ယေရမိ 9:1 - မြန်မာ့စံမီသမ္မာကျမ်း1 မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible1 ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။ အခန်းကိုကြည့်ပါ။Garrad Bible1 ငါ၏ အ မျိုး သ တို့ သ မီး တွင်၊ အ သတ် ခံ ရ သူ တို့ အ တွက်၊ နေ့ ညဉ့် မ ဟူ ငါ ငို ကြွေး ရ စေ ရန်၊ ဦး ခေါင်း သည် ရေအ လျဉ်၊ စ က္ခု သည် မျက် ရည် စမ်း တွင်း၊ ဖြစ် ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible1 ငါ၏လူမျိုးသတို့သမီးနှင့်ဆိုင်သော အသေကောင်များအတွက်၊ ငါသည်နေ့ညမပြတ် ငိုရမည်အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့သည် မျက်ရည်ထွက်သောစမ်းဖြစ်ပါစေသော။ အခန်းကိုကြည့်ပါ။ |