ဖိလိပ္ပိ 3:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ဆုကို ရရှိရန် ပန်းတိုင်သို့ ကြိုးပမ်း၍ ပြေး၏။ ထိုဆုသည် ယေရှုခရစ်တော်ပြုခဲ့သောအမှုအားဖြင့် ကျွန်ုပ်ကို အထက်အရပ်သို့ ဘုရားသခင်ခေါ်ဖိတ်တော်မူခြင်းဆု ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible14 သို့ဖြစ်၍ငါသည်ဆုကိုရရန်ပန်းတိုင်သို့ရှေးရှု လျက်ပြေး၏။ ထိုဆုကားအထက်အရပ်၌အသက် ရှင်ရေးအတွက်ခရစ်တော်ယေရှုအားဖြင့်ဘုရား သခင်ဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။Judson Bible14 ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှာ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ခရစ်တော်ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင်ခေါ်ယူ၍ ပေးတော်မူမည့်ဆုကိုရရှိရန် ပန်းတိုင်သို့ကြိုးစား၍ပြေး၏။ အခန်းကိုကြည့်ပါ။ |
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
အသက်ရှင်ခြင်းနှင့် ဘုရားတရားကိုင်းရှိုင်းခြင်းတို့နှင့် ဆိုင်သည့် လိုအပ်သမျှအရာအားလုံးကို ကိုယ်တော်သည် မိမိ၏ဘုရားတန်ခိုးတော်ဖြင့် ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းကို ခံစားစေရန် ကျွန်ုပ်တို့အား ရွေးကောက်တော်မူသောအရှင်ကို သိခြင်းအားဖြင့် ဤအရာအားလုံးကို ကျွန်ုပ်တို့လက်ခံရရှိကြ၏။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်းနှင့် ကောင်းကင်တမန်များကို ကိုးကွယ်ခြင်းတို့ကို အတင်းအကျပ်ပြုစေသောသူ တစ်စုံတစ်ယောက်ကိုမျှ သင်တို့၏ ဆုကို လုယူခွင့် မပေးနှင့်။ ထိုသို့သောသူတို့သည် မိမိတို့မြင်ရသော အထူးရူပါရုံများကြောင့် အခြားသူတို့ထက် သာလွန်သည်ဟု မှတ်ယူ၍ လူ့အတွေးအခေါ်ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူပြီး သန့်ရှင်းသောဘဝ၌ အသက်ရှင်နေထိုင်ရန် ခေါ်ယူတော်မူသည်မှာ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ ကိုယ်တော်၏ အကြံအစည်တော်နှင့် ကျေးဇူးတော်ကြောင့် ဖြစ်၏။ ကိုယ်တော်သည် ရှေးယခင်မတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ထိုကျေးဇူးတော်ကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၏။