Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 5:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သင်တို့​နှင့်အတူ ရွေးချယ်တော်မူခြင်း​ခံရသော ဘေဘီလုံမြို့​ရှိ အသင်းတော်​နှင့် ကျွန်ုပ်​သား မာကု​တို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​ခြင်း​ကို သင်​တို့ နည်း​တူ​ခံ​ရ​သည့်​ဗာ​ဗု​လုန်​မြို့​အ​သင်း​တော် ဝင်​တို့​က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။ ငါ့ သား​မာ​ကု​က​လည်း​နှုတ်​ဆက်​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ငါ့ သား မာ ကု မှ စ၍ သင် တို့ ကဲ့ သို့ ရွေး ကောက် တော် မူ ပြီး သော ဗာ ဗု လုန် မြို့ ရှိ အ သင်း တော် က သင် တို့ ကို နှုတ် ဆက် လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ့​သား​မာ​ကု​မှ​စ၍ ဗာ​ဗု​လုန်​မြို့၌​ရှိ​သော သင်​တို့​နှင့်​အ​တူ ရွေး​ချယ်​တော်​မူ​သော အ​သင်း​တော်​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သင်​တို့​နည်းတူ ရွေးချယ်​တော်မူ​ခြင်း​ခံရ​သော ဘေဘီလုံ​မြို့​ရှိ​အသင်းတော်​နှင့် ငါ့​သား​မာကု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 5:13
11 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ သိ​လျှင်​သိ​ချင်း ယောဟန်မာကု​၏​မိခင်​ဖြစ်သူ မာရိ​အိမ်​သို့ သွားလေ၏။ ထို​နေရာ​တွင် လူ​များစွာ​စုဝေး​လျက် ဆုတောင်းနေကြ၏။


ထို့နောက် ဗာနဗ​နှင့် ရှောလု​သည် ဆောင်ရွက်စရာ​အမှုများ​ကို အပြီးသတ်ပြီး​လျှင် ယောဟန်မာကု​ကို မိမိတို့​နှင့်တကွ ခေါ်ခဲ့​၍ ဂျေရုဆလင်မြို့​မှ ပြန်လာကြ၏။


ဗာနဗ​က မာကု​ဟု ခေါ်သော​ယောဟန်​ကို မိမိတို့​နှင့်အတူ ခေါ်သွား​လို၏။


ဤသို့ သဘောထား​ကွဲလွဲမှု ပြင်းထန်လာ​သဖြင့် သူတို့​လမ်းခွဲကြ​ကာ ဗာနဗ​သည် မာကု​ကို ခေါ်​၍ ဆိုက်ပရပ်ကျွန်း​သို့ ရွက်လွှင့်လေ၏။


ကျွန်ုပ်​နှင့်​အတူ အကျဉ်းချခံရသော အာရိတ္တာခု​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ ဗာနဗ​၏​ညီဝမ်းကွဲ မာကု​တို့​သည်လည်း သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ မာကု​သည် သင်တို့​ထံသို့ ရောက်လာ​လျှင် ညွှန်ကြားထားသည့်​အတိုင်း သူ့​ကို ကြိုဆိုကြလော့။


ကျွန်ုပ်​၏​လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြသော မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာ​တို့​သည်လည်း သင့်​ကို နှုတ်ဆက်လိုက်ပါ၏။


အသက်ကြီးသူ​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် ကျွန်ုပ်​အမှန်တကယ်​ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်း​ခံရသော​အမျိုးသမီး​နှင့် သူ​၏ သားသမီးများ​ထံသို့ စာရေးလိုက်ပါ၏။ သင်တို့​ကို ကျွန်ုပ်​တစ်ဦးတည်း​သာမက သမ္မာတရား​ကို သိသောသူ​အပေါင်းတို့​ကလည်း ချစ်ခင်ကြ၏။


ဘုရားသခင် ရွေးကောက်တော်မူသော သင့်​ညီမ​၏ သားသမီးတို့​သည် သင့်​အား နှုတ်ဆက်လိုက်ကြ၏။ ရှင်ယောဟန်​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


သူ​၏​နဖူး​ပေါ်၌ “ပြည့်တန်ဆာတို့​နှင့် ကမ္ဘာ​လောက​ရှိ စက်ဆုပ်​ရွံရှာဖွယ်ရာတို့​၏ မိခင်၊ ဘေဘီလုံ​မြို့ကြီး” ဟူသော လျှို့ဝှက်​နက်နဲသည့်​အမည်​ကို ရေးထား၏။


ထို​ကောင်းကင်တမန်​က “ဘေဘီလုံ​မြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ဤ​မြို့​သည် နတ်ဆိုးတို့ နေထိုင်ရာ​အရပ်၊ ညစ်ညမ်းသော​နတ်တို့ ခိုအောင်းရာ​အရပ်၊ ညစ်ညမ်းသော​ငှက်တို့ ခိုအောင်းရာ​အရပ်၊ ညစ်ညမ်း​မုန်းတီးဖွယ်​တိရစ္ဆာန်တို့ ခိုအောင်းရာ​အရပ် ဖြစ်လေပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ