ဧဖက် 3:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ဘုရားသခင်သည် မိမိ၏ လျှို့ဝှက်နက်နဲသော အကြံအစည်ကို ဗျာဒိတ်တော်ဖြင့် ကျွန်ုပ်ကို ဖော်ပြတော်မူကြောင်း အထက်ပါအတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ဘုရားသခင်သည်မိမိ၏နက်နဲသောအကြံ အစည်တော်ကိုငါ့အားဖွင့်ပြတော်မူ၏။ (ဤ အကြောင်းအရာနှင့်ပတ်သက်၍သင်တို့အား အကျဉ်းအားဖြင့်ငါဖော်ပြခဲ့ပြီးပေပြီ။- အခန်းကိုကြည့်ပါ။Judson Bible3 ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိတ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အထက်က အကျဉ်းမျှ ငါရေးထားသည့်အတိုင်း ဤလျှို့ဝှက်နက်နဲသောအရာကို ဗျာဒိတ်တော်အားဖြင့် ငါ့အားသိစေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်သည် ဂျေရုဆလင်မြို့သို့ပြန်လာပြီး ဗိမာန်တော်၌ ဆုတောင်းနေစဉ် ဗျာဒိတ်ရူပါရုံကို မြင်ရ၏။ ထိုဗျာဒိတ်ရူပါရုံတွင် သခင်ဘုရားသည် အကျွန်ုပ်အား ‘ဤမြို့သားတို့သည် ငါနှင့် ပတ်သက်သော သင်၏သက်သေခံချက်ကို လက်ခံကြမည်မဟုတ်သောကြောင့် သင်သည် ဂျေရုဆလင်မြို့မှ အလျန်အမြန်ထွက်လော့’ ဟု မိန့်တော်မူ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။