၂ တိ 1:9 - မြန်မာ့စံမီသမ္မာကျမ်း
9 ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
9 ဘုရားသခင်သည်ငါတို့အားကယ်တင်တော်မူ ၍ မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေးကောက်တော် မူသည်မှာ ငါတို့ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်ဘဲ ကိုယ်တော်တိုင်၏အကြံ အစည်တော်နှင့်ကျေးဇူးတော်ကြောင့်ဖြစ်ပေ သည်။ ကိုယ်တော်သည်ကမ္ဘာမတည်ရှိမီကာလ ကပင်ခရစ်တော်ယေရှုအားဖြင့်ငါတို့အား ထိုကျေးဇူးတော်ကိုချပေးတော်မူ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
9-10 ဘု ရား သ ခင် သည် ငါ တို့ အ ပြု အ ကျင့် များ အ လျောက် မ ဟုတ်။ ရှေး မ ဆွ ကာ လ များ က ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ တို့ အား သ နား တော် မူ၍ ငါ တို့ ကယ် တင် ရှင် ခ ရစ် တော် ယေ ရှု ထင် ရှား တော် မူ ခြင်း အား ဖြင့် ယ ခု ဖော် ပြ သော အ ကြံ တော် နှင့် ကျေး ဇူး တော် အ လျောက် ငါ တို့ ကို ကယ် တင်၍ သန့် ရှင်း သော အ ဖြစ် အ နေ သို့ ခေါ် ထား တော် မူ၏။ ခ ရစ် တော် ယေ ရှု လည်း သေ ခြင်း တ ရား ကို ပယ် ဖျက် ပြီး လျှင် အ သက် ရှင် ခြင်း နှင့် သင်္ခါ ရ ကင်း ခြင်း တ ရား ကို သ တင်း တော် မြတ် အား ဖြင့် ဖွင့် ထား တော် မူ ပြီ ဖြစ်၍၊
အခန်းကိုကြည့်ပါ။ ကော်ပီ
9 ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဖို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
9 ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူပြီး သန့်ရှင်းသောဘဝ၌ အသက်ရှင်နေထိုင်ရန် ခေါ်ယူတော်မူသည်မှာ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ ကိုယ်တော်၏ အကြံအစည်တော်နှင့် ကျေးဇူးတော်ကြောင့် ဖြစ်၏။ ကိုယ်တော်သည် ရှေးယခင်မတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ထိုကျေးဇူးတော်ကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ