ယေရမိ 49:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible2 သို့ ဖြစ်၍၊ အ မ္မုန် ပြည် ရ ဗ္ဗာ မြို့ တော်၌၊ စစ် ရေး သံ ကို ငါ ကြား စေ သ ဖြင့်၊ မြို့ တော် သည် ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း၊ ဇ န ပုဒ် များ လည်း မီး ကျွမ်း လောင် ခြင်း ကို ခံ ရ သည့် အ လျောက်၊ ဣ သ ရေ လ လူ မျိုး ကို ပိုင် ခဲ့ သူ တို့ သည်၊ ထို လူ မျိုး ထံ ပိုင် ခြင်း ကို ခံ ရ သော နေ့ ရက် ကာ လ ရောက် တော့ မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါ ဣသရေလအမျိုး၏ နေရာကို၊ သိမ်းယူသောသူတို့၏နေရာကို၊ ဣသရေလသည် တစ်ဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့ စစ်ထွက်တိုက်ချိန်ရောက်သောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့်တပ်မှူးများအပါအဝင် အစ္စရေးစစ်သည်အပေါင်းတို့ကို စစ်ထွက်တိုက်စေ၏။ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း ဝိုင်းထားလိုက်ကြ၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။
ဣသခါနှင့် အာရှာနယ်မြေထဲတွင် မနာရှေရသောအမွေမြေများမှာ ကုန်းမြင့်ဒေသသုံးခုရှိ ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ အင်္ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများဖြစ်သည်။