ထို့ကြောင့် စစ်သားတို့သည် သူတို့အားမှာကြားထားသည့်အတိုင်း ပေါလုကိုခေါ်၍ ညအချိန်၌ပင် အန္တိပတရိမြို့သို့ ပို့ကြ၏။
၂ တိ 2:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်၏ စစ်သားကောင်းတစ်ဦးအဖြစ် ဆင်းရဲဒုက္ခကို ကျွန်ုပ်နှင့်အတူ သည်းခံလော့။ Common Language Bible သင်သည်ခရစ်တော်ယေရှု၏စစ်သည်တော် ကောင်းအနေဖြင့်ဆင်းရဲဒုက္ခကိုခံလော့။- Garrad Bible ခ ရစ် တော် ယေ ရှု၏ စစ် သည် တော် ကောင်း အ ဖြစ် ငါ နှင့် အ တူ ဒု က္ခ ခံ လော့။ Judson Bible ထိုသို့အလိုငှာ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကို သည်းခံလော့၊- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်ယေရှု၏စစ်သားကောင်းတစ်ဦးအဖြစ် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။ |
ထို့ကြောင့် စစ်သားတို့သည် သူတို့အားမှာကြားထားသည့်အတိုင်း ပေါလုကိုခေါ်၍ ညအချိန်၌ပင် အန္တိပတရိမြို့သို့ ပို့ကြ၏။
မေတ္တာသည် အစဉ်အမြဲကြံ့ကြံ့ခံတတ်၏။ အစဉ်အမြဲယုံကြည်တတ်၏။ အစဉ်အမြဲ မျှော်လင့်တတ်၏။ အစဉ်အမြဲသည်းခံတတ်၏။
မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းရသနည်း။ မည်သူသည် စပျစ်ခြံကို စိုက်ပျိုးပြီး ထိုခြံထွက်အသီးကို မစားဘဲနေရသနည်း။ မည်သူသည် သိုးအုပ်ကို ထိန်းကျောင်းပြီး သိုးနို့ကို မသောက်ဘဲနေရသနည်း။
ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံရလျှင် ထိုအရာသည် သင်တို့နှစ်သိမ့်ခံရရန်နှင့် ကယ်တင်ခံရရန်အတွက်ဖြစ်၏။ ကျွန်ုပ်တို့ နှစ်သိမ့်ခံရလျှင်လည်း ထိုအရာသည် သင်တို့နှစ်သိမ့်ခံရရန်အတွက်ဖြစ်၏။ ကျွန်ုပ်တို့ ခံရသောဆင်းရဲဒုက္ခမျိုးကို သင်တို့ ကြုံတွေ့ရသောအခါ ထိုနှစ်သိမ့်ခြင်းသည် သင်တို့အား သည်းခံနိုင်စွမ်းကို ဖြစ်စေ၏။
ကျွန်ုပ်၏သား တိမောသေ… ယခင်က သင့်ကို ရည်စူး၍ ပရောဖက်တို့ဟောပြောခဲ့သော အရာများကို အခြေခံ၍ သင့်ကို ကျွန်ုပ်ညွှန်ကြားလိုက်၏။ ထိုဟောပြောချက်များကို လိုက်နာခြင်းဖြင့် တိုက်ပွဲကို ကောင်းစွာ တိုက်ခိုက်နိုင်ရန် ဖြစ်၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရသူ၊ ယေရှုခရစ်တော်ကို ယုံကြည်လျှင် ရရှိမည်ဟု ဘုရားသခင် ကတိပေးတော်မူသည့်ထာဝရအသက်အကြောင်းကို ဟောပြောရန် စေလွှတ်ခံရသူ ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ထို့ကြောင့် ကျွန်ုပ်တို့၏ သခင်ဘုရားအကြောင်း သက်သေခံရန် မရှက်နှင့်။ သခင်ဘုရားအတွက်ကြောင့် အကျဉ်းချခံနေရသော ကျွန်ုပ်အတွက်လည်း မရှက်နှင့်။ ဘုရားသခင်၏ တန်ခိုးတော်ဖြင့် သတင်းကောင်းအတွက် ကျွန်ုပ်နှင့်အတူ ဒုက္ခခံလော့။
ထို့ကြောင့် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ယေရှုခရစ်တော်ကို ယုံကြည်၍ ကယ်တင်ခြင်းကို ထာဝရဘုန်းတော်နှင့်အတူ ရရှိနိုင်ရန် ထိုသူတို့အတွက် ဆင်းရဲဒုက္ခအားလုံးကို ကျွန်ုပ်သည်းခံ၏။
ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။
အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့တွင် ကျွန်ုပ်မည်သို့ညှဉ်းပန်းနှိပ်စက် ခံရ၍ ဆင်းရဲဒုက္ခကြုံခဲ့ရသည်ကိုလည်း သင်သိ၏။ သို့သော် သခင်ဘုရားသည် ထိုဆင်းရဲဒုက္ခအပေါင်းမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၏။
သို့သော်လည်း သင်သည် အရာရာ၌ သတိရှိလော့။ ဆင်းရဲဒုက္ခကို သည်းခံ၍ သတင်းကောင်းဟောပြောသူတစ်ဦး ဆောင်ရွက်ရမည့် အမှုကို ပြုလျက် အမှုတော်ကို အပြည့်အဝဆောင်ရွက်လော့။
ကျွန်ုပ်တို့၏နှမအပ္ပိ၊ ကျွန်ုပ်တို့၏ရဲဘော်ရဲဘက်အာခိပ္ပုနှင့်တကွ ဖိလေမုန်အိမ်၌ စုဝေးကြသောအသင်းသားများထံသို့ ပို့လိုက်သောစာ ဖြစ်၏။
သင်တို့သည် အလင်းသို့ ရောက်ပြီးနောက် ပြင်းထန်သောဆင်းရဲဒုက္ခများကို ခံစားခဲ့ကြရသော်လည်း ကြံကြံ့ခံခဲ့သည့် ယခင်နေ့ရက်များကို သတိရကြလော့။
ရှင်ဘုရင်၏အမျက်ကို မကြောက်ဘဲ ယုံကြည်ခြင်းဖြင့် အီဂျစ်ပြည်ကို စွန့်ခွာ၍ မမြင်နိုင်သော ဘုရားသခင်ကို မြင်ရသကဲ့သို့ ဇွဲလုံ့လထားခဲ့၏။
ထိုသို့ အာဗြဟံသည် စိတ်ရှည်စွာ စောင့်ဆိုင်းပြီးနောက် ဘုရားသခင်ကတိထားတော်မူသောအရာကို ရရှိခဲ့၏။
ဒုက္ခဆင်းရဲတို့ဖြင့် စမ်းသပ်ခြင်းကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုစမ်းသပ်ခြင်းကို အောင်မြင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အတွက် ကတိထားတော်မူသည့် အသက်ဆုသရဖူကို ရမည်ဖြစ်သောကြောင့်ပင်။