Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ဆန့်ကျင်သူတို့​ကို နူးညံ့သိမ်မွေ့​စွာ ဆုံးမသွန်သင်​ရမည်။ ဘုရားသခင်​သည် သူတို့​အား သမ္မာတရား​ကို သိစေ​၍ နောင်တ​ရနိုင်သော​အခွင့်​ကို ပေးကောင်း​ပေးတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 မိ​မိ​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​များ​ကို​နူး​ညံ့ သိမ်​မွေ့​စွာ​ဆုံး​မ​တတ်​သူ​ဖြစ်​ရ​မည်။ သူ​တို့​သည် နောင်​တ​ရ​၍​သမ္မာ​တ​ရား​ကို​သိ​ရှိ​လာ​နိုင်​ခွင့် ကို​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ပေး​ကောင်း ပေး​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25-26 သို့ မှ ထို သူ တို့ သည် ဘု ရား သ ခင့် အ ခွင့် တော် နှင့် နောင် တ ရ၍ သ မ္မာ တ ရား တော် ကို ဝန် ခံ သ ဖြင့် မာရ် နတ် ကျော့ ကွင်း မှ လွတ် မြောက် လျက်၊ အ လို တော် အ တိုင်း ကောင်း သော သ တိ နှင့် လိုက် နာ ကောင်း လိုက် နာ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ဆီး​တား​ငြင်း​ခုံ​သော​သူ​တို့​ကို နူး​ညံ့​သိမ်​မွေ့​စွာ ဆုံး​မ​ရ​မည်။ သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ၊ နောင်​တ​ကို ဘု​ရား​သ​ခင် ပေး​ကောင်း​ပေး​တော်​မူ၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ဆန့်ကျင်ဘက်​ပြု​သော​သူ​တို့​ကို နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့် ဆုံးမ​သွန်သင်​ရ​မည်။ သို့ပြုလျှင် ဘုရားသခင်​သည် သူ​တို့​အား နောင်တရ​သော​အခွင့်​ကို​ပေး​တော်မူ​သဖြင့် သူ​တို့​သည် သမ္မာတရား​ကို​သိရှိ​လာ​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:25
30 ပူးပေါင်းရင်းမြစ်များ  

ငါ့​ထမ်းပိုး​ကို​ယူ​၍ ထမ်း​ကာ ငါ့​ထံမှ သင်ယူကြလော့။ ငါ​သည် နူးညံ့သိမ်မွေ့​၍ နှိမ့်ချသော​စိတ်နှလုံး​ရှိ​သောကြောင့် သင်တို့​၏​စိတ်ဝိညာဉ်​သည် သက်သာရာ​ရ​လိမ့်မည်။


နှစ်ခြင်းဆရာ​ယောဟန်​သည် လာ​၍ မှန်ကန်​စွာ အသက်ရှင်​ရန် သင်တို့​အား လမ်းပြခဲ့၏။ သို့သော် သင်တို့​သည် သူ့​ကို မယုံကြ။ အခွန်ကောက်သူများ​နှင့် ပြည့်တန်ဆာများ​ကမူ ယုံကြည်ကြ၏။ သင်တို့​သည် ထို​အရာ​ကို မြင်​လျက်နှင့်ပင် နောင်တရ​၍ သူ့​ကို ယုံကြည်လာခြင်း​မရှိကြ။


ယေရှု​က “အချိန်​ကျပြီ။ ဘုရားသခင်​၏​နိုင်ငံတော်​ပေါ်ထွန်းချိန်​နီးပြီ။ သင်တို့​၏​အပြစ်များ​အတွက် နောင်တရ​၍ သတင်းကောင်း​ကို ယုံကြည်ကြလော့” ဟု မိန့်တော်မူ၏။


လူတို့​၏​သက်သေ​ကို ငါ​မလိုအပ်​သော်လည်း သင်တို့​ကယ်တင်ခြင်း​ရ​ရန် ဤ​စကား​ကို ငါ​ပြောရ၏။


ဤ​အကြောင်းအရာများ​ကို ထို​သူတို့​ကြားရ​သောအခါ ငြိမ်သက်သွားကြပြီး “ဤသို့​ဆို​လျှင် ဘုရားသခင်​သည် လူမျိုးခြားတို့​အား ထာဝရ​အသက်ရှင်​စေရန်​နောင်တရခြင်း​အခွင့်​ကို ပေးသနားတော်မူပြီ” ဟု ဆို​၍ ဘုရားသခင်​ကို ချီးမွမ်းကြ၏။


ပေတရု​က “သင်တို့​အပြစ်များ​ကို ခွင့်လွှတ်ခြင်း​ခံရ​ရန် နောင်တရ​လျက် ယေရှု​ခရစ်တော်​၏​အမည်​နာမ​၌ သင်တို့​အားလုံး နှစ်ခြင်းမင်္ဂလာ​ခံယူကြလော့။ ထိုသို့​ပြုလျှင် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​တည်းဟူသော လက်ဆောင်​ကို လက်ခံရရှိ​လိမ့်မည်။


နောင်တရ​၍ ဘုရားသခင်​ထံတော်​သို့ ပြန်လာကြ​စေရန်​နှင့် ကျွန်ုပ်တို့​၏​သခင်​ယေရှု​ကို ယုံကြည်​စေရန် ဂျူးလူမျိုးများ​နှင့် ဂရိလူမျိုးများ​ကို လေးနက်စွာ ဟောပြောခဲ့၏။


မိုးလင်း​သောအခါ ကောင်းကင်တမန်​မှာထားသည့်​အတိုင်း သူတို့​သည် ဗိမာန်တော်​သို့ ဝင်​၍ ဆုံးမသွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်း​နှင့် သူ​၏​အဖွဲ့ဝင်များ​သည် အစည်းအဝေး​ပြုလုပ်​ရန် တရားလွှတ်တော်​အဖွဲ့ဝင်များ​နှင့် အစ္စရေးလူမျိုး​အကြီးအကဲတို့​ကို စုရုံးစေ၏။ ထို့နောက် တမန်တော်တို့​ကို ခေါ်ထုတ်လာ​ရန် အစောင့်တပ်သားတို့​ကို ထောင်​ထဲသို့ စေလွှတ်ကြ၏။


အစ္စရေးလူမျိုးများ​အား နောင်တရ​၍ အပြစ်တရား​မှ​လွှတ်​စေရန် ဘုရားသခင်​သည် ထို​အရှင်​အား ခေါင်းဆောင်​နှင့် ကယ်တင်ရှင်​အဖြစ် မိမိ​၏​လက်ယာတော်ဘက်​၌ ချီးမြောက်တော်မူပြီ။


ထို့ကြောင့် သင်​၏​မကောင်းမှု​အတွက် နောင်တရ​၍ ဘုရားသခင်​ထံ ဆုတောင်းလော့။ သို့ပြုလျှင် ဘုရားသခင်​သည် သင်​၏​ဆိုးညစ်သော​ကြံစည်မှု​အတွက် ခွင့်လွှတ်​ကောင်း ခွင့်လွှတ်​နိုင်မည်။


ညီအစ်ကို​မောင်နှမတို့… တစ်စုံတစ်ယောက်​သည် အပြစ်​ပြုမိ​လျှင် ဝိညာဉ်တော်​၏ လမ်းပြခြင်း​ခံရသော သင်တို့​က နူးညံ့သိမ်မွေ့သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်ပေး​ရမည်။ သင်တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ရာသို့ မလိုက်ပါမိ​စေရန် သတိပြုကြလော့။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် လူသား​အားလုံး ကယ်တင်ခြင်း​ခံရပြီး သမ္မာတရား​ကို သိရှိ​နားလည်​စေလိုတော်မူ​သောကြောင့် ဖြစ်၏။


သို့သော် တိမောသေ… သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်​သောကြောင့် ထို​အရာတို့​ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရား​ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်​ရန် အမြဲ​ကြိုးစားလော့။


ထို​အမျိုးသမီးတို့​သည် အခြားသော​သွန်သင်မှုများ​ကို အစဉ်အမြဲ​ခံယူ​သော်လည်း သမ္မာတရား​ကိုမူ မည်သည့်အခါ​မျှ နားမလည်ကြ။


ဘုရားသခင်​၏ အစေအပါး​နှင့် ယေရှု​ခရစ်တော်​၏ တမန်တော်​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်၏။ ဘုရားသခင်​သည် မိမိ​ရွေးကောက်သော​သူတို့​၏ ယုံကြည်ခြင်း​ကို ခိုင်မာ​စေရန်​နှင့် သမ္မာတရား​ကို ထို​သူတို့​သိရှိ​နားလည်​နိုင်စေရန် ကျွန်ုပ်​ကို စေလွှတ်တော်မူ၏။ ဤ​နည်း​ဖြင့် သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်းသော​ဘဝ​ဖြင့် နေထိုင်​နိုင်ကြမည်။


သူတို့​သည် မည်သူ့​ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်း​အပေါ် ထောက်ထား​ညှာတာသော စိတ်​နှင့် နူးညံ့သိမ်မွေ့​စွာ ဆက်ဆံရမည်။


ကောင်းမြတ်သော​ဆုကျေးဇူး​နှင့် ပြီးပြည့်စုံသော​လက်ဆောင်များ အားလုံး​သည် ကောင်းကင်​အလင်များ​ကို ဖန်ဆင်းသော အဖ​ဘုရားသခင်​ထံမှ ရောက်လာသည်​ဖြစ်၍ အထက်​အရပ်​မှ ဖြစ်ကြ၏။ ကိုယ်တော်​သည် ရွေ့လျားတတ်သော​အရိပ်များ​ကဲ့သို့ ပြောင်းလဲတော်မမူ။


ခရစ်တော်​ကို သင်တို့​၏ စိတ်နှလုံး​ထဲ၌ သခင်​အဖြစ် ရိုသေ​ကိုင်းရှိုင်းကြလော့။ တစ်စုံတစ်ယောက်​သည် သင်တို့​၏​မျှော်လင့်ခြင်း​နှင့်​ပတ်သက်​၍ မေးမြန်း​လျှင် ထို​သူ​အား ရှင်းလင်း​ဖြေဆို​ရန် အမြဲ​အသင့်​ရှိကြလော့။


ညီအစ်ကို​မောင်နှမ​တစ်စုံတစ်ယောက်​သည် မိမိ​ဝိညာဉ်​မဆုံးရှုံး​စေနိုင်သည့်​အပြစ်​မျိုး ကျူးလွန်သည်​ကို သင်​တွေ့​လျှင် သူ့​အတွက် ဆုတောင်းပေး​သင့်၏။ မိမိ​ဝိညာဉ်​မဆုံးရှုံး​စေနိုင်သည့်​အပြစ်​မျိုး​ကို ကျူးလွန်သော ထို​သူ​အား ဘုရားသခင်​သည် အသက်​ကို ပေးတော်မူ​လိမ့်မည်။ မိမိ​ဝိညာဉ်​ဆုံးရှုံး​စေနိုင်သည့်​အပြစ်​မျိုး​ရှိ၏။ ထို​အပြစ်​မျိုး​အတွက် ဆုတောင်း​သင့်ကြောင်း ကျွန်ုပ်​မဆိုလိုပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ