ညီအစ်ကိုချင်း တစ်ဦးကိုတစ်ဦး သေစေရန် သစ္စာဖောက်လိမ့်မည်။ ဖခင်သည်လည်း မိမိသားသမီးကို သေစေရန် သစ္စာဖောက်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ပုန်ကန်၍ သေစေကြလိမ့်မည်။
၁ တိ 1:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် ဖြောင့်မတ်သူတို့အတွက် ချမှတ်ထားသည်မဟုတ်ဘဲ ပညတ်တရားကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရားမကိုင်းရှိုင်းသူများ၊ မိဘကို သတ်သူများ၊ လူသတ်သမားများ၊ Common Language Bible သို့ရာတွင်တရားဥပဒေများကိုလူကောင်း တို့အတွက်မဟုတ်။ တရားလက်လွတ်စည်းမဲ့ ကမ်းမဲ့ကျင့်ကြံသူများ၊ ပြစ်မှုကူးလွန်သူ များ၊ ဘုရားကိုမကြည်ညိုသူများ၊ အပြစ် ကူးသူများ၊ ဘာသာတရားကိုင်းရှိုင်းမှု မရှိသူများ၊ အဖကိုသတ်သူများနှင့် အမိကိုသတ်သူများ၊ သူသတ်သမားများ၊- Garrad Bible ဖြောင့် မတ် သူ အ ဖို့ စီ ရင် တော် မူ သည် မ ဟုတ်။ မ တ ရား သူ၊ ခက် မာ သူ၊ ဘု ရား မဲ့ သူ၊ အ ပြစ် ပြည့် သူ၊ မ သန့် ရှင်း သူ၊ တ ရား လွတ် သူ၊ မိ ဘ ကို သတ် ပုတ် သူ၊ လူ့ အ သက် ကို သတ် သူ၊ မ တ ရား မေ ထုန် ပြု သူ၊ ယောက်ျား ချင်း မှား ယွင်း သူ၊ လူ ကို ခိုး သူ၊ မု သာ သုံး သူ၊ မ မှန် ကျိန် ဆို သူ များ မှ စ၍ ငါ့ အား လွှဲ အပ် တော် မူ သည့် သ တင်း၊ မင်္ဂ လာ ရှိ သော ဘု ရား သ ခင့် ဘုန်း တော့် ဆိုင် ရာ သ တင်း တော် မြတ် အ တိုင်း ကျန်း ခံ ရေး ဒေ သ နာ တော် ကို မည် သည့် ဆန့် ကျင် ရာ မ ဆို ပြု ကျင့် သူ တို့ အ ဖို့ စီ ရင် တော် မူ ကြောင်း သိ မှတ် ကြ ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်နည်းအားဖြင့် ပညတ်တရားသည် ဖြောင့်မတ်သောသူအတွက်ရှိသည်မဟုတ်ဘဲ တရားမဲ့သောသူများနှင့်နာခံမှုမရှိသောသူများ၊ ဘုရားတရားမဲ့သောသူများနှင့်အပြစ်သားများ၊ မသန့်ရှင်းသောသူများနှင့်ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူများ၊ ဖခင်ကိုသတ်သောသူများနှင့်မိခင်ကိုသတ်သောသူများ၊ လူသတ်သမားများ၊ |
ညီအစ်ကိုချင်း တစ်ဦးကိုတစ်ဦး သေစေရန် သစ္စာဖောက်လိမ့်မည်။ ဖခင်သည်လည်း မိမိသားသမီးကို သေစေရန် သစ္စာဖောက်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ပုန်ကန်၍ သေစေကြလိမ့်မည်။
သူတို့သည် အသရေပျက်အောင်ပြောဆိုသူများ၊ ဘုရားသခင်ကို မုန်းတီးသူများ၊ မောက်မာသူများ၊ မာနထောင်လွှားသူများ၊ ကြွားဝါသူများ၊ မကောင်းမှုဖန်တီးသူများ၊ မိဘစကားနားမထောင်သူများဖြစ်ကြ၏။
အာဗြဟံနှင့် သူ၏ မျိုးဆက်များအား ဤကမ္ဘာလောကကို အမွေပေးမည်ဟူသော ဘုရားသခင်၏ကတိတော်မှာ ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းဖြင့် ရသည်မဟုတ်။ ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းဖြင့် ရ၏။
လူတို့အနေဖြင့် မိမိတို့မည်မျှအပြစ်များကြောင်း သိမြင်လာကြရန် ဘုရားသခင်သည် ပညတ်တရားကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့ပို၍ အပြစ်ကျူးလွန်လေ ဘုရားသခင်၏ကျေးဇူးတော်သည် ပို၍ ကြွယ်ဝလေဖြစ်၏။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။
သို့ဖြစ်လျှင် ပညတ်တရားကို အဘယ်ကြောင့် ပေးထားသနည်း။ ပညတ်တရားကို ပေးထားရခြင်းမှာ အပြစ်၏ သဘောသဘာဝကို ဖော်ပြရန်ဖြစ်ပြီး ကတိတော်ကို ရရှိသော အမျိုးအနွယ် မပေါ်မီကာလတိုင်အောင် ထားရှိမည်ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များဖြင့် ကြားဝင်စေ့စပ်သူ မောရှေထံမှတစ်ဆင့် ပေးအပ်တော်မူ၏။
သို့သော် ဝိညာဉ်တော်၏ လမ်းညွှန်မှုကို ခံရလျှင် သင်တို့သည် ပညတ်တရားလက်အောက်၌ မရှိပေ။
သဝန်တိုခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းနှင့် ထိုကဲ့သို့သောအရာများဖြစ်၏။ ထိုသို့သောအရာများကို ပြုမူသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံကြရမည်မဟုတ်ကြောင်း ကျွန်ုပ်ယခင်က ပြောခဲ့သည့်အတိုင်း ယခုလည်း သတိပေးလိုက်၏။
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်း စသည်တို့ဖြစ်၏။ ဤအရာများပြုမူခြင်းကို တားမြစ်သော ပညတ်တရားဟူ၍ မရှိပေ။
ထို့နောက် တရားမဲ့သူသည် ပေါ်လာလိမ့်မည်။ သို့သော် သခင်ယေရှုကြွလာတော်မူသောအခါ ထိုတရားမဲ့သူကို နှုတ်တော်ထွက်လေဖြင့် ဖျက်ဆီး၍ ဘုန်းရောင်ခြည်ဖြင့် ပယ်ရှားတော်မူလိမ့်မည်။
သင်သည် ဘုရားတရားမဲ့သော၊ ယုတ္တိမရှိသောဒဏ္ဍာရီများကို ရှောင်ကြဉ်၍ ဘုရားတရားကိုင်းရှိုင်းရန် မိမိကိုယ်ကိုယ် လေ့ကျင့်လော့။
တိမောသေ… သင့်ထံ အပ်နှင်းထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားမဲ့သည့် အကျိုးမရှိသောစကားများနှင့် အသိပညာဟု လွဲမှားစွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်အယူအဆများကို ရှောင်ကြဉ်လော့။
ဘုရားတရားမဲ့သော စကားကို ရှောင်ကြဉ်လော့။ အဘယ်ကြောင့်ဆိုသော် ထိုစကားသည် လူတို့အား ဘုရားတရားနှင့် ပို၍ ဝေးကွာစေသောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊
အဘယ်ကြောင့်ဆိုသော် မနာခံသူ၊ အကျိုးမဲ့သောစကားများပြောဆိုသူ၊ လှည့်ဖြားသူ များစွာ ရှိကြသောကြောင့်ဖြစ်၏။ အထူးသဖြင့် အရေပြားလှီးခြင်းမင်္ဂလာခံယူခြင်းကို တိုက်တွန်းသူများထဲတွင် ရှိကြ၏။
သူတို့သည် ဘုရားသခင်ကို သိသည်ဟု ဝန်ခံသော်လည်း သူတို့၏ အပြုအမူဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်ကောင်းမှုကိုမျှ ပြုနိုင်စွမ်းမရှိသောသူများ ဖြစ်ကြ၏။
သင်းအုပ်တို့သည် အပြစ်ကင်းသူ၊ မယားတစ်ယောက်တည်းရှိသူ ဖြစ်ရမည်။ သူတို့၏သားသမီးများသည် သခင်ဘုရားကို ယုံကြည်ရမည်။ ပျော်ပါးသောက်စားသူများ၊ မနာခံသူများဟူသော စွပ်စွဲခံရခြင်းနှင့် ကင်းရမည်။
တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။
ပြည့်တန်ဆာရာခပ်သည် ယုံကြည်ခြင်းဖြင့် အစ္စရေးသူလျှိုတို့ကို ငြိမ်းချမ်းစွာ ကြိုဆိုသောကြောင့် မယုံကြည်သူတို့နှင့်အတူ အသက်မဆုံးရှုံးခဲ့ပေ။
မည်သူမျှ တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ အစာတစ်နပ်အတွက် သားဦးအရိုက်အရာကို ရောင်းခဲ့သည့် ဧသောကဲ့သို့ ဘုရားတရားမဲ့သူမဖြစ်စေရန် သတိပြုလော့။
ထို့ကြောင့် ယုံကြည်သောသင်တို့အတွက် ဤကျောက်သည် ဂုဏ်သရေရှိ၏။ မယုံကြည်သောသူတို့အတွက်မှာမူ “တိုက်ဆောက်သူတို့ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက်ဖြစ်လာ၏” ဟု ဆို၏။
ထိုဝိညာဉ်များမှာ နောဧသည် သင်္ဘောဆောက်စဉ် ဘုရားသခင် စိတ်ရှည်စွာ စောင့်ဆိုင်းတော်မူသော်လည်း နောင်တမရသည့် မယုံကြည်သောသူများဖြစ်ကြ၏။ ထိုအချိန်တွင် သင်္ဘောထဲမှ အနည်းငယ်ဖြစ်သော လူရှစ်ဦးသာ ရေလွှမ်းမိုးခြင်းမှ ကယ်တင်ခံခဲ့ကြ၏။
ထို့ပြင် ကျမ်းစာ၌ “ဖြောင့်မတ်သောသူပင် ကယ်တင်ခံရရန် ခက်ခဲလျှင် ဘုရားတရားမဲ့သူတို့နှင့် အပြစ်သားတို့သည် မည်သို့ဖြစ်မည်နည်း” ဟု ဖော်ပြထား၏။
လူအပေါင်းတို့ကို တရားစီရင်တော်မူလိမ့်မည်။ ဘုရားတရားမဲ့သောသူတို့၏ ဘုရားတရားမဲ့သောအပြုအမူတိုင်းအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ကြမ်းတမ်းစွာ ပြောဆိုခြင်းအတွက်လည်းကောင်း ပြစ်ဒဏ်စီရင်တော်မူရန်ဖြစ်သည်” ဟူ၍ ပရောဖက်ပြုဟောပြောခဲ့၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။
မြို့ပြင်တွင်မူ ခွေးဖြစ်သောသူများ၊ ပြုစားသောသူများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ခြင်းကို နှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ ရှိကြ၏။