ယေရမိ 9:10 - မြန်မာ့စံမီသမ္မာကျမ်း10 ငါသည် တောင်များအတွက် ငိုကြွေးမြည်တမ်းမည်။ စားကျက်တောကြီးများအတွက် ကြေကွဲဝမ်းနည်းမည်။ အကြောင်းမူကား ထိုနေရာတို့ကို မီးလောင်သွားပြီ။ ဖြတ်သန်းသွားလာသောသူတစ်ယောက်မျှမရှိ။ သိုးနွားတို့၏အသံကိုမကြားရ။ ကောင်းကင်ငှက်များ၊ တိရစ္ဆာန်များသည်လည်း အဝေးသို့ထွက်ပြေးသွားကြပြီ။ အခန်းကိုကြည့်ပါ။Common Language Bible10 ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ငါ သည် တောင် တန်း အ တွက် ငို ကြွေး မြည် တမ်း လျက်၊ တော ကုန်း စား ကျက် များ အ တွက် ငို ချင်း ဖွဲ့ ဆို အံ့။ ဖြတ် သန်း သူ ကင်း အောင်၊ ထို နေ ရာ များ ကျွမ်း လောင် သ ဖြင့်၊ လေ သ တ္တ ဝါ၊ မြေ သ တ္တ ဝါ အ ပေါင်း တို့ ပြေး သွား ၍၊ တိ ရ စ္ဆာန် မြည် သံ ကို မ ကြား ရ။ အခန်းကိုကြည့်ပါ။Judson Bible10 တောင်များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေးမြည်တမ်းခြင်းကို ပြုရမည်။ ထိုအရပ်တို့၌ မီးလောင်သောကြောင့်၊ လူသည် မလျှောက်မသွားရ။ သိုးနွား မြည်သံကို မကြားရ။ မိုးကောင်းကင်ငှက်နှင့် သားရဲတို့သည် ထွက်ပြေးရကြပြီ။ အခန်းကိုကြည့်ပါ။ |
သင်တို့နေထိုင်ရာအရပ်ရပ်ရှိမြို့တို့သည် ဖျက်ဆီးခြင်းခံရမည်။ အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့ရာဖြစ်မည်။ သင်တို့၏ယဇ်ပလ္လင်သည် ဖျက်ဆီးခံရသဖြင့် ပျက်စီးသွားမည်။ ရုပ်တုတို့သည်လည်း ချိုးဖျက်ခံရသဖြင့် ပြိုပျက်သွားမည်။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်သည်လည်း ခုတ်လှဲခံရမည်။ သင်တို့ပြုလုပ်ထားသောအရာတို့သည် သုတ်သင်ပယ်ရှင်းခြင်းခံရမည်။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “လမ်းဆုံလမ်းခွ၌ ငိုကြွေးကြလိမ့်မည်။ လူစည်ကားရာနေရာရှိသမျှ၌ ‘အလိုလေး၊ အလိုလေး’ဟု အော်ဟစ်ကြလိမ့်မည်။ ငိုကြွေးမြည်တမ်းရန် လယ်သမားတို့ကို ခေါ်ကြလိမ့်မည်။ ငိုချင်းချရန် ငိုချင်းသည်တို့ကို ခေါ်ကြလိမ့်မည်။
ထိုနေ့ရက်၌ လူတို့က သင်တို့ကို ပုံခိုင်း၍ ‘ငါတို့ လုံးလုံးပျက်စီးကြရပြီ။ ကိုယ်တော်သည် ငါ့လူမျိုးတို့၏အမွေမြေကို သူတစ်ပါးအား လွှဲပြောင်းပေးပြီ။ ငါ့ထံမှလည်း ရုပ်သိမ်းလိုက်ပြီ။ ငါတို့၏လယ်ယာကိုလည်း ရန်သူအား ပေးလိုက်လေပြီ’ဟူ၍ ခါးသီးစွာငိုကြွေးမြည်တမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။