ရှစ်ဆယ့်လေးနှစ်တိုင်တိုင် မုဆိုးမဘဝနှင့် အသက်ရှင်နေသူဖြစ်၏။ ထိုအမျိုးသမီးသည် ဗိမာန်တော်အတွင်း၌ နေ့ရောညပါ ဘုရားဝတ်ပြု၊ ဆုတောင်း၊ အစာရှောင်လျက် နေ၏။
၂ တိ 1:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သင့်အတွက် နေ့ရောညပါ သတိတရ ဆုတောင်းပေး၏။ ဆုတောင်းပေးသောအခါ ကျွန်ုပ်၏ဘိုးဘေးတို့ ကိုးကွယ်ခဲ့သည့်နည်းတူ လိပ်ပြာသန့်သန့်ဖြင့် ကျွန်ုပ်ကိုးကွယ်သော ဘုရားသခင်ကို ကျေးဇူးတင်၏။ Common Language Bible ငါသည်နေ့ညဥ့်မပြတ်ဆုတောင်းပတ္ထနာပြု ရာတွင် သင့်အားအစဉ်ပင်အောက်မေ့သတိရ လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။ ငါသည်ဘိုးဘေးများနည်းတူကိုယ် တော်၏အမှုတော်ကိုကြည်လင်သောသြတ္တပ္ပ စိတ်နှင့်ဆောင်ရွက်သူဖြစ်၏။- Garrad Bible သင့် မျက် ရည် များ ကို သ တိ ရ စေ သော ငါ သည် ရွှင် လန်း ခွင့် နှင့် ပြည့် စေ ရန် နေ့ ညဉ့် မ ပြတ် သင့် ကို တွေ့ မြင် လို၍ မေတ္တာ ပို့ ချက် များ တွင် သင့် ကို အ စဉ် အောက် မေ့ ရာ အ ယောင် မ ဆောင် ယုံ ကြည် သော သင့် သ ဘော ကို သ တိ ရ သ ဖြင့် ဘိုး ဘေး တို့ အ လိုက် ကြည် လင် သော သြ တ္တ ပ္ပ စိတ် နှင့် ငါ ဝတ် ပြု ရာ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း၏။ ထို ယုံ ကြည် ခြင်း သည် သင့် အ ဖွား လော ဣ၊ အ မိ ဥ နိတ် တို့၌ အ ထက် တည် ရှိ သည့် နည်း တူ သင်၌ လည်း တည် ရှိ သည် ဟု ငါ စိတ် ချ သည် ဖြစ်၍၊ Judson Bible သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း၊ သင့်ကို တွေ့မြင်ခြင်းငှာ အလွန်လွမ်းသောစိတ် ရှိသဖြင့်လည်းကောင်း၊ သင်၏အဖွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့်လည်းကောင်း၊ နေ့ညမပြတ်ဆုတောင်း ပတ္ထနာပြုသည်တွင်၊ သင့်ကို မခြားမလပ် အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း၊ ကိုယ်ကိုကိုယ်သိသော စိတ် စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် နေ့ရောညပါဆုတောင်းသောအခါ သင့်အကြောင်းကို အမြဲမပြတ်သတိရလျက် စင်ကြယ်သောအသိစိတ်ဖြင့် ဘိုးဘေးတို့လက်ထက်ကပင် ဝတ်ပြုလာခဲ့သော ဘုရားသခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။ |
ရှစ်ဆယ့်လေးနှစ်တိုင်တိုင် မုဆိုးမဘဝနှင့် အသက်ရှင်နေသူဖြစ်၏။ ထိုအမျိုးသမီးသည် ဗိမာန်တော်အတွင်း၌ နေ့ရောညပါ ဘုရားဝတ်ပြု၊ ဆုတောင်း၊ အစာရှောင်လျက် နေ၏။
ပေါလုက “ကျွန်ုပ်သည် ဆီလီဆီးယားပြည်ရှိ တာရှုမြို့၌ မွေးဖွားသော ဂျူးလူမျိုးတစ်ဦးဖြစ်ပါ၏။ သို့သော် ကျွန်ုပ်သည် ဤဂျေရုဆလင်မြို့တွင် ကြီးပြင်း၍ ဘိုးဘေးတို့၏ပညတ်တရားအတိုင်း ဂါမလျေလထံ၌ တင်းကျပ်စွာ သင်ယူခဲ့ရသူဖြစ်၏။ ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ ကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါ၏။
ပေါလုသည် တရားလွှတ်တော်အဖွဲ့ဝင်များကို စေ့စေ့ကြည့်လျက် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားသခင်ရှေ့တော်၌ လိပ်ပြာသန့်စွာ အသက်ရှင်သည်” ဟု ဆို၏။
သို့ရာတွင် မှားယွင်းသော ဂိုဏ်းခွဲဟု သူတို့ခေါ်တတ်သော ခရစ်တော်၏တရားလမ်းအတိုင်း အကျွန်ုပ်သည် ဘိုးဘေးတို့၏ဘုရားသခင်အား ကိုးကွယ်ကြောင်းကို အရှင့်ထံ၌ ဝန်ခံပါ၏။ အကျွန်ုပ်သည် ပညတ်တရား၌ ဖော်ပြထားသောအကြောင်းအရာများနှင့် ပရောဖက်ကျမ်းများ၌ ပါရှိသမျှတို့ကို ယုံကြည်ပါ၏။
ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်နှင့် လူအများရှေ့တွင် အစဉ်အမြဲ လိပ်ပြာသန့်နိုင်ရန် ကြိုးစားပါ၏။
အကျွန်ုပ်သည် ဦးစွာမိမိ၏မွေးရပ်မြေတွင်လည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့တွင်လည်းကောင်း ငယ်ရွယ်စဉ်မှစ၍ မည်သို့ပြုမူနေထိုင်ခဲ့သည်ကို ဂျူးလူမျိုးအားလုံးသိကြပါ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကိုပိုင်၍ ကျွန်ုပ်ကိုးကွယ်သောဘုရားသခင်၏ကောင်းကင်တမန်သည် မနေ့ညတွင် ကျွန်ုပ်၏အနားတွင် ရပ်လျက်
ကျွန်ုပ်သည် အလွန်ဝမ်းနည်းလျက် စိတ်နှလုံးထဲ၌လည်း ဖြေဆည်၍ မရနိုင်သော ကြေကွဲခြင်းရှိကြောင်း ခရစ်တော်ကို တိုင်တည်၍ အမှန်ကိုပြော၏။ လိမ်လည်၍ မပြော။ ထိုသို့ အမှန်ပြောကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လိပ်ပြာသန့်စွာ အတည်ပြု၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
ကျွန်ုပ်သည် ဂျူးဘာသာ၏ ယုံကြည်မှုကို လိုက်နာကျင့်သုံးရာတွင် ကျွန်ုပ်၏ လူမျိုးထဲမှ သက်တူရွယ်တူများထက် သာလွန်ပြီး ဘိုးဘေးတို့၏ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရာတွင်လည်း အလွန်စိတ်အားထက်သန်ခဲ့သူ ဖြစ်၏။
ကျွန်ုပ်သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်မပြတ် ကျေးဇူးတင်၍ သတိတရ ဆုတောင်းပေးနေ၏။
ကျွန်ုပ်တို့သည် သင်တို့နှင့် လူချင်း တွေ့၍ သင်တို့၏ ယုံကြည်ခြင်းတွင် လိုအပ်နေသေးသော အပိုင်းကို ဖြည့်တင်းပေးနိုင်ရန် နေ့ရောညပါ စိတ်အားထက်သန်စွာ ဆုတောင်းကြ၏။
ခရစ်တော်ကို ဆက်၍ ယုံကြည်လော့။ မိမိကိုယ်ကိုယ် လိပ်ပြာသန့်စွာ နေလော့။ အချို့သောသူတို့သည် မိမိတို့၏အသိတရားကို လျစ်လျူရှုခြင်းဖြင့် သူတို့၏ ယုံကြည်ခြင်းသည် သင်္ဘောပျက်သဖွယ် ဖြစ်လာ၏။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
အမှန်တကယ်ခိုကိုးရာမဲ့ပြီး စောင့်ရှောက်သူမရှိသော မုဆိုးမသည် ဘုရားသခင်ကို မျှော်လင့်လျက် နေ့ညမပြတ် အသနားခံ၍ ဆုတောင်းတတ်၏။
ခရစ်တော်ကို သင်အမှန်တကယ်ယုံကြည်ကြောင်း ကျွန်ုပ်သတိရ၏။ သင့်အဖွားလောဣနှင့် သင့်မိခင်ဥနိတ်တို့သည် ဦးစွာ ယုံကြည်ကြပြီး ယခု သင်၌လည်း ထိုယုံကြည်ခြင်းမျိုး ရှိကြောင်း ကျွန်ုပ်စိတ်ချယုံကြည်၏။
ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရရန် လမ်းညွှန်သည့်ဉာဏ်ပညာကို သင့်အား ပေးနိုင်သော ကျမ်းစာတော်နှင့် သင်သည် ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်သည်ကို သင်သိ၏။