Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 3:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 လူတချို့ ထင်မှတ်​သကဲ့သို့ ထာဝရဘုရား​သည် မိမိ​ကတိတော်​အတိုင်း​ပြု​ရန် နှောင့်နှေးတော်မူသည်​မဟုတ်။ ကိုယ်တော်​သည် မည်သူ​မျှ မပျက်စီးဘဲ လူတိုင်း နောင်တရ​စေရန် အလိုတော်​ရှိ​၍ သင်တို့​အပေါ် စိတ်ရှည်တော်မူခြင်း​သာ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 လူ​အ​ချို့​တို့​ထင်​မှတ်​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​က​တိ​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ရန်​နှောင့်​နှေး​လျက်​နေ​တော်​မူ သည်​မ​ဟုတ်။ မည်​သူ​မျှ​မပျက်​စီး​ဘဲ​လူ​တိုင်း နောင်​တ​ရ​စေ​ရန်​အ​လို​တော်​ရှိ​၍​သင်​တို့ ကို​သည်း​ခံ​တော်​မူ​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထာ ဝ ရ ဘု ရား သည် နှောင့် နှေး တော် မူ သည် ဟု အ ချို့ တို့ မှတ် ယူ ကြ သည့် အ တိုင်း က တိ တော် ကို ဖြည့် ရန် နှောင့် နှေး တော် မူ သည် မ ဟုတ်။ မည် သူ မျှ မ ပျက် စီး ဘဲ ရှိ သ မျှ တို့ နောင် တ ရ ခွင့် ရှိ စေ ရန် သင် တို့ အ ပေါ် တွင် စိတ် ရှည် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 နှောင့်နှေး​သည်​ဟု အချို့​တို့​က​မှတ်ယူ​သကဲ့သို့ ထာဝရ​ဘုရား​သည် ကတိ​တော်​ကို နှောင့်နှေး​စေ​တော်မူ​သည်​မ​ဟုတ်။ မည်သူမျှ​မ​ပျက်စီး​ဘဲ လူ​တိုင်း​နောင်တရ​စေရန် အလို​တော်​ရှိ​၍ သင်​တို့​အပေါ်​စိတ်ရှည်​သည်းခံ​လျက်​နေ​တော်မူ​ခြင်း​သာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 3:9
24 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည် ယခု​လက်ရှိ အချိန်အခါ​ကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာ​မှ နိုးထ​ရမည့်​အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်​သည် ကျွန်ုပ်တို့ စတင်​ယုံကြည်ခဲ့သည့် အချိန်​က​ထက် ပို၍ နီးကပ်လာ​သောကြောင့် ဖြစ်၏။


ညအချိန် ကုန်ဆုံးတော့မည်​ဖြစ်ပြီး နေ့အချိန်​သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့​သည် အမှောင်​၌ ပြုသော​အကျင့်များ​ကို ဖယ်ရှား​၍ အလင်း​၏ လက်နက်များ​ကို ကိုင်ဆောင်​ကြရမည်။


သို့မဟုတ် ဘုရားသခင်​၏ ကြင်နာခြင်း​သည် သင့်​ကို နောင်တရ​စေရန်​ဖြစ်သည်​ကို နားမလည်ဘဲ ကိုယ်တော်​၏ ကြွယ်ဝသော​ကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်း​နှင့် သည်းခံခြင်းတို့​ကို သင်​သည် မထီမဲ့မြင်​ပြုသလော။


ထို​နည်းတူ ဘုရားသခင်​သည် မိမိ​၏ အမျက်တော်​နှင့် တန်ခိုးတော်​တို့ကို ပြပိုင်ခွင့်​ရှိ၏။ သို့သော်လည်း ဘုရားသခင်​သည် မိမိ​၏ အမျက်တော်​သင့်​၍ ဖျက်ဆီး​ခံရမည့်သူများ​အပေါ် အလွန်​သည်းခံတော်မူ၏။


သို့သော်လည်း ယေရှု​ခရစ်တော်​သည် အဆိုးဆုံး​ဖြစ်သူ ကျွန်ုပ်​အပေါ် သူ​၏ အဆုံးမဲ့​သည်းခံခြင်း​ကို ဖော်ပြ​ရန် ရည်ရွယ်​သောကြောင့် ကျွန်ုပ်​အပေါ် ကရုဏာ​ထားတော်မူ၏။ ဤသို့ ပြုတော်မူခြင်း​သည် ကိုယ်တော်​ကို ယုံကြည်​၍ ထာဝရ​အသက်​ကို ရရှိကြမည့်သူများ​အတွက် ကျွန်ုပ်​ကို စံနမူနာ​အဖြစ် ထားရန်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် လူသား​အားလုံး ကယ်တင်ခြင်း​ခံရပြီး သမ္မာတရား​ကို သိရှိ​နားလည်​စေလိုတော်မူ​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် “ကြွလာတော်မူမည့် အရှင်​သည် မနှောင့်နှေးဘဲ အချိန်​အနည်းငယ်​အတွင်း ကြွလာ​လိမ့်မည်။


ထို​ဝိညာဉ်များ​မှာ နောဧ​သည် သင်္ဘော​ဆောက်​စဉ် ဘုရားသခင် စိတ်ရှည်​စွာ စောင့်ဆိုင်းတော်မူ​သော်လည်း နောင်တ​မရသည့် မယုံကြည်သော​သူများ​ဖြစ်ကြ၏။ ထို​အချိန်​တွင် သင်္ဘော​ထဲမှ အနည်းငယ်​ဖြစ်သော လူ​ရှစ်ဦး​သာ ရေ​လွှမ်းမိုးခြင်း​မှ ကယ်တင်ခံခဲ့ကြ၏။


ကိုယ်တော်​သည် မိမိ​၏ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​အားဖြင့် အဖိုးတန်​၍ ကြီးမြတ်သော​ကတိတော်​ကို ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဤသည်​မှာ ထို​ကတိတော်​အားဖြင့် သင်တို့​အား ဤ​လောကီ​တပ်မက်ခြင်း​ကြောင့် ဖြစ်သည့်​ပျက်စီးခြင်း​မှ လွတ်မြောက်​၍ ဘုရားဖြစ်ခြင်း​သဘော​၌ ပါဝင်​ပတ်သက်လာ​စေရန်​ဖြစ်၏။


ကျွန်ုပ်တို့​၏ ချစ်ရသော​ညီအစ်ကို​ပေါလု​သည်လည်း ကျွန်ုပ်တို့​၏​သခင်ဘုရား​ပေးတော်မူသော ဉာဏ်ပညာ​ဖြင့် သင်တို့​ထံ စာရေးခဲ့သည့်​အတိုင်း ကျွန်ုပ်တို့​၏​သခင်ဘုရား​၏ စိတ်ရှည်တော်မူခြင်း​သည် သင်တို့​ကယ်တင်ခံရ​ရန် ဖြစ်ကြောင်း မှတ်ယူကြလော့။


ငါ​သည် သူ့​အား နောင်တရ​ရန် အခွင့်အရေး​ပေးခဲ့​သော်လည်း သူ​သည် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​အတွက် နောင်တရ​ရန် ငြင်းဆန်ခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ