Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 1:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 လက်ဝါးကပ်တိုင်​နှင့်ဆိုင်သော သတင်းစကား​သည် ပျက်စီးမည့်​သူတို့​အတွက် မိုက်မဲသော​သတင်းစကား​ဖြစ်၏။ ကယ်တင်ခြင်း​ခံရသည့် ကျွန်ုပ်တို့​အတွက်​မှာမူ ဘုရားသခင်​၏ တန်ခိုးတော်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 လက်​ဝါး​ကပ်​တိုင်​တော်​တွင်​ခ​ရစ်​တော်​အ​သေ​ခံ တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား​သည်​ဆုံး​ရှုံး မည့်​သူ​များ​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သည့် အ​ရာ​ဖြစ်​၏။ ကယ်​တင်​ခြင်း​ခံ​ကြ​ရ​သော​ငါ တို့​အ​တွက်​မူ​ကား​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18-19 ပ ညာ ရှိ တို့ ပ ညာ ကို ငါ ဖျက် ဆီး လျက် ဉာဏ် ကောင်း သူ တို့ ဉာဏ် ကို လည်း ငါ ကွယ် ပျောက် စေ မည် ဟူ သော ကျမ်း ချက် အ ရ ကား တိုင် တော် သ တင်း သည် ပျက် စီး ရာ ရောက် လျက် နေ သူ တို့၌ အ မိုက် ကယ် တင် ရာ လိုက် သော ငါ တို့၌ မူ ကား ဘု ရား သ ခင်၏ တန် ခိုး တော် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 အ​ကြောင်း​မူ​ကား၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော​သူ​တို့၌ လက်​ဝါး​ကပ်​တိုင်​တော်​တ​ရား​သည် မိုက်​သော​တ​ရား​ဖြစ်၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​ငါ​တို့၌ ထို​တ​ရား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အကြောင်းမူကား လက်ဝါးကပ်တိုင်​တော်​နှင့်ဆိုင်သော​သတင်း​စကား​သည် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​သော်လည်း ကယ်တင်​ခြင်း​ခံရ​သော​ငါ​တို့​အတွက်​မူကား ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 1:18
21 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဝိညာဉ်တော်​ကို မရရှိထားသောသူ​သည် ဘုရားသခင်​၏​ဝိညာဉ်တော်​ထံမှ အမှန်တရား​ကို မခံယူနိုင်ပေ။ ထို​အရာတို့​သည် သူ့​အတွက် မိုက်မဲသော​အရာများ​ဖြစ်၏။ ထို​အရာတို့​ကို ဝိညာဉ်တော်​အားဖြင့်​သာ ပိုင်းခြားသိမြင်နိုင်​သောကြောင့် သူ​သည် နားမလည်နိုင်ပေ။


ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​အတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထို​သတင်းကောင်း​သည် ယုံကြည်သောသူများ​ဖြစ်သည့် ဦးစွာ ဂျူး​လူမျိုးများ၊ ထို့နောက် လူမျိုးခြားများ​ကို ကယ်တင်သော ဘုရားသခင်​၏ တန်ခိုးတော်​ဖြစ်​သောကြောင့်​ပင်။


ထို့နောက် ပျက်စီးတော့မည့်​သူတို့​ကို မတရားသော နည်းပရိယာယ်​အမျိုးမျိုး​ဖြင့် လှည့်ဖြား​လိမ့်မည်။ သူတို့​ပျက်စီးတော့မည့် အကြောင်းအရင်း​သည် ကယ်တင်ခံရ​ရန် သမ္မာတရား​ကို နှစ်သက်​လက်ခံခြင်း မရှိ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်တို့​ဟောပြောသော သတင်းကောင်း​သည် ဖုံးအုပ်ခြင်း​ခံရသည်​ဆိုလျှင် ပျက်စီးတော့မည့်​သူတို့​အတွက်သာ ဖုံးအုပ်ခြင်း​ခံရ၏။


လူ​၏ ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို မသိနိုင်​စေရန် ဘုရားသခင်​သည် ဉာဏ်တော်​ဖြင့် စီမံ​ခန့်ခွဲ​ထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသော​တရား​ဟု လူတို့​ယူဆသည့် ကျွန်ုပ်တို့​ဟောသော​တရား​အားဖြင့် ဘုရားသခင်​သည် ယုံကြည်သော​သူတို့​ကို ကယ်တင်​ရန် အလိုရှိတော်မူ၏။


အဘယ်ကြောင့်ဆိုသော် ဤ​လောကီ​ပညာ​သည် ဘုရားသခင်​ရှေ့တော်​၌ မိုက်မဲသော​အရာ ဖြစ်​သောကြောင့်​ပင်။ ကျမ်းစာ​၌ “ဘုရားသခင်​သည် ပညာရှင်တို့​ကို သူတို့​သုံးသော​ပရိယာယ်​အားဖြင့် ထောင်ချောက်ဆင်​၍​ဖမ်းတော်မူ၏” ဟု ဖော်ပြထား၏။


ကျွန်ုပ်တို့​သည် သတင်းကောင်း​ကို စကား​သက်သက်​ဖြင့် မဟောပြောဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​၏ တန်ခိုးတော်​ဖြင့်​လည်းကောင်း၊ ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့်​လည်းကောင်း သင်တို့​ထံ ဟောပြောကြ၏။ ကျွန်ုပ်​သည် သင်တို့​နှင့်အတူ ရှိ​စဉ်အခါက သင်တို့​အကျိုး​ကို ထောက်​၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့​အသိ​ပင် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သင်တို့​နှင့်အတူ ရှိစဉ် လက်ဝါးကပ်တိုင်​တွင် အသေခံတော်မူခဲ့သော ယေရှု​ခရစ်တော်​၏​အကြောင်း​မှလွဲ၍ အခြား​မည့်သည့်​အရာ​ကိုမျှ မသိ​သကဲ့သို့​နေရန် ဆုံးဖြတ်ထား​သောကြောင့်​ဖြစ်၏။


‘အို မထီမဲ့မြင်ပြုသော​သူတို့… ကြည့်ရှု​အံ့ဩ​၍ ပျက်စီးရာ​သို့​ရောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့​ခေတ်ကာလ​တွင် ငါ​သည် အမှု​တစ်ခု​ပြုမည်​ဖြစ်​သောကြောင့်​ပင်။ တစ်စုံတစ်ယောက်​က ထို​အမှု​ကို သင်တို့​အား ပြောပြ​လျှင်​လည်း လုံးဝ​ယုံကြည်ကြမည်​မဟုတ်’ ဟူ၍ ဖြစ်သည်” ဟု ဟောပြောလေ၏။


ဘုရားသခင်​၏ နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထိရောက်​ကာ သန်လျက်​တကာတို့​ထက် ထက်၏။ ထို​နှုတ်ကပတ်တော်​သည် အသက်​နှင့် စိတ်ဝိညာဉ်​ကိုလည်းကောင်း၊ အရိုးအဆစ်​နှင့် ခြင်ဆီ​ကို​လည်းကောင်း ထိုးဖောက်​ကာ ပိုင်းခြား​နိုင်ပြီး လူတို့​၏ စိတ်​အတွင်းမှ တွေးတော​ကြံစည်မှုတို့​ကို သိမြင်​နိုင်၏။


တိုက်ပွဲ​တွင် ကျွန်ုပ်တို့ အသုံးပြုသည့်​လက်နက်များ​သည် လောကီသားများ​အသုံးပြုသည့် လက်နက်များ​မဟုတ်။ ခံတပ်များ​ကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်​၏ တန်ခိုးတော်​ပါသော လက်နက်များ​ဖြစ်၏။


ကျွန်ုပ်​ဟောပြောခဲ့သော ထို​သတင်းကောင်း​တရား​ကို သင်တို့​ဆက်လက်​၍ စွဲမြဲ​စွာ ယုံကြည်​လျှင် ထို​သတင်းကောင်း​အားဖြင့် သင်တို့​သည် ကယ်တင်​ခံကြရ၏။ ထိုသို့ မယုံကြည်​လျှင် သင်တို့ ယုံကြည်ခဲ့သည်​မှာ အချည်းနှီး​ဖြစ်၏။


သေလွန်သော​သူတို့​ထမြောက်ခြင်း​အကြောင်း​ကို ကြားရ​သောအခါ တချို့​က လှောင်ပြောင်​ကဲ့ရဲ့ကြ၏။ သို့သော် တချို့​မှာ “ဤ​အကြောင်း​ကို နောက်​တစ်ကြိမ် ထပ်​၍ ကြားနာလိုပါသည်” ဟု ပြောကြ၏။


ဧပိကုရု​၏​တပည့်များ​နှင့် သတောအိတ်​အတွေးခေါ်​ပညာရှင် တချို့​သည်လည်း သူ​နှင့်အတူ အချေအတင်​ငြင်းခုံဆွေးနွေးကြ၏။ တချို့​က “ဤ​စကားအိုး​သည် မည်သည့်အရာ​ကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြား​သူတို့​ကလည်း “သူ​သည် တိုင်းတစ်ပါး နတ်ဘုရားများ​အကြောင်း​ကို ပြောပြနေဟန်​ရှိ၏” ဟု ဆိုကြ၏။ ဤသို့​ပြောဆိုခြင်း​မှာ ပေါလု​သည် ယေရှု​အကြောင်း​နှင့် သေရာ​မှ​ပြန်ရှင်ခြင်း​အကြောင်းတို့​ကို ဟောပြောနေ​သောကြောင့်​ဖြစ်၏။


ဘုရားသခင်​ကို ချီးမွမ်း​၍ လူအပေါင်းတို့​၏​ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရား​သည် ကယ်တင်ခြင်း​ခံရသော​သူတို့​၏​အရေအတွက်​ကို နေ့စဉ်​နှင့်အမျှ တိုးပွားစေတော်မူ၏။


ကျွန်ုပ်တို့​သည် ခရစ်တော်​အတွက်ကြောင့် မိုက်မဲသောသူများ​ဖြစ်ကြ၏။ သင်တို့​မှာမူ ခရစ်တော်​အတွက်ကြောင့် အလွန်​ပညာရှိကြ၏။ ကျွန်ုပ်တို့​သည် အားနည်း​၍ သင်တို့​မှာမူ အလွန်​ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့​သည် ဂုဏ်သရေ​မဲ့ကြ​၍ သင်တို့​မှာမူ အလွန်​ဂုဏ်သရေ​ရှိကြ၏။


ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကို စတင်​ဖြစ်တည်စေ​၍ ပြီးပြည့်စုံစေသော ယေရှု​၏​အကြောင်း​ကို အစဉ်​တွေးတော​ဆင်ခြင်ကြစို့။ ကိုယ်တော်​သည် မိမိ​ရှေ့​၌ရှိသော ဝမ်းမြောက်စရာ​အကြောင်း​ကြောင့် အရှက်​ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်​၏​ဝေဒနာ​ကို သည်းခံတော်မူ၏။ ယခု​တွင်မူ ဘုရားသခင်​၏ ရာဇပလ္လင် လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ