ယာကုပ် 1:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ဒုက္ခဆင်းရဲတို့ဖြင့် စမ်းသပ်ခြင်းကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုစမ်းသပ်ခြင်းကို အောင်မြင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အတွက် ကတိထားတော်မူသည့် အသက်ဆုသရဖူကို ရမည်ဖြစ်သောကြောင့်ပင်။ အခန်းကိုကြည့်ပါ။Common Language Bible12 စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။- အခန်းကိုကြည့်ပါ။Garrad Bible12 စုံ စမ်း ခံ ရာ ၌ တည် ကြည် သူ သည် မင်္ဂ လာ ရှိ၏။ စံ တော် မီ သ ဖြင့် ကိုယ် တော် ကို ချစ် သူ တို့ အား က တိ ထား တော် မူ သော အ သက် သ ရ ဖူ ကို ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible12 စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။