Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 15:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ငါ့​စိတ်နှလုံး​သည် မောဘ​ပြည်​အတွက် အော်ဟစ်​၏​။ ထို​ပြည်​မှ​ထွက်ပြေး​သော​သူ​တို့​သည် ဇောရ​မြို့​၊ ဧဂလတ်ရှလိရှ​မြို့​အထိ ပြေး​ကြ​၏​။ လုဟိတ်​မြို့​သို့​တက်သွား​သောအခါ ငိုကြွေး​လျက်​တက်သွား​ကြ​၏​။ ပျက်စီး​ခြင်း​ကြောင့် ဟောရနိမ်​မြို့​သို့​သွား​ရာ​လမ်း​၌ အသံ​ကို​လွှင့်​၍ အော်ဟစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ငါ​သည်​မော​ဘ​ပြည်​အ​တွက်​ငို​ကျွေး​၏။ ပြည် သူ​တို့​သည်​ဇော​ရ​မြို့​ဧ​ဂ​လတ်​ရှ​လိ​ရှိ​ယ အ​ထိ​ထွက်​ပြေး​ကြ​၏။ အ​ချို့​သော​သူ​တို့ သည်​မျက်​ရည်​ကျ​လျက် လု​ဟိတ်​တောင်​လမ်း အ​တိုင်း​တက်​သွား​ကြ​၏။ အ​ချို့​တို့​က​မူ ဝမ်း​နည်း​အော်​ဟစ်​ငို​ကြွေး​ကာ ဟော​ရ​နိမ် မြို့​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ငါ သည် မော ဘ ပြည် အ တွက် စိတ် က ပင် ဟစ် နေ၏။ ထွက် ပြေး ရ သူ တို့ သည် ဇော ရ မြို့၊ ဧ ဂ လတ် ရှ လိ ရှ မြို့ များ သို့ ပြေး ကြ ရာ၊ လုဟိတ် ကုန်း လမ်း ဖြင့် တက် သွား ငို ကြွေး လျက်၊ ဟော ရ နိမ် မြို့ လမ်း၌ လည်း ပျက် ပြား ခြင်း အ တွက် ဟစ် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ငါ့​နှ​လုံး​သည်​လည်း၊ မော​ဘ​အ​ဖို့ ငို​ကြွေး၏။ ပြေး​သော​သူ​တို့​သည်၊ သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​ကဲ့​သို့ ဇော​ရ​မြို့​တိုင်​အောင် လည်​ကြ၏။ လု​ဟိတ်​တောင်​ပေါ်​သို့ မျက်​ရည်​ကျ​လျက် တက်​ကြ၏။ ဟော​ရ​နိမ်​မြို့​သို့ သွား​သော​လမ်း၌​လည်း ဆုံး​ရှုံး​ခြင်း​အ​သံ​ကို​လွှင့်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 15:5
23 ပူးပေါင်းရင်းမြစ်များ  

လောတ​သည် မျှော်ကြည့်​ရာ ဇောရ​မြို့​သို့​သွား​သော​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​သည် ထာဝရဘုရား​၏​ဥယျာဉ်​တော်​ကဲ့သို့​လည်းကောင်း​၊ အီဂျစ်​ပြည်​ကဲ့သို့​လည်းကောင်း ရေပေါများ​လျက်​ရှိ​သည်​ကို​မြင်​လေ​၏​။ (​ထို​အချိန်​က သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​ကို ထာဝရဘုရား​ဖျက်ဆီး​တော်​မ​မူ​သေး​ချေ​။​)


သူ​တို့​သည် သောဒုံ​ဘုရင်​ဗေရ​မင်းကြီး​၊ ဂေါမောရ​ဘုရင်​ဗိရရှ​မင်းကြီး​၊ အာဒမာ​ဘုရင်​ရှိနပ်​မင်းကြီး​၊ ဇေဘိုင်​ဘုရင်​ရှေမဘာ​မင်းကြီး​၊ ဗေလ​(​ဇောရ)​ဘုရင်​တို့​နှင့် စစ်တိုက်​ကြ​၏​။


ထို​အရပ်​သို့ အလျင်အမြန်​ပြေး​လော့​။ အကြောင်းမူကား ထို​အရပ်​သို့ သင်​မ​ရောက်​မ​ချင်း ငါ​သည် မည်သည့်​အမှု​ကို​မျှ​ပြု​၍​မ​ရ​”​ဟု ဆို​၏​။ ဤ​အကြောင်း​ကြောင့် ထို​မြို့​၏​အမည်​ကို ဇောရ ဟု​ခေါ်​ကြ​၏​။


လူ​အပေါင်း​တို့ ဖြတ်ကူး​သွား​ကြ​သောအခါ ပြည်သူပြည်သား​အပေါင်း​တို့​သည် အော်ဟစ်​ငိုကြွေး​ကြ​၏​။ ရှင်ဘုရင်​သည် ကေဒြုန်​ချောင်း​ကို ဖြတ်ကူး​သဖြင့် လူ​အပေါင်း​တို့​သည်​လည်း ဖြတ်ကူး​၍ ကန္တာရ​လမ်း​အတိုင်း သွား​ကြ​၏​။


ဒါဝိဒ်​မင်းကြီး​သည် သံလွင်​တောင်​တက်လမ်း​အတိုင်း ငိုကြွေး​လျက်​၊ ဦးခေါင်း​ကို​လည်း​ခြုံ​လျက် ခြေနင်း​တော်​မ​ပါ​ဘဲ တက်သွား​၏​။ သူ​နှင့်​ပါလာ​သော​လူ​အပေါင်း​တို့​သည်​လည်း အသီးသီး​ဦးခေါင်း​ကို​ခြုံ​ထား​လျက်​၊ ငိုကြွေး​လျက် လိုက်တက်​သွား​ကြ​၏​။


တစ်ဖန် ထာဝရဘုရား​က “​သူရင်းငှား​၏​နှစ်ကာလ​အရ သုံး​နှစ်​အတွင်း မောဘ​ပြည်​၏​ဘုန်းအသရေ​သည် လူထု​ကြီး​နှင့်အတူ ရှုတ်ချ​ခြင်း​ခံရ​မည်​။ လူ​အနည်းငယ်​သာ​ကြွင်းကျန်​၍ အားနည်း​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၌ နေ့ရက်​တစ်​ရက်​ရှိ​၏​။ ထို​နေ့​၌ စိတ်အာရုံ​ချိုင့်ဝှမ်း​တွင် ထိတ်လန့်ချောက်ချား​ခြင်း​ရှိ​မည်​၊ နိုင်ထက်စီးနင်း​ခံရ​မည်​၊ ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​။ မြို့ရိုး​ပြိုပျက်​၍ တောင်​များ​ဆီသို့ အော်ဟစ်သံ​များ ရောက်သွား​လိမ့်မည်​။


သူ​တို့​ခြေ​သည် မကောင်းမှု​ရှိ​ရာ​သို့ ပြေးသွား​တတ်​၏​။ သူ​တို့​သည် အပြစ်မဲ့​သော​သူ​အား သတ်ဖြတ်​ရန် လျင်မြန်​၏​။ သူ​တို့​၏​အကြံ​သည် မကောင်း​သော​အကြံ​ဖြစ်​၏​။ သူ​တို့​သွား​ရာ​လမ်း​၌ ပျက်စီး​ပြိုပျက်​ခြင်း​ရှိ​၏​။


သင်​တို့​နား​မ​ထောင်​လျှင် သင်​တို့​၏​မာန်မာန​ကြောင့် ငါ့​စိတ်ဝိညာဉ်​သည် ကွယ်​ရာ​၌ ငိုကြွေး​မည်​။ ထာဝရဘုရား​၏​သိုးစု​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သောကြောင့် ငါ​သည် ဝမ်းနည်းပက်လက်​ငိုကြွေး​မည်​၊ မျက်ရည်​ဖြိုင်ဖြိုင်စီးကျ​မည်​။


အကျွန်ုပ်​မူကား ကိုယ်တော်​၏​နောက်သို့​လိုက်​သော​သိုးထိန်း​အဖြစ်​မှ ထွက်​မ​ပြေး​ပါ​။ ဆိုးဝါး​သော​နေ့​ကို အကျွန်ုပ်​မ​တောင့်တ​ကြောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ အကျွန်ုပ်​၏​နှုတ်ထွက်​စကား​သည် ရှေ့​တော်​၌​ရှိ​ပါ​၏​။


ငါ့​အူ​ထဲ​၊ အသည်း​ထဲ​အထိ နာကျင်​နေ​၏​။ ငါ့​စိတ် မငြိမ်မသက်​ဖြစ်​နေ​၏​။ ငါ​သည် တိတ်ဆိတ်​စွာ​မ​နေ​နိုင်​။ တံပိုးမှုတ်သံ​၊ စစ်ပွဲ​ကြွေးကြော်သံ​ကို ငါ​ကြား​ရ​၏​။


ပျက်စီး​ခြင်း​တစ်​ခု​ပြီး​တစ်​ခု လိုက်လာ​ပြီ​။ တစ်ပြည်လုံး ဖျက်ဆီး​ခြင်း​ခံရ​ပြီ​။ ငါ့​တဲ​တို့​သည် ရုတ်တရက်​ဖျက်ဆီး​ခြင်း​ခံရ​ပြီ​။ ငါ့​ရွက်ထည်​တို့​သည် တစ်ခဏချင်း​တွင် ဖျက်ဆီး​ခြင်း​ခံရ​ပြီ​။


‘​ဖျက်ဆီး​ခံရ​ပြီ​။ အကြီးအကျယ်​ပျက်စီး​လေ​ပြီ​’​ဟု ဟောရနိမ်​မြို့​မှ အော်ဟစ်ငိုကြွေးသံ​ကြား​ရ​၏​။


လုဟိတ်​မြို့​သို့​တက်သွား​သောအခါ ငိုကြွေး​လျက် တက်သွား​ကြ​၏​။ ပျက်စီး​ခြင်း​ကြောင့် ဟောရနိမ်​မြို့​သို့​ဆင်း​သော​လမ်း​၌ အော်ဟစ်ငိုကြွေးသံ​ကို ရန်သူ​တို့​ကြား​ရ​၏​။


“ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ”​ဟူသော​အော်ဟစ်သံ​ကြောင့် မြေကြီး​တုန်ခါ​သွား​လိမ့်မည်​။ သူ​တို့​အော်ဟစ်​သော​အသံ​ကို လူမျိုးတကာ​တို့ ကြား​ရ​လိမ့်မည်​။


ငါ​သည် တောင်​များ​အတွက် ငိုကြွေး​မြည်တမ်း​မည်​။ စားကျက်​တောကြီး​များ​အတွက် ကြေကွဲဝမ်းနည်း​မည်​။ အကြောင်းမူကား ထို​နေရာ​တို့​ကို မီးလောင်​သွား​ပြီ​။ ဖြတ်သန်းသွားလာ​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​။ သိုးနွား​တို့​၏​အသံ​ကို​မ​ကြား​ရ​။ ကောင်းကင်​ငှက်​များ​၊ တိရစ္ဆာန်​များ​သည်​လည်း အဝေး​သို့​ထွက်ပြေး​သွား​ကြ​ပြီ​။


အို မောဘ​ပြည်​၊ သင်​၌ အမင်္ဂလာ​ရှိ​၏​။ အို ခေမုရှ​ဘုရား​၏​လူ​တို့​၊ သင်​တို့​ပျက်စီး​လေ​ပြီ​။ ခေမုရှ​ဘုရား​သည် မိမိ​သား​များ​ကို ဝရမ်းပြေး​အဖြစ်​၊ မိမိ​သမီး​များ​ကို သုံ့ပန်း​အဖြစ် အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး​အား ပေးအပ်​လေ​ပြီ​တကား​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ