Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ကျွန်ုပ်တို့​၏ ကယ်တင်ရှင် ဘုရားသခင်​နှင့် ကျွန်ုပ်တို့​၏ မျှော်လင့်ရာ​အရှင် ယေရှု​ခရစ်တော်​တို့​၏ အမိန့်တော်​အတိုင်း ထို​ယေရှု​ခရစ်တော်​၏ တမန်တော်​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ငါ​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​နှင့်​ငါ တို့​မျှော်​လင့်​ရာ​ဖြစ်​သော​ခ​ရစ်​တော်​ယေ​ရှု​၏ အ​မိန့်​တော်​အ​ရ ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန် တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ​သော​ငါ ပေါ​လု​ထံ​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ငါ တို့ ကယ် တင် ရှင် ဘု ရား သ ခင် နှင့် မျှော် လင့် ရာ ဖြစ် သော ခ ရစ် တော် ယေ ရှု၏ အ မိန့် တော် အ တိုင်း ခ ရစ် တော် ယေ ရှု၏ တ မန် တော် ပေါ လု က ယုံ ကြည် ခြင်း တ ရား၌ ငါ့​သား စစ် ဖြစ် သူ တိ မော သေ့ ထံ ရေး လိုက် သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်​နှင့်၊ ငါ​တို့​မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ဖြစ်​သော ယေ​ရှု​ခ​ရစ်၏ ပ​ညတ်​တော်​အား​ဖြင့်၊ ထို​သ​ခင်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​နှင့် ငါ​တို့​၏​မျှော်လင့်​ရာ​ဖြစ်​တော်မူ​သော ခရစ်တော်​ယေရှု​၏​အမိန့်​တော်​အတိုင်း ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည်

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:1
38 ပူးပေါင်းရင်းမြစ်များ  

ကျွန်မ​၏​ဝိညာဉ်​သည် ကယ်တင်ရှင်​ဘုရားသခင်​၌ အလွန်​ဝမ်းမြောက်ပါ၏။


ယနေ့တွင် ဒါဝိဒ်​၏​မြို့​၌ သခင်​ခရစ်တော်​တည်းဟူသော ကယ်တင်ရှင်​သည် သင်တို့​အတွက် မွေးဖွားလာတော်မူပြီ။


သို့သော် သခင်ဘုရား​က “သွားလော့။ ထို​သူ​သည် လူမျိုးခြားများ၊ ဘုရင်များ​နှင့် အစ္စရေးလူမျိုးတို့​ရှေ့​တွင် ငါ့​အကြောင်း​ကို ပြောကြား​ရန် ငါ​ရွေးကောက်ထားသော တန်ဆာပလာ​ဖြစ်၏။


တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရ​၍ ဘုရားသခင်​၏ သတင်းကောင်း​ကို ဟောပြော​ရန်အတွက် သီးသန့်​ခန့်ထားတော်မူခြင်း​ခံရပြီး ယေရှု​ခရစ်တော်​၏ အစေအပါး​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


ဘုရားသခင်​၏ အလိုတော်​အတိုင်း ယေရှု​ခရစ်တော်​၏ တမန်တော်​အဖြစ် ရွေးချယ်တော်မူခြင်း​ခံရသော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ သုဿင်​တို့​က


ကျွန်ုပ်​သည် ဤ​အမှု​ကို မိမိ​အလိုဆန္ဒ​ကြောင့် ဆောင်ရွက်ခြင်း​ဖြစ်​လျှင် ဆုလာဘ်​ကို ရသင့်၏။ သို့သော် ဘုရားသခင်​က ဤ​တာဝန်​ကို ကျွန်ုပ်​ထံ ယုံယုံကြည်ကြည်​အပ်နှံထား​သောကြောင့် ဝတ္တရား​ရှိ​၍ ဆောင်ရွက်ရခြင်း​ဖြစ်၏။


ဘုရားသခင်​၏ အလိုတော်​အတိုင်း ယေရှု​ခရစ်တော်​၏ တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရသော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ တိမောသေ​တို့​က ကောရိန္သုမြို့​ရှိ ဘုရားသခင်​၏​အသင်းတော်​နှင့် အခါယပြည်​တစ်ဝန်းလုံး​၌ နေထိုင်သော ယုံကြည်သူ​အားလုံး​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။


လူတို့​၏ အခွင့်အာဏာ​ဖြင့် မဟုတ်၊ ကြားခံလူ​အားဖြင့်​လည်း မဟုတ်၊ ယေရှု​ခရစ်တော်​နှင့် ထို​သခင်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသည့် ခမည်းတော်​ဘုရားသခင်​အားဖြင့် တမန်တော်​အဖြစ် ခန့်အပ်ခံရသူ​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဟောပြောခဲ့သော သတင်းကောင်း​မှာ လူတို့​ဖန်တီးထားသော​သတင်းကောင်း မဟုတ်ကြောင်း သင်တို့​အား သိစေ​လို၏။


ဤ​လျှို့ဝှက်နက်နဲသော​အရာ​၏ ဘုန်းစည်းစိမ်​သည် လူမျိုးခြားတို့​အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိ​စေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤ​လျှို့ဝှက်နက်နဲသော​အရာ​သည် သင်တို့​ထဲ၌ ကိန်းအောင်းတော်မူသည့်​ခရစ်တော်​ပင် ဖြစ်၏။ ခရစ်တော်​ကြောင့် သင်တို့​သည် ဘုရားသခင်​၏ ဘုန်းအသရေ​ကို ရရှိ​ရန် မျှော်လင့်ရ၏။


ကျွန်ုပ်တို့​ကို ချစ်​၍ ကျေးဇူးတော်​ဖြင့် ထာဝရ​နှစ်သိမ့်ခြင်း​နှင့် ခိုင်မြဲသော​မျှော်လင့်ခြင်းတို့​ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည်


ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​ကို ယုံကြည်​ထိုက်သူ​ဟု မှတ်ယူ​ကာ အမှုတော်​ကို ဆောင်ရွက်​ရန် ခန့်အပ်ထား​သောကြောင့် ထို​သခင်​ကို ကျွန်ုပ်​ကျေးဇူးတင်၏။


ထိုသို့ ဆုတောင်းခြင်း​သည် မွန်မြတ်ပြီး ကျွန်ုပ်တို့​၏ ကယ်တင်ရှင်​ဘုရားသခင် နှစ်သက်တော်မူ၏။


ထို့ကြောင့် လူမျိုးခြားတို့​ကို ယုံကြည်ခြင်း​နှင့် သမ္မာတရား​အကြောင်း သင်ကြား​ရန် ကျွန်ုပ်​သည် တရားဟောဆရာ​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်​သည် မလိမ်ညာဘဲ အမှန်​အတိုင်း​သာ ပြောဆိုခြင်း​ဖြစ်၏။


သို့ဖြစ်၍ လူအပေါင်းတို့​၏ ကယ်တင်ရှင်၊ အထူး​သဖြင့် ယုံကြည်သူတို့​၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်​တော်မူသော​ဘုရားသခင်​ကို ကိုးစား​မျှော်လင့်သည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် အားထုတ်​လုပ်ဆောင်​၍ ကြိုးစားကြ၏။


ဘုရားသခင်​သည် အချိန်တန်​သောအခါ လူ​၏​ဟောပြောခြင်း​နည်း​ဖြင့် တရားတော်​ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်​သည် ကယ်တင်ရှင်​ဘုရားသခင်​၏ အမိန့်တော်​ဖြင့် ဤ​တရားတော်​ကို ဟောပြော၏။


ခိုးဝှက်ခြင်း​တို့ မပြုဘဲ သစ္စာရှိ​၍ ယုံကြည်​စိတ်ချရသူများ ဖြစ်​စေရန် တိုက်တွန်းလော့။ ဤသို့ဖြင့် ကျွန်ုပ်တို့​၏ ကယ်တင်ရှင်​ဘုရားသခင်​အကြောင်း သွန်သင်ချက်​များ​သည် ပို​၍ စိတ်ဝင်စား​ဖွယ် ဖြစ်လာ​လိမ့်မည်။


တစ်ချိန်တည်း​မှာပင် ကျွန်ုပ်တို့​သည် ကြီးမြတ်သည့်​ဘုရားသခင်​ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှု​ခရစ်တော် ဘုန်းအသရေ​နှင့် ကြွလာမည့် မင်္ဂလာ​ရက်မြတ်​ကို စောင့်မျှော်နေကြ၏။


သို့သော် ကျွန်ုပ်တို့​၏ ကယ်တင်ရှင်​ဘုရားသခင်​၏ ကျေးဇူးပြုခြင်း​နှင့် ချစ်ခြင်းမေတ္တာ ပေါ်လွင်ထင်ရှား​လာ​သောအခါ


ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​ကယ်တင်ရှင် ယေရှု​ခရစ်တော်​အားဖြင့် ထို​သန့်ရှင်းသော​ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​အပေါ် ရက်ရော​စွာ သွန်းလောင်းတော်မူ၏။


ကိုယ်တော်​ကို သေခြင်း​မှ ထမြောက်စေ​၍ ဘုန်းအသရေ​ကို ပေးတော်မူသော ဘုရားသခင်​ကို သင်တို့​သည် ခရစ်တော်​အားဖြင့်​ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့​သည် ဘုရားသခင်​ကို ယုံကြည်​၍ မျှော်လင့်ကြ၏။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်​ကို ချီးမွမ်းကြလော့။ ဘုရားသခင်​သည် မိမိ​၏​ကြီးမြတ်သော​ကရုဏာတော်​ကြောင့် သခင်​ယေရှု​ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အသစ်​တစ်ဖန်​မွေးဖွား​စေပြီး ခိုင်မြဲသော​မျှော်လင့်ချက်​ရှိစေတော်မူ၏။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ အစေခံ​နှင့် တမန်တော် ရှိမုန်​ပေတရု​ဖြစ်၏။ ကျွန်ုပ်တို့​၏ ဘုရားသခင်​နှင့် ကယ်တင်ရှင်​ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ဖြောင့်မတ်ခြင်း​အားဖြင့် ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကဲ့သို့ တန်ဖိုး​ရှိသည့် ယုံကြည်ခြင်း​ကို လက်ခံရရှိသော​သူတို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်၏။


ခမည်းတော်​သည် သားတော်​ကို ဤ​လောက​၏​ကယ်တင်ရှင်​ဖြစ်​ရန် စေလွှတ်တော်မူခဲ့သည်​ကို ကျွန်ုပ်တို့​မြင်​၍ သက်သေခံကြ၏။


ကျွန်ုပ်တို့​၏​ကယ်တင်ရှင်၊ တစ်ဆူတည်းသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ယခင်​ကာလ​အစဉ်အဆက်၊ ယခု​ကာလ​နှင့် နောင်​ကာလ​အစဉ်အဆက် ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်၊ အစွမ်းသတ္တိ​နှင့် အာဏာစက်တို့​ရှိတော်မူပါစေသော။ အာမင်။ ရှင်ယုဒ​ဩဝါဒစာ ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ