ​ဘဲ ငြိမ်းချမ်း​သာယာ​စွာ နေ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​လမ်း​များ​၌​ရပ်​၍ ကြည့်​ကြ​လော့​။ ရှေးလမ်းဟောင်း​ကို ရှာဖွေ​လျက် ကောင်း​သော​လမ်း​အဘယ်မှာ​ရှိ​သနည်း​ဟု မေးမြန်း​၍ ထို​လမ်း​ကို​လိုက်​လျှင် သင်​တို့​၏​စိတ်ဝိညာဉ် သက်သာ​ရာ​ရ​လိမ့်မည်​။ သို့သော် သူ​တို့​က ‘​ထို​လမ်း​သို့ ငါ​တို့​မ​လိုက်​’​ဟု ဆို​ကြ​၏​။


သူ​သည် သူ့​ချစ်သူ​တို့​နောက်​သို့​လိုက်​သော်လည်း မီ​မည်​မ​ဟုတ်​။ သူ​တို့​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ထိုအခါ သူ​က ‘​ယခင်​ယောက်ျား​ထံ ပြန်သွား​မည်​၊ သူ​သည် အခြားသူ​တို့​ထက် ပိုကောင်း​၏​’​ဟု ဆို​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ