Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 3:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို့ကြောင့် ပညတ်တရား​၌​ပါသော​ပြဋ္ဌာန်းချက်တို့​ကို လိုက်နာ​ကျင့်သုံးခြင်း​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရမည်​မဟုတ်။ ပညတ်တရား​သည် ကျွန်ုပ်တို့​မည်မျှ အပြစ်​ရှိကြောင်း​ကို သိ​ရန်သာ ဖော်ပြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို​စောင့် ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘုရား​သ​ခင် နှင့်​မှန်​ကန်​စွာ​မ​ဆက်​ဆံ​နိုင်။ ပ​ညတ်​တ​ရား ၏​ဆောင်​ရွက်​ချက်​မှာ​လူ​တို့​သည် မိ​မိ​တို့ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ်​ကြောင်း​ကို သိ​ရှိ​လာ​စေ​ရန်​ပင်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​သို့ ပ​ညတ်​တ​ရား​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ထင်​ရှား​စေ​သည်​ဖြစ်​သော​ကြောင့်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​ရာ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သို့ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။ အကြောင်းမူကား ပညတ်​တရား​အားဖြင့် အပြစ်​အကြောင်း​ကို​သိရှိ​ရုံ​မျှသာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 3:20
24 ပူးပေါင်းရင်းမြစ်များ  

ထို​အရှင်​ကို ယုံကြည်သော​သူ​ရှိသမျှတို့​သည် မောရှေ​၏​ပညတ်တရား​အရ မလွှတ်နိုင်သော​အပြစ်များ​မှ လွတ်ခွင့်ရသည်​ကို​လည်းကောင်း သင်တို့​သိမှတ်ကြလော့။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​ကို ကြားနာ​ရုံမျှ​ကြားနာသောသူ​သည် ဘုရားသခင်​ရှေ့တော်​၌ မဖြောင့်မတ်ဘဲ ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးသောသူ​သာလျှင် ဖြောင့်မတ်​သောကြောင့်​ဖြစ်၏။


လူ​သည် ပညတ်တရား​ကို လိုက်နာ​သောကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​မဟုတ်ဘဲ ယေရှု​ခရစ်တော်​ကို ယုံကြည်​သောကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​ဖြစ်ကြောင်း ကျွန်ုပ်တို့​မှတ်ယူကြ၏။


အာဗြဟံ​နှင့် သူ​၏ မျိုးဆက်များ​အား ဤ​ကမ္ဘာလောက​ကို အမွေပေးမည်​ဟူသော ဘုရားသခင်​၏​ကတိတော်​မှာ ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးခြင်း​ဖြင့် ရသည်​မဟုတ်။ ဘုရားသခင်​ကို ယုံကြည်​သောကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​ဖြင့် ရ၏။


ပညတ်တရား​ကို မနာခံသော​သူတို့​သည် ပြစ်ဒဏ်ပေးခြင်း​ခံရ၏။ ပညတ်တရား​မရှိ​လျှင်မူ ချိုးဖောက်စရာ​လည်း မရှိပေ။


ပညတ်တရား​မပေါ်​မီ​ကပင် လူတို့​သည် အပြစ်ကျူးလွန်ကြ၏။ သို့သော် ချိုးဖောက်စရာ ပညတ်တရား​မရှိသေး​သောကြောင့် ထို​ကျူးလွန်ခြင်း​ကို အပြစ်​ဟူ၍ မသတ်မှတ်ခဲ့ကြပေ။


လူတို့​အနေဖြင့် မိမိတို့​မည်မျှ​အပြစ်​များကြောင်း သိမြင်လာကြ​ရန် ဘုရားသခင်​သည် ပညတ်တရား​ကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့​ပို၍ အပြစ်ကျူးလွန်​လေ ဘုရားသခင်​၏​ကျေးဇူးတော်​သည် ပို၍ ကြွယ်ဝ​လေ​ဖြစ်၏။


အပြစ်တရား​သည် ပညတ်တော်​အားဖြင့် အခွင့်ကောင်း​ယူ​၍ ကျွန်ုပ်​ကို လှည့်ဖြား၏။ ထို​ပညတ်တော်​ကို အသုံးပြု​၍ ကျွန်ုပ်​ကို သေစေ၏။


အဘယ်ကြောင့်နည်း။ ထို​သူတို့​သည် ဖြောင့်မတ်ကြောင်း သတ်မှတ်​ခံရ​ရန် ဘုရားသခင်​ကို ယုံကြည်မည့်​အစား ပညတ်တရား​ကို လိုက်နာကျင့်သုံးခြင်း​အားဖြင့် ကြိုးပမ်းကြ​သောကြောင့် ဖြစ်၏။ သူတို့​သည် ကျမ်းစာ​တွင် ဖော်ပြထားသည့် ဆူးငြောင့်ခလုတ်​ဖြစ်သော​ကျောက်​ကို တိုက်မိကြ၏။


သေမင်း​၏ အစွယ်​သည် အပြစ်​ဖြစ်၏။ အပြစ်​သည် ပညတ်တရား​မှ တန်ခိုး​ကို ရရှိ၏။


သို့သော်လည်း လူ​သည် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရသည်​မဟုတ်ဘဲ ယေရှု​ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့်​သာ သတ်မှတ်​ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့​သည်လည်း ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့်​မဟုတ်ဘဲ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​ရန် ယေရှု​ခရစ်တော်​ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရမည်​မဟုတ်​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​ကို ကျွန်ုပ်​လိုက်နာ​ရန် ကြိုးပမ်း​သောအခါ ထို​ပညတ်တရား​သည် ကျွန်ုပ်​ကို သေစေခဲ့​သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်​သည် ပညတ်တရား​၌ သေလူ​ဖြစ်ပြီး ဘုရားသခင်​အတွက် အသက်ရှင်​နိုင်ရန် ပညတ်တရား​၏ ပြဋ္ဌာန်းချက်များ​ကို လိုက်နာ​ရန် မကြိုးပမ်းတော့ပေ။


ပညတ်တရား​ကို လိုက်နာကျင့်သုံးခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံလိုသော သင်တို့​သည် ခရစ်တော်​နှင့် အဆက်ပြတ်​၍ ဘုရားသခင်​၏ ကျေးဇူးတော်​လက်အောက်​တွင် မရှိကြတော့ပေ။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​သည် မည်သည့်​အရာ​ကို​မျှ ပြီးပြည့်စုံအောင်​မလုပ်ဆောင်နိုင်​သောကြောင့် ဖြစ်၏။ ယခု​တွင်မူ ပို၍​ကောင်းသော​မျှော်လင့်ချက် ရှိလာ​သဖြင့် ကျွန်ုပ်တို့​သည် ထို​မျှော်လင့်ချက်​ဖြင့် ဘုရားသခင်​ထံတော်​သို့ ချဉ်းကပ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ