၃ ယော 1:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ဒေမေတရိ၏ ကောင်းကြောင်းကို လူတိုင်းသာမက သမ္မာတရားကိုယ်တိုင်က သက်သေခံ၏။ ကျွန်ုပ်တို့သည်လည်း သက်သေခံကြ၏။ ကျွန်ုပ်တို့၏ သက်သေခံချက် မှန်ကန်ကြောင်း သင်သိ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ဒေမေတရိကို လူတိုင်းချီးမွမ်းပြောဆို ကြပေသည်။ သမ္မာတရားသည်သူ့ဘက်၌ သက်သေခံ၏။ ငါတို့သည်ထပ်လောင်း၍ ထောက်ခံ၏။ ငါတို့ထောက်ခံချက်သည် ခိုင်လုံကြောင်းသင်သိ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 လူ ခပ် သိမ်း တို့ နှင့် သ မ္မာ တ ရား တော် သည် ဒေ မေ တ ရိ ဘက်၌ သက် သေ ခံ၏။ ငါ တို့ လည်း သက် သေ ခံ၍ ထို သက် သေ ဟုတ် မှန် ကြောင်း သင် သိ၏။ အခန်းကိုကြည့်ပါ။Judson Bible12 လူအပေါင်းတို့သည် ဒေမေတရိ၏ သက်သေဖြစ်ကြ၏။ သမ္မာတရားသည်လည်း သူ၏သက်သေဖြစ်၏။ ငါတို့သည်လည်း ထိုသူဘက်၌ သက်သေခံကြ၏။ ငါတို့၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့ သိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ဒေမေတရိအကြောင်းကို လူအပေါင်းတို့မှစ၍ သမ္မာတရားကိုယ်တိုင်က သက်သေခံ၏။ ငါတို့သည်လည်း သက်သေခံကြ၏။ ငါတို့၏သက်သေခံချက်သည် မှန်ကန်ကြောင်းကိုလည်း သင်သိ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့က “ကျွန်ုပ်တို့ကို တပ်မှူးကော်နေလိက လွှတ်လိုက်ပါ၏။ သူသည် ဘုရားသခင်ကိုကြောက်ရွံ့၍ သမာသမတ်ကျသူဖြစ်ပြီး ဂျူးလူမျိုးတစ်ရပ်လုံး၏ချီးမွမ်းခြင်းခံရသောသူလည်း ဖြစ်၏။ သူ၏အိမ်သို့ သင့်ကို ဖိတ်ခေါ်၍ သင်ဟောပြောမည့်အကြောင်းကိုကြားနာရန် သန့်ရှင်းသောကောင်းကင်တမန်သည် သူ့အား ညွှန်ကြားလိုက်ပါ၏” ဟု တုံ့ပြန်ကြ၏။
ထို့နောက် ပညတ်တရားအတိုင်း ဘုရားတရားကိုင်းရှိုင်း၍ ဒမတ်စကပ်မြို့တွင် နေထိုင်သည့်ဂျူးများရှေ့၌ ချီးမွမ်းခံရသူ အာနနိဟု ခေါ်သောလူတစ်ဦးသည် ကျွန်ုပ်ထံသို့ လာ၏။ သူသည် နံဘေး၌ ရပ်နေပြီးလျှင် ‘ငါ့ညီ ရှောလု… မျက်စိပြန်မြင်စေ’ ဟု ဆိုရာ ထိုခဏချင်းပင် ကျွန်ုပ်၏မျက်စိပြန်မြင်၍ သူ့ကို တွေ့မြင်ရ၏။