သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
၂ တိ 1:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူပြီး သန့်ရှင်းသောဘဝ၌ အသက်ရှင်နေထိုင်ရန် ခေါ်ယူတော်မူသည်မှာ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ ကိုယ်တော်၏ အကြံအစည်တော်နှင့် ကျေးဇူးတော်ကြောင့် ဖြစ်၏။ ကိုယ်တော်သည် ရှေးယခင်မတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ထိုကျေးဇူးတော်ကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၏။ Common Language Bible ဘုရားသခင်သည်ငါတို့အားကယ်တင်တော်မူ ၍ မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေးကောက်တော် မူသည်မှာ ငါတို့ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်ဘဲ ကိုယ်တော်တိုင်၏အကြံ အစည်တော်နှင့်ကျေးဇူးတော်ကြောင့်ဖြစ်ပေ သည်။ ကိုယ်တော်သည်ကမ္ဘာမတည်ရှိမီကာလ ကပင်ခရစ်တော်ယေရှုအားဖြင့်ငါတို့အား ထိုကျေးဇူးတော်ကိုချပေးတော်မူ၏။- Garrad Bible ဘု ရား သ ခင် သည် ငါ တို့ အ ပြု အ ကျင့် များ အ လျောက် မ ဟုတ်။ ရှေး မ ဆွ ကာ လ များ က ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ တို့ အား သ နား တော် မူ၍ ငါ တို့ ကယ် တင် ရှင် ခ ရစ် တော် ယေ ရှု ထင် ရှား တော် မူ ခြင်း အား ဖြင့် ယ ခု ဖော် ပြ သော အ ကြံ တော် နှင့် ကျေး ဇူး တော် အ လျောက် ငါ တို့ ကို ကယ် တင်၍ သန့် ရှင်း သော အ ဖြစ် အ နေ သို့ ခေါ် ထား တော် မူ၏။ ခ ရစ် တော် ယေ ရှု လည်း သေ ခြင်း တ ရား ကို ပယ် ဖျက် ပြီး လျှင် အ သက် ရှင် ခြင်း နှင့် သင်္ခါ ရ ကင်း ခြင်း တ ရား ကို သ တင်း တော် မြတ် အား ဖြင့် ဖွင့် ထား တော် မူ ပြီ ဖြစ်၍၊ Judson Bible ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဖို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။ |
သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
ထိုအချိန်၌ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရွှင်လန်းလျက် “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏အဖ။ ဤသည်မှာ အဖခမည်းတော် နှစ်သက်တော်မူသောအရာပင် ဖြစ်၏။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
အကျွန်ုပ်သည် သူတို့အတွက် ဆုတောင်းပါ၏။ လောကီသားတို့အတွက် ဆုတောင်းသည် မဟုတ်ပါ။ အကျွန်ုပ်ကို ပေးအပ်တော်မူသောသူတို့အတွက် ဆုတောင်းပါ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အဖပိုင်တော်မူသောသူများဖြစ်၏။
ငါ့ကို ခမည်းတော်ပေးအပ်တော်မူသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် ငြင်းပယ်မည်မဟုတ်ပါ။
ဤအကြောင်းအရာများကို ယခင်အချိန်မှစ၍ သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ ဟူ၍ ရေးသားထား၏။
ဘုရားသခင်ကို ချီးမွမ်း၍ လူအပေါင်းတို့၏ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည် ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှ တိုးပွားစေတော်မူ၏။
သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိပေးသနားတော်မူသော ဆုကျေးဇူးများနှင့် ခေါ်ယူခြင်းတို့ကို ပြန်၍ရုပ်သိမ်းတော်မမူတတ်သောကြောင့် ဖြစ်၏။
ကျွန်ုပ်ဟောသော သတင်းကောင်း၌ဆိုထားသည့်အတိုင်း သင်တို့အား ခိုင်ခံ့မြဲမြံစေနိုင်တော်မူသော ဘုရားသခင်သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှုခရစ်တော်အကြောင်းဖြစ်သော ဤသတင်းကောင်းက ကာလကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်၏ လျှို့ဝှက်နက်နဲသောအကြံအစည်တော်ကို လူမျိုးခြားဖြစ်သော သင်တို့အား ဖော်ပြပေး၏။
ထို့ကြောင့် ပညတ်တရား၌ပါသောပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မဟုတ်။ ပညတ်တရားသည် ကျွန်ုပ်တို့မည်မျှ အပြစ်ရှိကြောင်းကို သိရန်သာ ဖော်ပြ၏။
သို့သော် ထိုသားနှစ်ဦး မမွေးမီနှင့် ထိုသားနှစ်ဦး အဆိုးအကောင်းတို့ကို မပြုမီကပင် ဘုရားသခင်သည် ရေဗက္ကအား “သင်၏ သားကြီးသည် သားငယ်ထံ၌ အစေခံလိမ့်မည်” ဟု မိန့်တော်မူခဲ့၏။ ဤစကားတော်ကို ထောက်၍ ဘုရားသခင်သည် မိမိအကြံအစည်တော်အတိုင်း လူများကို ရွေးကောက်တော်မူကြောင်း ကျွန်ုပ်တို့သိရ၏။ ထိုသို့ ရွေးချယ်ရာတွင် ဘုရားသခင်သည် လူတို့၏ အကျင့်သီလအဆိုးအကောင်းအပေါ် မူတည်၍ ရွေးချယ်တော်မမူပေ။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဂျူးလူမျိုးများထဲမှသာမက လူမျိုးခြားများထဲမှလည်း ရွေးကောက်ထားတော်မူ၏။
လက်ဝါးကပ်တိုင်နှင့်ဆိုင်သော သတင်းစကားသည် ပျက်စီးမည့်သူတို့အတွက် မိုက်မဲသောသတင်းစကားဖြစ်၏။ ကယ်တင်ခြင်းခံရသည့် ကျွန်ုပ်တို့အတွက်မှာမူ ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။
အရာအားလုံးကို မိမိအလိုတော်နှင့်ညီသော အကြံအစည်တော်အတိုင်း လုပ်ဆောင်တော်မူသည့်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ရှေးယခင်ကပင် ကြိုတင်သတ်မှတ်တော်မူသည့်အတိုင်း မိမိ၏အမွေခံများအဖြစ် ရွေးချယ်တော်မူ၏။
ဘုရားသခင်သည် ခရစ်တော်အားဖြင့် ပြုတော်မူမည်ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်၏ လျှို့ဝှက်နက်နဲသောအရာကို မိမိ နှစ်သက်တော်မူသည့်အတိုင်း ကျွန်ုပ်တို့ကို ဖော်ပြတော်မူ၏။
အပြစ်များကြောင့် သေလျက်ရှိသော ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ သင်တို့ ကယ်တင်ခြင်းခံရသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။
ဘုရားသခင်သည် မိမိ၏ ထာဝရအကြံအစည်တော်အတိုင်း ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ပြုသောအမှုကြောင့် ဤသို့ ပြီးမြောက်စေတော်မူ၏။
ဆုကို ရရှိရန် ပန်းတိုင်သို့ ကြိုးပမ်း၍ ပြေး၏။ ထိုဆုသည် ယေရှုခရစ်တော်ပြုခဲ့သောအမှုအားဖြင့် ကျွန်ုပ်ကို အထက်အရပ်သို့ ဘုရားသခင်ခေါ်ဖိတ်တော်မူခြင်းဆု ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ညစ်ညူးစေရန် ခေါ်တော်မူသည် မဟုတ်ဘဲ သန့်ရှင်းစေရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ မျှော်လင့်ရာအရှင် ယေရှုခရစ်တော်တို့၏ အမိန့်တော်အတိုင်း ထိုယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရသူ၊ ယေရှုခရစ်တော်ကို ယုံကြည်လျှင် ရရှိမည်ဟု ဘုရားသခင် ကတိပေးတော်မူသည့်ထာဝရအသက်အကြောင်းကို ဟောပြောရန် စေလွှတ်ခံရသူ ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ထာဝရအသက်ရရန်လည်း သူတို့မျှော်လင့်နိုင်ကြမည်။ လိမ်လည်ခြင်းနှင့် ကင်းစင်တော်မူသည့် ဘုရားသခင်သည် ဤထာဝရအသက်ကို ပေးရန် ရှေးယခင်မတိုင်မီကပင် ကတိပြုတော်မူခဲ့၏။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
ခရစ်တော်သည် ဤကမ္ဘာမတည်ရှိမီကပင် ခန့်ထားတော်မူခြင်းခံရသော်လည်း ဤနောက်ဆုံးသောကာလတွင် သင်တို့အတွက် ပေါ်ထွန်းတော်မူ၏။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။