Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ခရစ်တော်​ကို ဆက်​၍ ယုံကြည်လော့။ မိမိကိုယ်ကိုယ် လိပ်ပြာသန့်​စွာ နေလော့။ အချို့သော​သူတို့​သည် မိမိတို့​၏​အသိတရား​ကို လျစ်လျူရှုခြင်း​ဖြင့် သူတို့​၏ ယုံကြည်ခြင်း​သည် သင်္ဘောပျက်​သဖွယ် ဖြစ်လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သင်​၌​ယုံ​ကြည်​ခြင်း​နှင့်​ကြည်​လင်​သော​သြတ္တပ္ပ စိတ်​ရှိ​စေ​လော့။ အ​ချို့​သော​သူ​တို့​သည်​သြတ္တပ္ပ စိတ်​၏​နှိုး​ဆော်​မှု​ကို​နား​မ​ထောင်​သ​ဖြင့် မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​ယုံ​ကြည်​ခြင်း​မှ စ​သည်​တို့​ကို အ​ချို့​သော​သူ​တို့​သည် ပယ်​ပြီး​လျှင်၊ ယုံ​ကြည်​ခြင်း​သင်္ဘော​ပျက်၍ ဆုံး​ရှုံး​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 အချို့​သော​သူ​တို့​သည် ထို​အသိစိတ်​ကို ပစ်ပယ်​ကြ​သည့်​အတွက် ယုံကြည်​ခြင်း​အရာ​၌ သင်္ဘော​ပျက်စီး​ဆုံးရှုံး​မှု​ကို​ခံရ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:19
25 ပူးပေါင်းရင်းမြစ်များ  

မည်သူ​သည် စိုးရိမ်ခြင်း​အားဖြင့် မိမိ​၏ အသက်​ကို အချိန်​တစ်ခဏ​ရှည်စေနိုင်သနည်း။


သင်တို့​ထဲ၌ ဂိုဏ်းကွဲမှုမျိုး ရှိရသည်​မှာ ကျိုးကြောင်း​ဆီလျော်၏။ သို့မှသာလျှင် စစ်မှန်သောသူများ​သည် ပေါ်လွင်​ထင်ရှားမည်​ဖြစ်၏။


ပညတ်တရား​ကို လိုက်နာကျင့်သုံးခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံလိုသော သင်တို့​သည် ခရစ်တော်​နှင့် အဆက်ပြတ်​၍ ဘုရားသခင်​၏ ကျေးဇူးတော်​လက်အောက်​တွင် မရှိကြတော့ပေ။


ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်​မှာ ဖြူစင်သော​နှလုံးသား၊ စစ်မှန်သော​ယုံကြည်ခြင်း၊ လိပ်ပြာသန့်သော​စိတ်​တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်း​မေတ္တာ​နှင့် အချင်းချင်း​ချစ်ကြ​ရန် ဖြစ်၏။


သူတို့​သည် ယုံကြည်ခြင်း​တရား​၏ လျှို့ဝှက်​နက်နဲသော​အမှန်တရား​ကို လိပ်ပြာသန့်သန့်​ဖြင့် ဆက်လက်​ယုံကြည်သူများ​ဖြစ်ရမည်။


ယုံကြည်ခြင်း​ဆိုင်ရာ တိုက်ပွဲကောင်း​ကို တိုက်​၍ ထာဝရ​အသက်​ကို အရ​ယူလော့။ ထာဝရ​အသက် ရ​ရန် ဘုရားသခင်​သည် သင့်​ကို ခေါ်တော်မူပြီး သင်​သည်လည်း ခရစ်တော်​ကို ယုံကြည်ကြောင်း သက်သေ​များစွာ​ရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။


ဤ​အရာများ​ကို လက်ခံသူ​တချို့​သည် ယုံကြည်ခြင်း​တရား​လမ်း​မှ လွဲချော်​သွားကြပြီ။ ကျေးဇူးတော်​သည် သင်တို့​အားလုံး​အပေါ် သက်ရောက်ပါစေသော။ တိမောသေ​ဩဝါဒစာ ပထမစောင် ပြီးပါပြီ။


ချမ်းသာ​လိုသော​သူတို့​သည် ဖြားယောင်း​သွေးဆောင်ခံရခြင်း၊ ထောင်ချောက်​မိခြင်း၊ မိုက်မဲ​၍ အန္တရာယ်​ရှိသော တပ်မက်ခြင်း​စသည်တို့​ထဲသို့ ကျရောက်တတ်၏။ ထို​အရာများ​သည် လူတို့​ကို အကြွင်းမဲ့ ပျက်စီး​ဆုံးရှုံးစေ၏။


သူတို့​သည် သမ္မာတရားလမ်း​မှ လွဲချော်​၍ သေသောသူ​တို့​၏ ရှင်ပြန်ထမြောက်ခြင်း​သည် ဖြစ်ပျက်ပြီးလေပြီ​ဟု ပြောဆို​လျက် လူတချို့​၏ ယုံကြည်ခြင်း​ကို နှောင့်ယှက်​ဖျက်ဆီးကြ၏။


သမ္မာတရား​ကို နားမထောင်ဘဲ ဒဏ္ဍာရီများ​ကိုသာ နားထောင်ကြ​လိမ့်မည်။


သူ​သည် မိမိ​လက်ခံထားသည့် စစ်မှန်သော​တရားတော်​ကို မြဲမြံ​စွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူ​သည် အခြား​သူများ​ကို မှန်ကန်သော​သွန်သင်မှု​ဖြင့် အားပေး​နိုင်ပြီး ဆန့်ကျင်သူတို့​၏ အမှားများ​ကိုလည်း ချေပနိုင်မည်​ဖြစ်၏။


ကျွန်ုပ်တို့​၏ မူလ​ခံယူချက်​ကို အဆုံး​တိုင်အောင် ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​သူများ​ဖြစ်ကြ၏။


ထို​သူတို့​သည် ကျွန်ုပ်တို့​ထံမှ ထွက်သွား​သော်လည်း ကျွန်ုပ်တို့​နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့​နှင့်​သက်ဆိုင်​လျှင် ကျွန်ုပ်တို့​နှင့်အတူ နေရစ်​လိမ့်မည်။ သို့သော် ထိုသို့​ထွက်သွားခြင်း​ဖြင့် သူတို့​အားလုံး​သည် ကျွန်ုပ်တို့​နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှား​လျက်​ရှိ၏။


သင်​သည် ငါ​သွန်သင်သည့်​အတိုင်း သည်းခံ​လျက်​နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက​၌ နေထိုင်ကြသောသူတို့​ကို စစ်ဆေး​ရန်အတွက် ကမ္ဘာတစ်ဝန်းလုံး​အပေါ် ကျရောက်မည့်​စုံစမ်း​နှောင့်ယှက်ခြင်း​ကာလ​မှ သင်တို့​ကို ငါ​ကယ်တင်မည်။


ထို့ကြောင့် သင်​သည် ကြားနာ​၍ ခံယူပြီးသော​အရာ​ကို သတိရ​လျက် လိုက်နာလော့။ နောင်တရလော့။ သင်​မနိုးထ​လျှင် သူခိုး​ကဲ့သို့ ငါ​လာမည်။ မည်သည့်​အချိန်​၌ လာမည်​ကို သင်​သိရမည်​မဟုတ်။


သင်​၏​လုပ်ဆောင်မှု​ကို ငါ​သိ၏။ သင်​သည် အားနည်း​သော်လည်း ငါ​၏​သွန်သင်ချက်​ကို လိုက်နာ​၍ ငါ​၏​တပည့်တော်​ဖြစ်ကြောင်း​ကို မငြင်းပယ်ခဲ့။ ထို့ကြောင့် သင့်​ရှေ့​မှာ တံခါး​ကို ငါ​ဖွင့်ထားပြီ။ ထို​တံခါး​ကို မည်သူ​မျှ​မပိတ်နိုင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ