Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 21:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ငါ​သည် စိတ်​ချောက်ချား​၍ ကြောက်စိတ်​ကြောင့် တုန်လှုပ်​လျက်​ရှိ​၏​။ ငါ​နှစ်သက်​ခဲ့​သော​ညနေဆည်းဆာ​သည် ငါ့​အတွက် ကြောက်စရာ​ဖြစ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ငါ​၏​ဦး​ခေါင်း​သည်​ချာ​ချာ​လည်​လျက်​ငါ သည်​ကြောက်​စိတ်​ဖြင့်​တုန်​လှုပ်​၍​နေ​၏။ ငါ သည်​ညဥ့်​ဦး​ယံ​ကို​တမ်း​တ​လျက်​နေ​ခဲ့​၏။ သို့​ရာ​တွင်​ထို​အ​ချိန်​သည် ငါ့​အား​ထိတ်​လန့် မှု​ကို​ဖြစ်​စေ​သည်​မှ​တစ်​ပါး​အ​ဘယ်​သို့ မျှ​မ​ပြု။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ငါ့ စိတ် နှ လုံး နောက် လျက်၊ ကြောက် မက် ဖွယ် ဘေး ကြောင့် ငါ လန့် လျက်၊ ငါ မြတ် နိုး သော ညဉ့် ချမ်း အ ချိန် ပင် ထိတ် လန့် ဖွယ် ဖြစ် လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ငါ့​စိတ်​နှ​လုံး​သည် မူး​လျက်​ရှိ၏။ ကြောက်​မက်​ဖွယ်​သော​အ​ရာ​ဖြင့် ငါ​သည် ထိတ်​လန့်​လျက်​ရှိ၏။ ငါ​ပျော်​မွေ့​သော​ည​ကို ဘေး​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 21:4
19 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ အဒေါနိယ​ဖိတ်ကြား​ထား​သူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​သဖြင့် ထ​၍ ကိုယ့်​လမ်း​သို့ အသီးသီး​ပြန်သွား​ကြ​လေ​၏​။


တစ်ဖန် ဟာမန်​က “​ထိုမျှမက မိဖုရား​ဧသတာ​သည် သူ​တည်ခင်း​သော​စားသောက်ပွဲ​သို့ ရှင်ဘုရင်​နှင့်အတူ ငါ​မှလွဲ၍ အခြားသူ​ကို မ​ဖိတ်ခေါ်​ပါ​။ နက်ဖြန်​နေ့​တွင်​လည်း ရှင်ဘုရင်​နှင့်အတူ ငါ့​ကို​ဖိတ်ခေါ်​ထား​၏​။


ကြောက်ရွံ့​ခြင်း​နှင့်​ထိတ်လန့်တုန်လှုပ်​ခြင်း​သည် အကျွန်ုပ်​အပေါ်​ကျရောက်​၍ ကြောက်ရွံ့စိတ်​သည်​လည်း အကျွန်ုပ်​ကို​လွှမ်းမိုး​လျက်​ရှိ​ပါ​၏​။


ထိုအခါ ငါ​က “​ငါ​၌ ချိုးငှက်​ကဲ့သို့​အတောင်​ရှိ​ခဲ့​လျှင် ငါ​သည် ပျံသန်း​သွား​၍ နားနေ​ပေ​လိမ့်မည်​။


ငါ့​အူ​ထဲ​၊ အသည်း​ထဲ​အထိ နာကျင်​နေ​၏​။ ငါ့​စိတ် မငြိမ်မသက်​ဖြစ်​နေ​၏​။ ငါ​သည် တိတ်ဆိတ်​စွာ​မ​နေ​နိုင်​။ တံပိုးမှုတ်သံ​၊ စစ်ပွဲ​ကြွေးကြော်သံ​ကို ငါ​ကြား​ရ​၏​။


ထာဝရဘုရား​က “​သူ​တို့ အာသာငမ်းငမ်း​ဖြစ်​နေ​ချိန်​တွင် ငါ​သည် စားသောက်ပွဲ ခင်းကျွေး​မည်​။ သူ​တို့​ကို မူး​အောင်​တိုက်​မည်​။ သူ​တို့​သည်​လည်း အပျော်ကြူး​၍ မ​နိုး​သော​အိပ်​ခြင်း​ဖြင့် ထာဝရ​အိပ်ပျော်​မည်​”​ဟု မိန့်​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟူသည့် နာမ​တော်​ရှိ​သော​ရှင်ဘုရင်​က “​ငါ​သည် ဘေဘီလုံ​မြို့​၏​မှူးမတ်​များ​၊ ပညာရှိ​များ​၊ ဘုရင်ခံ​များ​၊ အုပ်ချုပ်သူ​များ​၊ စစ်သူရဲ​များ​ကို ယစ်မူး​စေ​၍ မ​နိုး​သော​အိပ်ခြင်း​ဖြင့် ထာဝရ​အိပ်ပျော်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ဗေလရှာဇာ​မင်းကြီး​သည် မှူးမတ်​တစ်ထောင်​အတွက် စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၍ သူ​တို့​နှင့်အတူ စပျစ်ဝိုင်​ကို သောက်​လျက်​နေ​၏​။


ထို​ည​တွင်​ပင် ခါလဒဲ​ဘုရင် ဗေလရှာဇာ​မင်းကြီး ကွပ်မျက်​ခံရ​လေ​၏​။


ထိုခဏချင်း​တွင် လူ့​လက်ချောင်း​များ​ပေါ်လာ​၍ ဆီမီးခုံ​ရှေ့ နန်းတော်​၏​အင်္ဂတေ​နံရံ​ပေါ်တွင် စာရေး​နေ​၏​။ ထိုသို့​စာရေး​နေ​သော​လက်​ကို ရှင်ဘုရင် မြင်​လေ​၏​။


သူ​တို့​သည် ဆူးချုံ​ကဲ့သို့ ရစ်ပတ်​ရှုပ်ထွေး​လျက်​၊ စပျစ်ဝိုင်​ကို​သောက်စား​မူးယစ်​လျက်​နေစဉ် ခြောက်သွေ့​သော​ရိုးပြတ်​ကဲ့သို့ မီး​လောင်ကျွမ်း​ခြင်း​ခံရ​လိမ့်မည်​။


သင့်​စိတ်​ထဲ၌​ကြောက်ရွံ့​နေ​ရ​သော​အရာ​၊ သင်​မျက်စိ​၌ မြင်​နေ​ရ​သော​အရာ​တို့​ကြောင့် နံနက်အချိန်​၌ ‘​နေဝင်ချိန်​ရောက်​ပါစေ​’ နေဝင်ချိန်​၌ ‘​နံနက်အချိန်​ရောက်​ပါစေ​’​ဟု သင်​ဆို​လိမ့်မည်​။


လင်းယုန်​သည် မိမိ​အသိုက်​ကို​လှုပ်ခါ​၍ မိမိ​သားငယ်​တို့​အပေါ်​ပျံဝဲ​လျက်​၊ မိမိ​တောင်ပံ​ကို​ဖြန့်​လျက်​၊ သားငယ်​တို့​ကို​ချီယူ​ပြီး မိမိ​တောင်ပံ​ပေါ်တွင်​သယ်ဆောင်​သွား​သကဲ့သို့


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ