၂ တိ 4:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း5 သို့သော်လည်း သင်သည် အရာရာ၌ သတိရှိလော့။ ဆင်းရဲဒုက္ခကို သည်းခံ၍ သတင်းကောင်းဟောပြောသူတစ်ဦး ဆောင်ရွက်ရမည့် အမှုကို ပြုလျက် အမှုတော်ကို အပြည့်အဝဆောင်ရွက်လော့။ အခန်းကိုကြည့်ပါ။Common Language Bible5 သင်မူကားအဘယ်အမှုမျိုးနှင့်ကြုံတွေ့ရ သည်မဆိုသမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခခံ လော့။ သတင်းကောင်းကိုကြေညာသည့်အလုပ် ကိုဆောင်ရွက်လော့။ ဘုရားသခင်၏အစေခံ အနေဖြင့်သင်၏တာဝန်ရှိသမျှကိုထမ်း ဆောင်လော့။ အခန်းကိုကြည့်ပါ။Garrad Bible5 သင် မူ ကား အ ရာ ရာ၌ သ တိ ရှိ လျက်၊ ဒု က္ခ ခံ လျက်၊ ဓ မ္မ က တိ က ပြု လျက်၊ အ မှု တော် ဆောင် မြဲ ဆောင် လျက် နေ လော့။ အခန်းကိုကြည့်ပါ။Judson Bible5 သင်မူကား၊ အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သင်မူကား အရာရာ၌ သမ္မာသတိရှိလော့။ ဆင်းရဲဒုက္ခကိုခံ၍ ကောင်းမြတ်သောသတင်းဟောပြောသူပြုရမည့်အမှုကို ပြုလော့။ သင်၏အမှုတော်လုပ်ငန်းကို အပြည့်အဝဆောင်ရွက်လော့။ အခန်းကိုကြည့်ပါ။ |
သင်တို့ခေါင်းဆောင်များ၏စကားကို နာခံ၍ နားထောင်ကြလော့။ သူတို့သည် မိမိတို့ပြုသည့်အမှုကို ဘုရားသခင်ထံ အစီရင်ခံရမည်ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကို အစဉ်စောင့်ရှောက်ကြ၏။ သင်တို့နာခံလျှင် သူတို့သည် ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ မလိုက်နာလျှင် သူတို့ဝမ်းနည်းရသဖြင့် သင်တို့အတွက် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်။
နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များ၏ တန်ခိုးဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ပြုတော်မူသောအမှုတို့မှလွဲ၍ မည်သည့်အရာအတွက်မျှ ကျွန်ုပ်ဂုဏ်မယူဝံ့ပါ။ ဤနည်းဖြင့် ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဂျေရုဆလင်မြို့မှ ဣလုရိတ်ပြည်အထိ ရောက်ရှိရာ အရပ်ဒေသတို့၌ အကုန်အစင်ဟောပြောခဲ့၏။