ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
၁ တိ 2:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားအားလုံး ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို သိရှိနားလည်စေလိုတော်မူသောကြောင့် ဖြစ်၏။ Common Language Bible လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။- Judson Bible လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင်အလိုတော်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာတရားကိုသိရှိခြင်းသို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏။ |
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ထို့နောက် ယေရှုက “ကမ္ဘာအရပ်ရပ်သို့ သင်တို့သွား၍ လူအပေါင်းတို့ကို သတင်းကောင်း ဟောပြောကြလော့။
သင်သည် ကိုယ်တော်၏လူမျိုးတော်အား မိမိတို့၏အပြစ်များကို ဖြေလွှတ်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိနိုင်သည့်အကြောင်းကို ပြောကြားလိမ့်မည်။
သခင်ဖြစ်သူက အစေအပါးအား ‘မြို့ပြင်လမ်းမများနှင့် လမ်းကြိုလမ်းကြားများသို့ သွား၍ တွေ့မြင်သမျှလူတို့ကို ပွဲသို့ ခေါ်ဆောင်လာပြီး အိမ်ကို ပြည့်စေလော့။
ခရစ်တော်၏အမည်နာမအားဖြင့် အပြစ်လွတ်ခြင်းတရားနှင့် နောင်တတရားအကြောင်းတို့ကို ဂျေရုဆလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
ငါ့ကို ခမည်းတော်ပေးအပ်တော်မူသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် ငြင်းပယ်မည်မဟုတ်ပါ။
သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။
သို့ဖြစ်၍ လူအပေါင်းတို့၏ ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားမျှော်လင့်သည်ဖြစ်၍ ကျွန်ုပ်တို့သည် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။
ဆန့်ကျင်သူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမသွန်သင်ရမည်။ ဘုရားသခင်သည် သူတို့အား သမ္မာတရားကို သိစေ၍ နောင်တရနိုင်သောအခွင့်ကို ပေးကောင်းပေးတော်မူလိမ့်မည်။
ထိုအမျိုးသမီးတို့သည် အခြားသောသွန်သင်မှုများကို အစဉ်အမြဲခံယူသော်လည်း သမ္မာတရားကိုမူ မည်သည့်အခါမျှ နားမလည်ကြ။
ဘုရားသခင်၏ အစေအပါးနှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်၏။ ဘုရားသခင်သည် မိမိရွေးကောက်သောသူတို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်နှင့် သမ္မာတရားကို ထိုသူတို့သိရှိနားလည်နိုင်စေရန် ကျွန်ုပ်ကို စေလွှတ်တော်မူ၏။ ဤနည်းဖြင့် သူတို့သည် ဘုရားတရားကိုင်းရှိုင်းသောဘဝဖြင့် နေထိုင်နိုင်ကြမည်။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားလာသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့သည် သမ္မာတရားကို သိရှိပြီးနောက် တမင်တကာ ဆက်လက် အပြစ်ကျူးလွန်နေလျှင် ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ် မရှိတော့ပေ။
သို့သော် သင်တို့၏ နှလုံးသားထဲတွင် ခါးသီးသော မနာလိုစိတ်နှင့် တစ်ကိုယ်ကောင်းစိတ်တို့ရှိလျှင် သမ္မာတရားကို ဆန့်ကျင်၍ သင်တို့၏ ဉာဏ်ပညာအကြောင်းကို မကြွားဝါနှင့်။
လူတချို့ ထင်မှတ်သကဲ့သို့ ထာဝရဘုရားသည် မိမိကတိတော်အတိုင်းပြုရန် နှောင့်နှေးတော်မူသည်မဟုတ်။ ကိုယ်တော်သည် မည်သူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ် စိတ်ရှည်တော်မူခြင်းသာဖြစ်၏။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။
ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် ကမ္ဘာလောက၌ နေထိုင်ကြသောသူများဟူသော တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများနှင့် လူမျိုးအသီးသီးတို့အား ထာဝရသတင်းကောင်းကို ဟောပြောရန် ကောင်းကင်အလယ်၌ ပျံသန်းနေသည်ကို ကျွန်ုပ်မြင်ရ၏။