Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 8:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ငါ့​လူမျိုး​သမီးပျို​ဒဏ်ရာ​ရ​သောကြောင့် ငါ​ကြေကွဲ​၏​၊ ငါ​ဝမ်းနည်းပူဆွေး​၏​၊ ထိတ်လန့်​ခြင်း​သည် ငါ့​ကို​ဖမ်းစား​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ငါ​၏​အ​မျိုး​သား​တို့​သည်​အ​ချေ​မှုန်း​ခံ​ရ ကြ​သ​ဖြင့် ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​မွ​လျက်​ရှိ​၏။ ငါ​သည်​ငို​ကြွေး​မြည်​တမ်း​လျက်၊အ​လွန့်​အ​လွန် တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ငါ ၏ အ မျိုး သ တို့ သ မီး ကျိုး ပဲ့ ခံ ရ သည့် အ တွက်၊ ငါ လည်း စိတ် ကျိုး ပဲ့ လျက်၊ ညှိုး ငယ် လျက်၊ မိန်း မော လျက် နေ ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ငါ၏​လူ​မျိုး သ​တို့​သ​မီး​သည်​နာ​သော​ကြောင့်၊ ငါ​လည်း​နာ​ရ၏။ ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် နေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 8:21
14 ပူးပေါင်းရင်းမြစ်များ  

မင်းကြီး​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​။ အကျွန်ုပ်​ဘိုးဘေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​သည် ပျက်စီး​၍ မြို့​တံခါး​များ မီး​လောင်ကျွမ်း​သွား​သောကြောင့် အကျွန်ုပ် မျက်နှာ​မ​ညှိုး​ဘဲ နေ​နိုင်​ပါ​မည်လော​”​ဟု ပြန်လျှောက်​၏​။


ထို့ကြောင့် သင်​သည် သူ​တို့​အား ‘​ငါ့​လူမျိုး​သမီးပျို​သည် ကျိုးပဲ့ကြေမွ​သော​ဒဏ်ရာ​ရ​၍ ပြင်းထန်စွာ​ဝေဒနာ​ခံစား​ရ​သောကြောင့် ငါ​သည် အငို​မ​ရပ်​၊ နေ့နေ့​ညည​ငို​မည်​။


ယုဒ​ပြည် ငိုကြွေးမြည်တမ်း​လေ​ပြီ​။ မြို့​တံခါး​တို့​လည်း အားလျော့​ကြ​ပြီ​။ မြေကြီး​ပေါ်တွင် ဝမ်းနည်း​ပူဆွေး​ကြ​လေ​ပြီ​။ ဂျေရုဆလင်​မြို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ထွက်ပေါ်​လာ​ပြီ​။


အကျွန်ုပ်​မူကား ကိုယ်တော်​၏​နောက်သို့​လိုက်​သော​သိုးထိန်း​အဖြစ်​မှ ထွက်​မ​ပြေး​ပါ​။ ဆိုးဝါး​သော​နေ့​ကို အကျွန်ုပ်​မ​တောင့်တ​ကြောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ အကျွန်ုပ်​၏​နှုတ်ထွက်​စကား​သည် ရှေ့​တော်​၌​ရှိ​ပါ​၏​။


ငါ့​အူ​ထဲ​၊ အသည်း​ထဲ​အထိ နာကျင်​နေ​၏​။ ငါ့​စိတ် မငြိမ်မသက်​ဖြစ်​နေ​၏​။ ငါ​သည် တိတ်ဆိတ်​စွာ​မ​နေ​နိုင်​။ တံပိုးမှုတ်သံ​၊ စစ်ပွဲ​ကြွေးကြော်သံ​ကို ငါ​ကြား​ရ​၏​။


ရိတ်သိမ်း​ချိန်​ကျော်လွန်​ပြီ​။ နွေရာသီ​ကုန်ဆုံး​ပြီ​။ ငါ​တို့​မူကား ကယ်တင်​ခြင်း​မ​ခံရ​သေး​ပါတကား​။


မည်သူ​သည် ငါ့​ခေါင်း​ကို ရေ​တွင်း​ဖြစ်စေ​မည်နည်း​။ မည်သူ​သည် ငါ့​မျက်စိ​ကို မျက်ရည်​ထွက်​သော​စမ်း​ဖြစ်​စေ​မည်နည်း​။ သို့ဖြစ်လျှင် အသတ်ခံရ​သော​ငါ့​လူမျိုး​သမီးပျို​အတွက် ငါ​သည် နေ့​ည​မပြတ်​ငိုကြွေး​နိုင်​လိမ့်မည်​။


ငါ​သည် ကိုယ်တော်​၏​အမျက်​တော်​ကြိမ်လုံး​ကြောင့် ဖိစီးနှိပ်စက်မှု​ကို ကြုံတွေ့​ခဲ့​ရ​သော​သူ​ဖြစ်​ပါ​၏​။


လူ​တို့​သည် သူ​တို့​ရှေ့​တွင် တုန်လှုပ်​လျက် မျက်နှာ​ဖြူဖတ်ဖြူရော်​ဖြစ်​လိမ့်မည်​။


မြို့​သည် ဘာမျှ​မ​ကျန်​အောင် ပျက်စီး​၍ ဟင်းလင်းပြင်​ဖြစ်​လေ​ပြီ​။ လူ​တို့​သည်​လည်း စိတ်ပျက်အားလျော့​လျက်​၊ ကြောက်ဒူးတုန်​လျက်​၊ ခါးချည့်​လျက် မျက်နှာ​ဖြူဖတ်ဖြူရော်​ဖြစ်​ကြ​လေ​ပြီ​။


ထို့နောက် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်လာ​၍ ထို​မြို့​ကို​မြင်​တော်မူ​လျှင် ၎င်း​အတွက် ငိုကြွေး​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ