Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 မည်သူ​သည် မိမိ​စရိတ်​ဖြင့် စစ်မှုထမ်း​ရသနည်း။ မည်သူ​သည် စပျစ်ခြံ​ကို စိုက်ပျိုး​ပြီး ထို​ခြံထွက်​အသီး​ကို မစားဘဲ​နေရသနည်း။ မည်သူ​သည် သိုးအုပ်​ကို ထိန်းကျောင်း​ပြီး သိုးနို့​ကို မသောက်ဘဲ​နေရသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 အ​ဘယ်​ဥ​ယျာဉ်​မှူး​သည်​မိ​မိ​စိုက်​ပျိုး​သည့် စ​ပျစ်​ဥ​ယျာဉ်​မှ စ​ပျစ်​သီး​ကို​မ​စား​ဘဲ​နေ သ​နည်း။ အ​ဘယ်​သိုး​ထိန်း​သည်​မိ​မိ​ထိန်း ကျောင်း​ရ​သည့်​သိုး​များ​မှ​နို့​ကို​မ​သုံး ဆောင်​ဘဲ​နေ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 စစ် သည် သည် ကိုယ့် စ ရိတ် နှင့် အ မှု ထမ်း ရ သ လော။ စ ပျစ် ခြံ စိုက် ပျိုး သူ သည် အ သီး မ စား ဘဲ နေ ရ သ လော။ သိုး ဆိတ် ထိန်း ကျောင်း သူ သည် နို့ ကို မ သုံး ဆောင် ဘဲ နေ ရ သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​ဘယ်​သူ​သည် ကိုယ်​စ​ရိတ်​ကို​သုံး၍ စစ်​မှု​ကို ထမ်း​ရ​သ​နည်း။ အ​ဘယ်​သူ​သည် ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍ အ​သီး​ကို​မ​စား​ဘဲ နေ​ရ​သ​နည်း။ အ​ဘယ်​သူ​သည် သိုး​ထိန်း​လုပ်၍ သိုး​နို့​ကို​မ​သုံး​ဘဲ နေ​ရ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 မည်သူ​သည် မိမိ​စရိတ်​ဖြင့် စစ်မှုထမ်း​ဖူး​သနည်း။ မည်သူ​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​ပြီး ၎င်း​၏​အသီး​ကို မ​စား​ဘဲ​နေ​သနည်း။ သို့မဟုတ် မည်သူ​သည် သိုး​အုပ်​ကို​ထိန်းကျောင်း​ပြီး သိုး​တို့​၏​နို့​ကို မ​သောက်​ဘဲ​နေ​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:7
16 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


ကျွန်ုပ်​၏​သား တိမောသေ… ယခင်က သင့်​ကို ရည်စူး​၍ ပရောဖက်တို့​ဟောပြောခဲ့သော အရာများ​ကို အခြေခံ​၍ သင့်​ကို ကျွန်ုပ်​ညွှန်ကြားလိုက်၏။ ထို​ဟောပြောချက်များ​ကို လိုက်နာခြင်း​ဖြင့် တိုက်ပွဲ​ကို ကောင်းစွာ တိုက်ခိုက်​နိုင်ရန် ဖြစ်၏။


ယုံကြည်ခြင်း​ဆိုင်ရာ တိုက်ပွဲကောင်း​ကို တိုက်​၍ ထာဝရ​အသက်​ကို အရ​ယူလော့။ ထာဝရ​အသက် ရ​ရန် ဘုရားသခင်​သည် သင့်​ကို ခေါ်တော်မူပြီး သင်​သည်လည်း ခရစ်တော်​ကို ယုံကြည်ကြောင်း သက်သေ​များစွာ​ရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။


တိုက်ပွဲကောင်း​ကို ကျွန်ုပ်​တိုက်ခဲ့ပြီ။ တာ​အဆုံး​တိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်း​တရား​ကို စောင့်ထိန်းခဲ့ပြီ။


သင်တို့​အား ဘုရားသခင်​အပ်ထားတော်မူသည့် သိုးစု​ကဲ့သို့သော လူတို့​ကို အုပ်ထိန်းလော့။ မဖြစ်မနေ​အုပ်ထိန်းရခြင်း​ကြောင့် မဟုတ်ဘဲ ဘုရားသခင်​အလိုတော်​နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွား​အတွက် မဟုတ်ဘဲ စိတ်အားထက်သန်​စွာ အုပ်ထိန်းလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ