Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်ဥစ္စာ​ရှိ​သော်လည်း ဆင်းရဲသော ညီအစ်ကို​မောင်နှမတို့​ကို မြင်​၍ မသနား​ပါက ထို​လူ​၌ ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​သည် မည်သို့​ရှိနိုင်မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​ဖြစ်​ပါ​လျက် မိ​မိ​၏​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​ချို့​တဲ့​မှု ကို​မြင်​သော​အ​ခါ က​ရု​ဏာ​စိတ်​မ​ရှိ​သူ​တွင် အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော် ကိန်း​အောင်း​နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 လော က စည်း စိမ် ရှိ လျက် ညီ အစ် ကို ချင်း ဆင်း ရဲ သည် ကို သိ မြင်၍ သ နား စိတ် ချုပ် ချယ် သူ၌ ဘု ရား သ ခင် အား ချစ် ခြင်း မေတ္တာ သည် မည် သို့ တည် သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အ​ကြင်​သူ​သည် လော​ကီ​စည်း​စိမ်​ဥ​စ္စာ ရှိ​လျက်​ပင်၊ မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ခြင်း​ကို မြင်၍၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​ကို ချုပ်​တည်း၏။ ထို​သူ၌ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​သည် အ​ဘယ်​သို့ တည်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်​ရှိ​လျက်​နှင့် မိမိ​ညီအစ်ကို​ဆင်းရဲ​ချို့တဲ့​နေ​သည်​ကို​မြင်​၍ မိမိ​၏​ကြင်နာ​စိတ်​ကို​ချုပ်တည်း​ထား​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်သို့​တည်​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:17
17 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယောဟန်​က “အင်္ကျီ​နှစ်ထည်​ရှိလျှင် မရှိသော​သူ​အား တစ်ထည်​ကို ဝေမျှစေ။ စားသောက်စရာ​ရှိသော​သူ​သည်လည်း ထို​နည်းတူ ဝေမျှစေ” ဟု ပြန်​၍ ဖြေလေ၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


ကောင်းမှုပြု​ရန်​နှင့် သူတစ်ပါး​ကို ကူညီ​ရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော​ယဇ်ပူဇော်ခြင်း​ကို ဘုရားသခင်​နှစ်သက်တော်မူ​သောကြောင့် ဖြစ်၏။


ညီအစ်ကို​မောင်နှမ​တစ်ဦးဦး​သည် အစားအစာ​နှင့် အဝတ်အထည် ချို့တဲ့​ဆင်းရဲ​နေ​သောအခါ


သင်တို့​ထဲမှ တစ်စုံတစ်ယောက်​က “ငြိမ်းချမ်း​စွာ သွားကြလော့။ နွေးထွေး​စွာ နေ​၍ ဝလင်​စွာ စားကြလော့” ဟု ဆို​သော်လည်း သူတို့​လိုအပ်သော အဝတ်အစား​နှင့် စားစရာတို့​ကို မပေးဘဲ​နေလျှင် မည်သည့်​အကျိုး ရှိမည်နည်း။


တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို ချစ်သည်” ဟု ဆို​သော်လည်း မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်း​လျှင် ထို​သူ​သည် လိမ်လည်သောသူ​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိ​ဖြင့် မြင်ရသော ညီအစ်ကို​မောင်နှမ​ကို မချစ်သောသူ​သည် မမြင်ရသော​ဘုရားသခင်​ကို ချစ်​နိုင်မည်​မဟုတ်​သောကြောင့်​ဖြစ်၏။


ယေရှု​သည် ခရစ်တော်​ဖြစ်တော်မူကြောင်း​ကို ယုံကြည်သောသူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်ပြီး အဖ​ဘုရားသခင်​ကို​ချစ်သောသူ​တိုင်း​သည် အဖ​ဘုရားသခင်​၏​သားသမီးများ​ကိုလည်း ချစ်တတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ