Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ပညတ်တရား​ကို မှန်ကန်​စွာ ကျင့်သုံး​လျှင် ပညတ်တရား​သည် ကောင်းမြတ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 တ ရား နှင့် အ ညီ ဖော် ပြ လျက် ပ ညတ် တ ရား ကောင်း မွန် ကြောင်း ငါ တို့ သိ လျက် ပင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8-10 ပ​ညတ်​တ​ရား​ကို တ​ရား​သ​ဖြင့် ကျင့်​သော​သူ​အ​ဖို့ မ​ထား၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ၊ နား​မ​ထောင်​သော​သူ၊ ဘု​ရား​ကို မ​ကိုး​ကွယ်​သော​သူ၊ အ​ပြစ်​ထင်​ရှား​သော​သူ၊ မ​သန့်​ရှင်း​သော​သူ၊ ဘု​ရား​တ​ရား​ကို မ​ရို​မ​သေ​ပြု​သော​သူ၊ မိ​ဘ​ကို​ညှဉ်း​ဆဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ လူ​ကို ခိုး​သွား​သော​သူ၊ မု​သား​စ​ကား​ကို သုံး​သော​သူ၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော​သူ​မှ​စ၍၊ စင်​ကြယ်​သော​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​မျှ​တို့​အ​ဖို့ ပ​ညတ်​တ​ရား​ကို ထား​သည်​ဟု သိ​မှတ်၍၊ ထို​တ​ရား​ကို တ​ရား​သ​ဖြင့်​သုံး​သော​သူ၌ ပ​ညတ်​တ​ရား​သည် အ​ကျိုး​ကို​ပေး​တတ်​သည်​ဟု ငါ​တို့ သိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သို့သော် ပညတ်​တရား​ကို စည်းမျဉ်း​စည်းကမ်း​နှင့်အညီ​အသုံးပြု​လျှင် ၎င်း​သည် ကောင်းမြတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:8
12 ပူးပေါင်းရင်းမြစ်များ  

ဤ​လောက​၏ အမူအကျင့်​နှင့် ဓလေ့တို့​ကို အတု​မယူကြနှင့်။ သင်တို့​၏ စိတ်နှလုံး​ကို ပြောင်းလဲစေခြင်း​အားဖြင့် စိတ်သစ်​လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်​အလိုရှိတော်မူသည့် ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ပြည့်စုံသော​အရာတို့​သည် မည်သည့်​အရာ​ဖြစ်သည်​ကို သင်တို့​ပိုင်းခြား​သိမြင်ကြ​လိမ့်မည်။


ထိုသို့ မိမိ​ပြုသော အပြုအမူ​သည် မှားယွင်း​ကြောင်း ကျွန်ုပ်​သိသည်​ဆို​လျှင် ပညတ်တရား​ကောင်းမြတ်သည်​ဟု ကျွန်ုပ်​သဘောတူခြင်း​ပင်​ဖြစ်၏။


ကျွန်ုပ်​အထဲ​၌ တစ်နည်း​အားဖြင့် ကျွန်ုပ်​၏​လူ့​ဗီဇ​စိတ်​၌ ကောင်းသော​အရာ​တစ်စုံတစ်ခု​မျှ မကိန်းအောင်းသည်​ကို ကျွန်ုပ်​သိ၏။ မှန်သော​အပြုအမူ​ကို ပြုလိုသော​စိတ်​ရှိ​သော်လည်း ပြုနိုင်စွမ်း​မရှိ။


ကျွန်ုပ်​၏​စိတ်နှလုံး​အတွင်း​၌ ကျွန်ုပ်​သည် ဘုရားသခင်​၏ ပညတ်တရား​ကို နှစ်သက်၏။


သို့ဖြစ်လျှင် ပညတ်တရား​သည် ဘုရားသခင်​၏ ကတိတော်​နှင့် ဆန့်ကျင်​နေသလော။ လုံးဝ​မဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရား​သည် အသက်​ကို ရှင်​စေနိုင်​လျှင် ထို​ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရမည်​မှာ အသေအချာ​ပင် ဖြစ်၏။


ထိုနည်းတူ အားကစားသမား​သည် ပြိုင်ပွဲ​စည်းကမ်း​ကို မလိုက်နာ​ပါက ဆုသရဖူ​ကို မရနိုင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ