Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ဘုရားတရား​မဲ့သော စကား​ကို ရှောင်ကြဉ်လော့။ အဘယ်ကြောင့်ဆိုသော် ထို​စကား​သည် လူတို့​အား ဘုရားတရား​နှင့် ပို၍ ဝေးကွာစေ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ဘု​ရား​ကို​မ​ကြည်​ညို​သော​အ​ချည်း​နှီး စ​ကား​ကို​ရှောင်​လော့။ ထို​ကဲ့​သို့​သော​စ​ကား သည် လူ​တို့​အား​ဘု​ရား​နှင့်​ပို​၍​ပင်​ဝေး ကွာ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ယုတ် မာ ပိန် ဖျင်း သော အ ချက် များ ကို ကား ကြဉ် ရှောင် လော့။ သင် ကြား သူ တို့ သည် ဘု ရား တ ရား မဲ့ နေ ခြင်း သို့ တ နေ့ ထက် တ နေ့ ရောက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး​စ​ကား​ကို ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​စ​ကား​သည် မ​တ​ရား​သော အ​မှု​တို့​ကို ပွား​များ​စေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သို့သော် ဘုရား​တရား​နှင့်​မ​ဆိုင်​သော အချည်းနှီး​စကား​များ​ကို ရှောင်ကြဉ်​လော့။ အကြောင်းမူကား ၎င်း​တို့​သည် ဘုရား​တရား​မဲ့​ခြင်း​ကို ပို၍​တိုးပွား​စေ​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:16
19 ပူးပေါင်းရင်းမြစ်များ  

အလှည့်စား​မခံကြနှင့်။ မကောင်းသော အပေါင်းအသင်းတို့​သည် ကောင်းသော​စာရိတ္တ​ကို ပျက်စီးစေကြ၏။


သင်တို့​၏ ကြွားဝါခြင်း​သည် ကောင်းသော​အရာ မဟုတ်ပေ။ အပြစ်​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းကြွစေသော တဆေး​ကဲ့သို့​ဖြစ်သည်​ကို သင်တို့​မသိသလော။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​သည် ဖြောင့်မတ်သူတို့​အတွက် ချမှတ်ထားသည်​မဟုတ်ဘဲ ပညတ်တရား​ကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရား​မကိုင်းရှိုင်းသူများ၊ မိဘ​ကို သတ်သူများ၊ လူသတ်သမားများ၊


သင်​သည် ဘုရားတရား​မဲ့သော၊ ယုတ္တိ​မရှိသော​ဒဏ္ဍာရီများ​ကို ရှောင်ကြဉ်​၍ ဘုရားတရား​ကိုင်းရှိုင်း​ရန် မိမိ​ကိုယ်ကိုယ် လေ့ကျင့်လော့။


တိမောသေ… သင့်​ထံ အပ်နှင်းထားသည့်​အရာ​ကို စောင့်ရှောက်လော့။ ဘုရားတရား​မဲ့သည့် အကျိုး​မရှိသော​စကားများ​နှင့် အသိပညာ​ဟု လွဲမှား​စွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်​အယူအဆများ​ကို ရှောင်ကြဉ်လော့။


ဤ​အကြောင်းအရာများ​ကို သူတို့​အား သတိပေးလော့။ အကျိုး​မရှိဘဲ ကြားရသော​သူတို့​ကို ပျက်စီး​စေတတ်သော စကားလုံး​အသုံးအနှုန်း​အတွက် မငြင်းခုံကြ​ရန် ဘုရားသခင်​ရှေ့တော်​၌ အလေးအနက် ညွှန်ကြားလော့။


တစ်စုံတစ်ယောက်​သည် အထက်ပါ​မကောင်းသော​အကျင့်​တို့ကို ဖယ်ရှား​လျှင် သူ​သည် အိမ်ရှင်​အတွက် သန့်ရှင်း​၍ အသုံးဝင်သည့် ဂုဏ်သရေရှိ​အသုံးအဆောင်၊ ကောင်းသော​အရာများ​အတွက် ပြင်ဆင်သော​အသုံးအဆောင် ဖြစ်လာမည်။


ဆိုးညစ်သော​သူများ​နှင့် ယောင်ဆောင်​လှည့်ဖြားသူများ​သည် သူတစ်ပါး​ကို လှည့်ဖြား​ပြီး ကိုယ်တိုင်​လည်း လှည့်ဖြားခံရ​လျက် ဆိုးသည်​ထက် ပို​၍ ဆိုးလာ​လိမ့်မည်။


ထို​သူတို့​ကို နှုတ်ဆိတ်​စေရမည်။ သူတို့​သည် မသမာနည်း​ဖြင့် ငွေရှာ​လို​သောကြောင့် မသွန်သင်​သင့်သော အရာများ​ကို သွန်သင်​လျက် အချို့​မိသားစုများ​၏ ယုံကြည်ခြင်း​ကို ပျက်စီးစေကြ၏။


သမ္မာတရား​ကို ဆန့်ကျင်သူတို့​၏ ပညတ်ချက်များ​နှင့် ဂျူး​လူမျိုးတို့​၏ ဒဏ္ဍာရီများ​ကို သူတို့​သည် ဂရုမစိုက်ဘဲ နေရမည်။


မိုက်မဲသော​ငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေး​ရာတွင် အချိန်ပေးခြင်း၊ ပညတ်တရား​နှင့်ပတ်သက်​၍ စကားများ​ခိုက်ရန်​ဖြစ်ခြင်းတို့​ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထို​အရာများ​သည် အကျိုး​မရှိ။ အသုံး​လည်း​မဝင်​သောကြောင့် ဖြစ်၏။


မည်သူ​မျှ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မဆုံးရှုံး​စေရန် သတိပြုလော့။ သင်တို့​ကို ဒုက္ခပေး​၍ လူများစွာ​ကို ညစ်ညူးစေမည့် ခါးသီးသော​အမြစ်​ကို မပေါက်ပွား​စေရန် သတိပြုလော့။


အဘယ်ကြောင့်ဆိုသော် သူတို့​သည် အကျိုးမဲ့ ချဲ့ကား​ကြွားဝါ​ပြောဆို​လျက် မှားယွင်း​စွာ ပြုမူ​နေထိုင်ကြ​သူတို့​ထဲမှ လွတ်မြောက်​ခါစ​ဖြစ်သော သူများ​ကို လူ့​ဗီဇစိတ်​၏​တပ်မက်မှုများ​နှင် ကိလေသာ​လွန်ကြူးခြင်း​တို့​ဖြင့် ဆွဲဆောင်ကြ​သောကြောင့်​ဖြစ်၏။


လူများစွာတို့​သည် ထို​သူတို့​၏ ကိလေသာ​လွန်ကြူးခြင်း​လမ်းစဉ်​နောက်သို့ လိုက်ကြ​လိမ့်မည်။ ထို​ဆရာ​အတုအယောင်များ​ကြောင့် သမ္မာတရား​လမ်း​သည် စော်ကား​ပြောဆိုခံရ​လိမ့်မည်။


သူ​သည် ပထမ​သားရဲ ကိုယ်စား ပြခွင့်​ရသည့် နိမိတ်​လက္ခဏာများ​ဖြင့် ဤ​ကမ္ဘာလောက​၌ နေထိုင်ကြသော​လူအပေါင်းတို့​ကို လှည့်ဖြား၏။ ဓား​ဒဏ်ရာ​ရထား​သော်လည်း အသက်ရှင်​သေးသော ပထမ​သားရဲ​၏ ရုပ်တု​ကို ပြုလုပ်​ရန် လူတို့​အား အမိန့်ပေး၏။


ထို​သားရဲ​၏ ဦးခေါင်း​တစ်လုံး​တွင် သေနိုင်လောက်သော​ဒဏ်ရာ​ရရှိထား​သကဲ့သို့​ဖြစ်​သော်လည်း ထို​ဒဏ်ရာ​သည် ပျောက်ကင်းသွား၏။ ကမ္ဘာလောက​၌ နေထိုင်ကြသောသူ​အပေါင်းတို့​သည် အံ့အားသင့်​လျက် သားရဲ​နောက်သို့ လိုက်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ