လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
၁ ယော 3:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် မိမိအသက်ကို စွန့်တော်မူသည့်အမှုကို ထောက်၍ မေတ္တာအကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်တို့သည်လည်း မိမိညီအစ်ကိုမောင်နှမချင်းအတွက် အသက်ကို စွန့်သင့်၏။ Common Language Bible ခရစ်တော်သည်ငါတို့အတွက်အသက်တော် ကိုစွန့်တော်မူသောကြောင့်မေတ္တာအကြောင်း ကိုငါတို့သိရကြ၏။ ငါတို့သည်လည်းမိမိ တို့၏ညီအစ်ကိုများအတွက်အသက်စွန့် သင့်ကြပေသည်။- Garrad Bible ငါ တို့ အ တွက် အ သက် စွန့် တော် မူ သည် ကို ထောက်၍ မေ တ္တာ တ ရား ကို သိ ရ ကြ သည့် အ လျောက် ငါ တို့ လည်း ညီ အစ် ကို ချင်း တို့ အ တွက် ကိုယ့် အ သက် ကို စွန့် စား သင့် ကြ ၏။ Judson Bible ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဖို့အလိုငှာ အသက်ကိုစွန့်ရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်သည် ငါတို့အတွက် မိမိအသက်ကိုစွန့်တော်မူသောကြောင့် ငါတို့သည် ထိုအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာကိုသိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အတွက် အသက်ကိုစွန့်သင့်၏။ |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ငါသည် သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်းသည် သိုးတို့အတွက် မိမိအသက်ကို စွန့်တတ်၏။
ထို့ကြောင့် ‘သင်တို့သည် အချင်းချင်းချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်တို့အား ငါပေး၏။
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
သူတို့သည် ကျွန်ုပ်အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြ၏။ ကျွန်ုပ်တစ်ဦးတည်းသာမက လူမျိုးခြားအသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်ကြ၏။
သို့သော် ကျွန်ုပ်တို့ အပြစ်သားများဖြစ်နေစဉ်ကပင် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ခရစ်တော်ကို အသေခံရန် စေလွှတ်တော်မူခြင်းအားဖြင့် သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား သက်သေပြတော်မူ၏။
ထိုသို့ ကျွန်ုပ်တို့သည် သေဘေးနှင့် ရင်ဆိုင်ရသော်လည်း ဤအရာသည် သင်တို့အတွက် ထာဝရအသက်ကို ရရှိစေ၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
ခင်ပွန်းသည်တို့… ခရစ်တော်သည် အသင်းတော်ကို ချစ်သောကြောင့် အသင်းတော်အတွက် အသက်ပေးတော်မူသကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ဘုရားသခင်အား ပူဇော်ပြီး မိမိအသက်ကို သွန်းလောင်းရာပူဇော်စရာကဲ့သို့ သွန်းလောင်းရမည်ဆိုလျှင်ပင် ဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ကျွန်ုပ်ဝမ်းမြောက်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အား သင်တို့မပေးနိုင်သည့် အကူအညီကို ပေးရန် မိမိအသက်ကို စွန့်စားကာ ခရစ်တော်၏ အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့သောကြောင့် ဖြစ်၏။
ထိုသို့ ကျွန်ုပ်တို့သည် သင်တို့ကို အလွန် ချစ်သောကြောင့် ဘုရားသခင်၏သတင်းကောင်းကို ဝေမျှသည်သာမက ကျွန်ုပ်တို့၏ ဘဝကိုပင် သင်တို့အတွက် ပေးဆပ်ရန် ဆန္ဒရှိကြ၏။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော် ဘုန်းအသရေနှင့် ကြွလာမည့် မင်္ဂလာရက်မြတ်ကို စောင့်မျှော်နေကြ၏။
ဘိုးဘေးများထံမှ ဆက်ခံရရှိသော အချည်းနှီးပြုမူနေထိုင်ခြင်းထဲမှ သင်တို့ကို ဘုရားသခင်ရွေးနုတ်တော်မူကြောင်း သင်တို့သိကြ၏။ ထိုသို့ရွေးနုတ်တော်မူရာတွင် ရွှေ၊ ငွေကဲ့သို့ ပျက်စီးတတ်သည့်အရာများဖြင့် ရွေးနုတ်တော်မူသည်မဟုတ်။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်း ကြွေးကြော်သောသူသည် ယေရှုကဲ့သို့ အသက်ရှင်နေထိုင်ရမည်။
“ငါသည် အလင်းထဲတွင် ရှိသည်” ဟု ဆိုလျက်နှင့် မိမိညီအစ်ကိုမောင်နှမကို မုန်းတီးသောသူသည် အမှောင်ထဲတွင် ရှိနေသေး၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။