Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 အမှန်တကယ်​ခိုကိုးရာမဲ့ပြီး စောင့်ရှောက်သူ​မရှိသော မုဆိုးမ​သည် ဘုရားသခင်​ကို မျှော်လင့်​လျက် နေ့ညမပြတ် အသနားခံ​၍ ဆုတောင်းတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​ဖြစ်​သော​မု​ဆိုး​မ​သည် မိ​မိ​အား​ပြု​စု​မည့်​သူ​မ​ရှိ​သ​ဖြင့်​ဘု​ရား သ​ခင်​ကို​အား​ကိုး​မျှော်​လင့်​လျက် နေ့​ည မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​၍​ကိုယ်​တော်​၏ အ​ကူ​အ​ညီ​ကို​တောင်း​ခံ​တတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ခို ရာ မဲ့ တစ် ကောင် ကြွက် မု ဆိုး မ သည် ဘု ရား သ ခင် ကို အား ကိုး မျှော် လင့်၍ နေ့ ညဉ့် မ ပြတ် မေ တ္တာ ပို့ လျက်၊ တောင်း လျှောက် လျက် နေ တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 မု​ဆိုး​မ​အ​မှန်​ဖြစ်၍ တစ်​ယောက်​တည်း​ကျန်​ရစ်​သော မိန်း​မ​သည်၊ ဘု​ရား​သ​ခင်​ကို ကိုး​စား၍ ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း၌ နေ့​ည​မ​ပြတ် တည်​နေ​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အမှန်တကယ်​မုဆိုးမ​ဖြစ်​ပြီး တစ်ဦးတည်း​ကျန်ရစ်​သော​အမျိုးသမီး​သည် ဘုရားသခင်​ကို​မျှော်လင့်​အားထား​လျက် နေ့​ရော​ည​ပါ အသနားခံ​ခြင်း​နှင့်​ဆုတောင်း​ခြင်း​တို့​ကို စွဲမြဲ​စွာ​ပြု​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:5
27 ပူးပေါင်းရင်းမြစ်များ  

ယေရှု​သည် တပည့်တော်တို့​အား အား​မလျှော့ဘဲ အစဉ်အမြဲ ဆုတောင်းသင့်ကြောင်း​ကို ပုံဥပမာ​တစ်ခု​ဖြင့် မိန့်တော်မူ၏။


မိမိ​ရွေးချယ်တော်မူသော​သူတို့​က နေ့ည​မပြတ် တောင်းလျှောက်​လျှင် ဘုရားသခင်​သည် တရားမျှတ​စွာ မစီရင်ဘဲ နှောင့်နှေးစေတော်မူ​မည်လော။


ရှစ်ဆယ့်​လေးနှစ်​တိုင်တိုင် မုဆိုးမ​ဘဝ​နှင့် အသက်ရှင်နေသူ​ဖြစ်၏။ ထို​အမျိုးသမီး​သည် ဗိမာန်တော်​အတွင်း​၌ နေ့​ရော​ည​ပါ ဘုရားဝတ်ပြု၊ ဆုတောင်း၊ အစာရှောင်​လျက် နေ၏။


အကျွန်ုပ်တို့​၏​မျိုးနွယ်စု​ဆယ့်နှစ်မျိုး​တို့​သည် ဘုရားသခင်​ကို နေ့ရော​ညပါ​ဝတ်ပြုကိုးကွယ်​လျက် ထို​ကတိတော်​အတိုင်း​ခံစားရ​ရန် စောင့်မျှော်နေကြ၏။ အရှင်မင်းကြီး… အကျွန်ုပ်​သည် ဤသို့​စောင့်မျှော်နေသည့်​အတွက်ကြောင့် ဂျူးတို့​၏​စွပ်စွဲခြင်း​ခံနေရပါ၏။


ထို​နေ့ရက်များ​၌ ယုံကြည်သူများ​အရေအတွက်​တိုးလာ၏။ ထိုအခါ ဂရိစကား​ပြောသော​ဂျူးတို့​က မိမိတို့​၏​မုဆိုးမများ​သည် နေ့စဉ်​ဝေသော​အစားအစာများ​ကို မရကြောင်း ဟေဗြဲ​စကားပြောသော​ဂျူးတို့​အား အပြစ်တင်ကြ၏။


ထို့ကြောင့် ပေတရု​သည် သူတို့​နှင့် လိုက်သွားလေ၏။ အိမ်​သို့​ရောက်​သောအခါ သူတို့​က အပေါ်ထပ်​အခန်း​သို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမတို့​သည် ပေတရု​အနား​တွင် ရပ်​ကာ​ငိုကြွေး​လျက် သူတို့​နှင့်အတူ​ရှိစဉ်​က တဗိသ​ချုပ်ပေးခဲ့သော အင်္ကျီ​နှင့်​အဝတ်အစားများ​ကို ပြကြလေ၏။


ပေတရု​သည် မိမိ​လက်​ကို​ကမ်း​၍ သူ့​ကို​ဆွဲထူပြီး​လျှင် ယုံကြည်သူများ​နှင့် မုဆိုးမများ​ကို​ခေါ်​ကာ အသက်ရှင်လျက်ရှိသော​တဗိသ​ကို သူတို့​အား အပ်လေ၏။


ထိုသို့ တွေ့ဆုံကြ​သောအခါ ကျွန်ုပ်​နှင့် သင်တို့​သည် နှစ်ဦး​နှစ်ဖက်လုံး​၌​ရှိသော ယုံကြည်ခြင်း​ကို ဝေမျှ​၍ အပြန်အလှန်​အားပေး​နိုင်မည်​ဖြစ်၏။


ကျွန်ုပ်တို့​သည် ထို​သားတော်​အားဖြင့် တမန်တော်​ဖြစ်ခြင်း အခွင့်ထူး​ကို ရရှိကြ၏။ ဤသည်​မှာ ထို​သခင်​၏ နာမတော်​အတွက် ယုံကြည်ခြင်း​ကြောင့် ဖြစ်လာသော နာခံခြင်း​အကြောင်း​ကို လူမျိုးခြား​အပေါင်းတို့​ထဲတွင် ဟောပြော​ရန် ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​အား စိုးရိမ်​ပူပန်မှု​နှင့် ကင်းလွတ်​စေချင်၏။ အိမ်ထောင်​မရှိသော​ယောက်ျား​သည် သခင်ဘုရား​ကို မည်သို့ နှစ်သက်စေရမည်​ကို တွေးတော​လျက် သခင်ဘုရား​၏ အမှုတော်​ကို ဂရုစိုက်တတ်၏။


ထို့ကြောင့် သူ​သည် စိတ်​နှစ်ခွ​ဖြစ်နေတတ်၏။ ထို​နည်းတူ အိမ်ထောင်​မရှိသော​အမျိုးသမီး၊ သို့မဟုတ် အပျိုစင်​သည် ခန္ဓာ​နှင့် စိတ်​နှစ်ခုလုံး သန့်ရှင်း​စေရန် သခင်ဘုရား​၏ အမှုတော်​ကို ဂရုစိုက်တတ်၏။ သို့သော် အိမ်ထောင်ရှိသော​အမျိုးသမီး​မှာမူ မိမိ​ခင်ပွန်း​အား မည်သို့ နှစ်သက်စေရမည်​ကို တွေးတော​လျက် လောကီ​ဆိုင်ရာ​ဝတ္တရားများ​ကို ဂရုစိုက်တတ်၏။


အမျိုးမျိုးသော ဆုတောင်းခြင်း​နှင့် အသနားခံခြင်းတို့​ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်​အတိုင်း အချိန်အခါ​တိုင်း​တွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်း​နိုင်ရန် နိုးနိုးကြားကြား နေ​၍ ယုံကြည်သူ​အပေါင်းတို့​အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။


မည်သည့်​အမှု​ကိုမျှ မစိုးရိမ်ဘဲ အခြေအနေ​တိုင်း​၌ ကျေးဇူးတော်​ကို ချီးမွမ်း​၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့​ဖြင့် သင်တို့ လိုအပ်သော​အရာများ​ကို ဘုရားသခင်​ထံ တောင်းလျှောက်ကြလော့။


သင်တို့​သည် လူသား​အားလုံး​အတွက် အသနားခံခြင်း၊ ဆုတောင်းပေးခြင်း၊ ကိုယ်စားပြု​တောင်းလျှောက်ပေးခြင်း၊ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ချီးမွမ်းခြင်း​တို့ကို ဦးစားပေး​ဆောင်ရွက်​ရန် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်၏။


အကယ်၍ ယုံကြည်သူ​အမျိုးသမီးများ​၏ မိသားစု​တွင် မုဆိုးမများ​ရှိ​ပါက အသင်းတော်​အတွက် ဝန်ထုပ်​မဖြစ်​စေရန် သူတို့​ကိုယ်တိုင် ထို​မုဆိုးမများ​ကို ကူညီထောက်ပံ့​သင့်၏။ သို့မှသာ အမှန်တကယ်​ခိုကိုးရာမဲ့ မုဆိုးမများ​ကို အသင်းတော်​က ကူညီထောက်ပံ့နိုင်​လိမ့်မည်။


အမှန်တကယ်​ခိုကိုးရာမဲ့​ဖြစ်သော မုဆိုးမများ​ကို ရိုသေ​လျက် ကူညီထောက်ပံ့လော့။


ကျွန်ုပ်​သည် သင့်​အတွက် နေ့ရောညပါ သတိတရ ဆုတောင်းပေး၏။ ဆုတောင်းပေး​သောအခါ ကျွန်ုပ်​၏​ဘိုးဘေးတို့ ကိုးကွယ်ခဲ့သည့်​နည်းတူ လိပ်ပြာသန့်သန့်​ဖြင့် ကျွန်ုပ်​ကိုးကွယ်သော ဘုရားသခင်​ကို ကျေးဇူးတင်၏။


ဘုရားသခင်​ကို ကိုးစား​မျှော်လင့်သည့် ရှေးယခင်​က သန့်ရှင်းသော​အမျိုးသမီးတို့​သည်လည်း ထိုနည်း​အတိုင်း မိမိကိုယ်မိမိ အလှဆင်​၍ မိမိတို့​၏​ခင်ပွန်းများ​ကို နာခံကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ