Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 13:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 မေတ္တာ​သည် အစဉ်အမြဲ​ကြံ့ကြံ့ခံတတ်၏။ အစဉ်အမြဲ​ယုံကြည်တတ်၏။ အစဉ်အမြဲ မျှော်လင့်တတ်၏။ အစဉ်အမြဲ​သည်းခံတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 မည့်​သည့်​အ​ခါ​မျှ​လက်​အ​လျော့​မ​ပေး​တတ်။ မေတ္တာ​သည်​အ​မြဲ​ယုံ​ကြည်​တတ်​၏။ အ​မြဲ မျှော်​လင့်​တတ်​၏။ အ​မြဲ​သည်း​ခံ​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အ ရာ ရာ ကို ယုံ ကြည် လျက်၊ အ ရာ ရာ ကို မြော် လင့် လျက်၊ အ ရာ ရာ ကို သည်း ခံ လျက် နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ခပ်​သိမ်း​သော​အ​ရာ​ကို ဖုံး​အုပ်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လ​င့်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ခပ်သိမ်း​သော​အရာ​ကို ကြံ့ကြံ့ခံ​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို ယုံကြည်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို မျှော်လင့်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို သည်းခံ​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 13:7
29 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​နောက်လိုက်များ​ဖြစ်​သောကြောင့် လူအပေါင်းတို့​သည် သင်တို့​ကို မုန်းတီးကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် ကယ်တင်ခံရ​လိမ့်မည်။


ယေရှု​က “ ‘ငါ​တတ်နိုင်​လျှင်’ ဟု အဘယ်ကြောင့်​ဆိုသနည်း။ ယုံကြည်သောသူ​ဖြစ်​လျှင် အရာခပ်သိမ်း​သည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။


ယုံကြည်ခြင်း​အားကြီးသော ကျွန်ုပ်တို့​သည် မိမိတို့​စိတ်ကြိုက်​မပြုမူဘဲ အားနည်းသော​သူတို့​၏ အားနည်းချက်များ​ကို ထောက်ထား​ညှာတာ​ရမည်။


ကျွန်ုပ်တို့​သည် မျှော်လင့်ခြင်း​အားဖြင့် ကယ်တင်တော်မူခြင်း​ကို ခံရကြ၏။ သို့သော်လည်း မြင်တွေ့​နေရသော မျှော်လင့်ခြင်း​သည် မျှော်လင့်ခြင်း​မဟုတ်။ မြင်တွေ့​နေရသော​အရာ​ကို မည်သူ​မျှော်လင့်​မည်နည်း။


မေတ္တာ​သည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။ မေတ္တာ​သည် မနာလို​မဖြစ်တတ်။ မကြွားဝါတတ်။ မာန်မာန​မထားတတ်။


အခြား​သူတို့​သည် သင်တို့​ထံမှ ဤ​ခံစားခွင့်​ကို ရ​လျှင် ကျွန်ုပ်တို့​သည် ပို၍ ရထိုက်သည်​မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့​သည် ဤ​ခံစားခွင့်​ကို မယူခဲ့ကြ။ ခရစ်တော်​၏ သတင်းကောင်း​ကို အဆီးအတား​မရှိ​စေရန်​အတွက် မည်သည့်​အခက်အခဲ​ကို​မဆို သည်းခံကြ၏။


အချင်းချင်းတို့​၏ ဝန်ထုပ်ဝန်ပိုးများ​ကို ကူညီ​ထမ်းရွက်ကြလော့။ ဤသို့​ပြုခြင်း​အားဖြင့် သင်တို့​သည် ခရစ်တော်​၏ တရားတော်​ကို လိုက်နာ​လိမ့်မည်။


ထို့ကြောင့် သင်တို့​သည် ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ဆင်းရဲဒုက္ခ​အားလုံး​ကြားက​ပင် သည်းခံ​၍ ယုံကြည်​သဖြင့် ဘုရားသခင်​၏ အသင်းတော်များ​အလယ်​၌ သင်တို့​အကြောင်း ကျွန်ုပ်တို့​ကိုယ်တိုင် ဂုဏ်ယူ​ဝင့်ကြွားကြ၏။


သခင်ဘုရား​၏ အစေအပါး​သည် ခိုက်ရန်​မဖြစ်ဘဲ လူအပေါင်းတို့​အပေါ် နူးညံ့သိမ်မွေ့​စွာ ဆက်ဆံ​တတ်ပြီး သင်ကြားပေးတတ်သူ၊ သည်းခံ​နိုင်စွမ်း​ရှိသူ ဖြစ်ရမည်။


အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့​တို့​တွင် ကျွန်ုပ်​မည်သို့​ညှဉ်းပန်းနှိပ်စက် ခံရ​၍ ဆင်းရဲဒုက္ခ​ကြုံခဲ့ရသည်​ကိုလည်း သင်​သိ၏။ သို့သော် သခင်ဘုရား​သည် ထို​ဆင်းရဲဒုက္ခ​အပေါင်း​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ၏။


သို့သော်လည်း သင်​သည် အရာရာ​၌ သတိရှိလော့။ ဆင်းရဲဒုက္ခ​ကို သည်းခံ​၍ သတင်းကောင်း​ဟောပြောသူ​တစ်ဦး ဆောင်ရွက်ရမည့် အမှု​ကို ပြု​လျက် အမှုတော်​ကို အပြည့်အဝ​ဆောင်ရွက်လော့။


ထို့ကြောင့် ကျွန်ုပ်တို့​သည် စခန်း​အပြင်​ဘက်သို့ ထွက်​ကာ ကိုယ်တော်​ထံ သွား​၍ ကိုယ်တော်​ခံရသော ကဲ့ရဲ့​ရှုတ်ချခြင်း​ကို ခံကြစို့။


ဒုက္ခဆင်းရဲတို့​ဖြင့် စမ်းသပ်ခြင်း​ကို အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် မင်္ဂလာ​ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ​သည် ထို​စမ်းသပ်ခြင်း​ကို အောင်မြင်​သောအခါ ဘုရားသခင်​ကို ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် အသက်​ဆုသရဖူ​ကို ရမည်​ဖြစ်သောကြောင့်​ပင်။


ကျွန်ုပ်တို့​သည် အပြစ်​မကျူးလွန်တော့ဘဲ ဖြောင့်မတ်​စွာ ပြုမူနေထိုင်​နိုင်ရန် ကိုယ်တော်​သည် သစ်တိုင်​ပေါ်၌ အသေခံခြင်း​အားဖြင့် ကိုယ်ခန္ဓာတော်​၌ ကျွန်ုပ်တို့​၏​အပြစ်များ​အတွက် ပြစ်ဒဏ်​ခံတော်မူ၏။ ကိုယ်တော်​၏​ဒဏ်ရာဒဏ်ချက်များ​ကြောင့် သင်တို့​သည် အနာ​ပျောက်ကင်းကြ၏။


အရေးကြီးဆုံး​အရာ​မှာ အချင်းချင်း​နှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာ​သည် အပြစ်​များစွာ​ကို ဖုံးအုပ်တတ်​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ