၁ ပေ 5:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။ Common Language Bible ငါသည်ဤစာတိုကလေးကိုသိလွာနု၏အကူ အညီဖြင့် သင်တို့ထံသို့ရေးသားပေးပို့လိုက်၏။ သူသည်သစ္စာရှိသောညီအစ်ကိုဟုငါမှတ်ယူ၏။ သင်တို့အားတိုက်တွန်းအားပေးစကားပြောကြား ရန်နှင့် သင်တို့ခံစားရသည့်ကျေးဇူးတော်သည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန် ဖြစ်ကြောင်းကိုသက်သေခံရန် ဤစာကိုရေးပို့ လိုက်၏။ ထိုကျေးဇူးတော်တွင်ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ Garrad Bible ဘု ရား သ ခင့် ကျေး ဇူး တော် စစ် သည် ဤ သို့ ဖြစ် ကြောင်း နှိုး ဆော် သက် သေ ခံ လျက် ငါ ထင် မှတ် သည့် အ တိုင်း သ စ္စာ ရှိ သူ ညီ အစ် ကို သိ လွာ နု လက် ဖြင့် ငါ အ တို ကောက် ရေး ပို့ လိုက် သ တည်း။ ထို ကျေး ဇူး တော်၌ တည် နေ ကြ လော့။ Judson Bible ငါသည် သင်တို့ကို တိုက်တွန်းသွေးဆောင်လျက်၊ သင်တို့မှီဝဲဆည်းကပ်သော ဤအရာများသည် ဘုရားသခင်၏ ကျေးဇူးတော်အမှန် ဖြစ်သည်ဟု သက်သေခံလျက်၊ ဤစာကို အကျဉ်းအားဖြင့်ရေးပြီးမှ၊ ငါစိတ်ထင်သည်အတိုင်း သင်တို့အမှု၌ သစ္စာရှိသောညီအစ်ကို သိလွာနုလက်ဖြင့် ယခုပေးလိုက်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် သစ္စာရှိသောညီအစ်ကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတစ်ဆင့် စာအနည်းငယ်ရေးလိုက်ခြင်းအားဖြင့် သင်တို့ကိုတိုက်တွန်းနှိုးဆော်ကာ ဤအရာသည် ဘုရားသခင်၏စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံ၏။ သင်တို့သည် ဤကျေးဇူးတော်၌ ရပ်တည်ကြလော့။ |
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
ထို့နောက် တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူများကိုရွေးချယ်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့သို့ စေလွှတ်ရန် ဆုံးဖြတ်ကြ၏။ ထိုသူတို့မှာ ယုံကြည်သူများထဲမှ ခေါင်းဆောင်ဖြစ်သောဗာရှဗခေါ် ယုဒနှင့် သိလတို့ဖြစ်ကြ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အား ယခုကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရန် မျှော်လင့်၍ ဂုဏ်ယူဝမ်းမြောက်ကြ၏။
ညီအစ်ကိုမောင်နှမတို့… ယခင်က ကျွန်ုပ်ဟောပြောခဲ့သော သတင်းကောင်းကို သင်တို့အား ပြန်၍ သတိရစေလို၏။ သင်တို့သည် ထိုသတင်းကောင်းကို ခံယူခဲ့ပြီး ထိုအပေါ်၌ မှီခိုအားထားခဲ့ကြ၏။
ကျွန်ုပ်မှစ၍ သိလွာနုနှင့် တိမောသေတို့က သင်တို့အား ဟောပြောခဲ့သော ဘုရားသခင်၏ သားတော် ယေရှုခရစ်တော်သည် “ဟုတ်၏” နှင့် “မဟုတ်ပါ” ကြားတွင် ယိမ်းယိုင်သောအရှင် မဟုတ်ပေ။ ထိုအရှင်၌ “ဟုတ်၏” ဟူ၍သာ ရှိ၏။
သို့သော် ကျွန်ုပ်တို့သည် သင်တို့၏ ယုံကြည်ခြင်းကို ချုပ်ကိုင်ထားသည်ဟူ၍ မဆိုလိုပါ။ ကျွန်ုပ်တို့သည် သင်တို့ ဝမ်းမြောက်နိုင်ရန် သင်တို့နှင့်အတူ လက်တွဲလုပ်ဆောင်နေခြင်းသာ ဖြစ်၏။ သင်တို့သည်လည်း ယုံကြည်ခြင်းဖြင့် ခိုင်မြဲစွာ ရပ်တည်နေပြီဖြစ်၏။
ဘုရားသခင်သည် မိမိ၏ လျှို့ဝှက်နက်နဲသော အကြံအစည်ကို ဗျာဒိတ်တော်ဖြင့် ကျွန်ုပ်ကို ဖော်ပြတော်မူကြောင်း အထက်ပါအတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။
သခင်ဘုရားအတွက် သစ္စာရှိစွာ အမှုဆောင်သော အစေခံ ဖြစ်သူ၊ ကျွန်ုပ်၏ ချစ်ခင်ရသောညီ တုခိတ်က ကျွန်ုပ် မည်သို့ ဖြစ်ပြီး မည်သည့်အရာများ လုပ်ဆောင်နေသည်ကို သင်တို့ သိနိုင်ရန် သင်တို့ကို အရာအားလုံး ပြောပြလိမ့်မည်။
သင်တို့သည် ထိုသတင်းကောင်းကို ကျွန်ုပ်တို့နှင့် အစေခံချင်းဖြစ်သည့် ချစ်ခင်ရသော ဧပဖြထံမှ ကြားနာခဲ့ရ၏။ သူသည် ခရစ်တော်၏ သစ္စာရှိသောအမှုဆောင်ဖြစ်ပြီး ကျွန်ုပ်တို့ကိုယ်စား ကူညီဆောင်ရွက်နေသောသူ ဖြစ်၏။
ကျွန်ုပ်နှင့် အစေခံချင်း ဖြစ်သူ၊ သခင်ဘုရားအတွက် သစ္စာရှိစွာ အမှုဆောင်သည့် ချစ်ခင်ရသောညီ တုခိတ်က သင်တို့ကို ကျွန်ုပ်၏ အကြောင်းအရာအားလုံး ပြောပြပါလိမ့်မည်။
သူနှင့်အတူ ကျွန်ုပ်ချစ်ရသောညီ ဩနေသိမ်လည်း ရောက်လာလိမ့်မည်။ ဩနေသိမ်သည် သစ္စာရှိသောသူဖြစ်ပြီး သင်တို့ထဲက တစ်ဦးဖြစ်၏။ သူတို့သည် သင်တို့ကို ဤအရပ်တွင် ဖြစ်ပျက်သည့် အကြောင်းအရာ အားလုံး ပြောပြလိမ့်မည်။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်ပေါလု၊ သိလွာနုနှင့် တိမောသေတို့က အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့နှင့် တပေါင်းတစည်းတည်းဖြစ်သော သက်သာလောနိတ်အသင်းတော်ထံသို့ ပို့လိုက်သော စာဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်ပေါလု၊ သိလွာနုနှင့် တိမောသေတို့က ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ကို ယုံကြည်ကြသော သက်သာလောနိတ်မြို့သားတို့၏ အသင်းတော်ထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ အကျဉ်းချုံး ရေးလိုက်ခြင်းသာ ဖြစ်၍ ကျွန်ုပ်၏ အားပေးတိုက်တွန်းစကားကို နားထောင်ကြရန် ကျွန်ုပ်တိုက်တွန်းနိုးဆော်ပါ၏။
ထို့ကြောင့် သင်တို့၏ စိတ်နှလုံးကို အသင့်ပြင်၍ တည်ကြည်စေကြလော့။ ယေရှုခရစ်တော် ပြန်လည်ကြွလာသောအခါ သင်တို့ခံစားရမည့် ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
သင်တို့တစ်ဦးစီသည် ဘုရားသခင်ထံမှ ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်းအဖြစ် ထိုဆုကျေးဇူးတို့ကို အသုံးပြု၍ အချင်းချင်း ကူညီဆောင်ရွက်ကြလော့။
ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကို သိပြီး သင်တို့ခံယူထားသော သမ္မာတရား၌ မြဲမြံနေပြီဖြစ်သော်လည်း ဤအကြောင်းအရာများနှင့်ပတ်သက်၍ သင်တို့အား အစဉ်သတိပေးရန် ကျွန်ုပ်ရည်ရွယ်ထား၏။
သူတို့သည် လမ်းဖြောင့်မှ သွေဖယ်၍ မတရားမှုမှ ရရှိသောအခကြေးငွေကို နှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏ လမ်းစဉ်ကို လိုက်ကြ၏။
ဒေမေတရိ၏ ကောင်းကြောင်းကို လူတိုင်းသာမက သမ္မာတရားကိုယ်တိုင်က သက်သေခံ၏။ ကျွန်ုပ်တို့သည်လည်း သက်သေခံကြ၏။ ကျွန်ုပ်တို့၏ သက်သေခံချက် မှန်ကန်ကြောင်း သင်သိ၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။