၁ တိ 1:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ဤသို့ပညတ်ရခြင်းအကြောင်းမှာသန့်စင် သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းကိုနှိုးဆွပေး လို၍ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ထို မိန့် မှာ ချက်၏ အ ကျိုး ကား စင် ကြယ် သော နှ လုံး၊ ကြည် လင် သော သြ တ္တ ပ္ပ စိတ်၊ အ ယောင် မ ဆောင် ယုံ ကြည် သော သ ဘော များ မှ ပေါ် လာ သည့် ချစ် ခြင်း မေ တ္တာ တည်း။ အခန်းကိုကြည့်ပါ။Judson Bible5 ထိုသို့ ပညတ်ထားခြင်း၏ အချုပ်အခြာမူကား၊ စင်ကြယ်သော စိတ်နှလုံးနှင့်လည်းကောင်း၊ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်ခြင်းနှင့်လည်းကောင်း၊ မှန်သော ယုံကြည်ခြင်းနှင့်လည်းကောင်း၊ စပ်ဆိုင်သော ချစ်ခြင်းမေတ္တာဖြစ်သတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ဤညွှန်ကြားချက်၏ရည်ရွယ်ချက်ပန်းတိုင်ကား စင်ကြယ်သောစိတ်နှလုံး၊ ကြည်လင်သောအသိစိတ်နှင့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းတို့မှဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။