Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 4:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 အာဗြဟံ​နှင့် သူ​၏ မျိုးဆက်များ​အား ဤ​ကမ္ဘာလောက​ကို အမွေပေးမည်​ဟူသော ဘုရားသခင်​၏​ကတိတော်​မှာ ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးခြင်း​ဖြင့် ရသည်​မဟုတ်။ ဘုရားသခင်​ကို ယုံကြည်​သောကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​ဖြင့် ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သား​မြေး​တို့ အား​ကမ္ဘာ​လော​က​ကို ပိုင်​စေ​တော်​မူ​မည်​ဟု​က​တိ ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​က​တိ​ထား​တော်​မူ​ခြင်း မှာ​အာ​ဗြ​ဟံ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သော​ကြောင့်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် သ​ဖြင့်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ဤ လော က ကို အ ပိုင် ရ မည် ဟု အာ ဗြ ဟံ နှင့် အ ဆက် အ နွယ် တို့ အား ထား တော် မူ သော က တိ တော် ကို ပ ညတ် တ ရား အား ဖြင့် မ ဟုတ်၊ ယုံ ကြည် ခြင်း ကြောင့် ဖြောင့် မတ် ခြင်း အား ဖြင့် ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​မှ​တစ်​ပါး၊ ဤ​လော​က​ကို အ​မွေ​ခံ​စေ​မည်​ဟု က​တိ​တော်​ကို အာ​ဗြ​ဟံ​မှ​စ​သော သူ၏​အ​မျိုး​အ​နွယ်​တို့​သည် ပ​ညတ်​တ​ရား​အား​ဖြင့် ရ​ကြ​သည်​မ​ဟုတ်။ ယုံ​ကြည်​ခြင်း၏​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ကမ္ဘာ​လောက​ကို​အမွေ​ဆက်ခံ​သူ​ဖြစ်​မည်​ဟု အာဗြဟံ​၊ သို့မဟုတ် သူ​၏​အမျိုးအနွယ်​အား ပေး​တော်မူ​သော​ကတိ​တော်​သည် ပညတ်​တရား​ကို​ထောက်၍ ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ ယုံကြည်​ခြင်း​နှင့်ဆိုင်သော​ဖြောင့်မတ်​ခြင်း​ကို​ထောက်၍ ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 4:13
15 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့​သည် ဘိုးဘေးများ​အား ဘုရားသခင်​ကတိပြုသော ထို​သတင်းကောင်း​ကို သင်တို့​ထံ ယူဆောင်လာကြ၏။


ထို့ပြင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသော​သူတို့​အတွက်​လည်း အာဗြဟံ​သည် ဖခင်ကြီး​ဖြစ်လာ၏။ သို့သော် အာဗြဟံ​အရေပြားလှီးခြင်း​မင်္ဂလာ​ကို မခံယူ​မီက ရှိခဲ့သော​ယုံကြည်ခြင်း​မျိုး​သည် ထို​သူတို့​၌ ရှိရမည်​ဖြစ်၏။


ဆိုလိုသည်​မှာ အာဗြဟံ​၏​သွေးသား​အားဖြင့် မွေးဖွားလာသော​သူ​တိုင်း​သည် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြသည်​မဟုတ်။ ဘုရားသခင်​၏​ကတိတော်​အတိုင်း မွေးဖွားလာသော​သားသမီး​သာလျှင် အာဗြဟံ​၏ သားသမီး​အစစ်အမှန် ဖြစ်ကြ၏။


သင်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​လျှင် အာဗြဟံ​၏ အမျိုးအနွယ်​ပင် ဖြစ်​၍ ဘုရားသခင်​ကတိပြုတော်မူသည့်​အတိုင်း အမွေခံများ​ဖြစ်ကြ၏။


မမြင်ရသေးသော​အဖြစ်အပျက်များ​ကို ဘုရားသခင် ဖော်ပြတော်မူ​သောအခါ နောဧ​သည် ယုံကြည်​သဖြင့် ကြောက်ရွံ့ရိုသေ​လျက် မိမိ​၏​မိသားစု​ကို ကယ်တင်​ရန် သင်္ဘော​ကို ဆောက်လုပ်ခဲ့၏။ သူ​သည် မိမိ​၏​ယုံကြည်ခြင်း​ဖြင့် လောကီသားတို့​၏ အပြစ်​ကို စီရင်​၍ ယုံကြည်ခြင်း​ကြောင့် ရရှိသော ဖြောင့်မတ်ခြင်း​ကို အမွေခံခဲ့၏။


သို့သော် ဤ​မေလခိဇေဒက်​သည် လေဝိ​မျိုးဆက်​မဟုတ်​သော်လည်း သူ​သည် အာဗြဟံ​ထံမှ ဆယ်ဖို့တစ်ဖို့​အလှူ​ကို ခံယူ​လျက် ဘုရားသခင်​၏​ကတိတော်​ကို ရရှိထားသော အာဗြဟံ​အား ကောင်းချီးပေးခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ