ရောမ 11:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ငါသည်မိမိ၏အမျိုးသားများအားမနာ လိုစိတ်ကိုရှိစေခြင်းအားဖြင့် ၎င်းတို့အထဲ မှအချို့တို့သည်ကယ်တင်ခြင်းကိုရကောင်း ရလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 တစ်နည်းနည်းဖြင့် ငါ၏အမျိုးသားချင်းတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ သူတို့ထဲမှ အချို့တို့ကိုကယ်တင်နိုင်ရန် ငါမျှော်လင့်နေ၏။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်တို့သည် ကယ်တင်တော်မူခြင်းခံရ၏။ ဤသို့ ကယ်တင်တော်မူခြင်းခံရသည်မှာ ကျွန်ုပ်တို့ ပြုသည့်ဖြောင့်မတ်သောအကျင့်ကြောင့် မဟုတ်ဘဲ သနားကြင်နာတော်မူခြင်းကြောင့် ဖြစ်၏။ ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဆေးကြောပေးခြင်းဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေခြင်းနှင့် စိတ်သစ်လူသစ်ဖြစ်စေခြင်းအားဖြင့် ကယ်တင်တော်မူ၏။
အစ္စရေးလူမျိုးတို့သည် အမှန်ပင်မသိကြသလောဟု ကျွန်ုပ် ထပ်မံ၍ မေးလို၏။ အမှန်ပင် သိကြ၏။ အဘယ်ကြောင့်ဆိုသော် မောရှေခေတ်ကာလ၌ ဘုရားသခင်က “ငါသည် လူမျိုးစုပင်မဟုတ်သော လူတို့အားဖြင့် သင်တို့၌ မနာလိုစိတ်ဖြစ်ပေါ်စေမည်။ ပညာမဲ့သော လူမျိုးခြားများအားဖြင့်လည်း သင်တို့ကို ဒေါသထွက်စေမည်” ဟု မိန့်တော်မူသောကြောင့် ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူပြီး သန့်ရှင်းသောဘဝ၌ အသက်ရှင်နေထိုင်ရန် ခေါ်ယူတော်မူသည်မှာ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ ကိုယ်တော်၏ အကြံအစည်တော်နှင့် ကျေးဇူးတော်ကြောင့် ဖြစ်၏။ ကိုယ်တော်သည် ရှေးယခင်မတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ထိုကျေးဇူးတော်ကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၏။