Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 2:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ထို့ကြောင့် ယုံကြည်သော​သင်တို့​အတွက် ဤ​ကျောက်​သည် ဂုဏ်သရေ​ရှိ၏။ မယုံကြည်သော​သူတို့​အတွက်​မှာမူ “တိုက်ဆောက်သူတို့​ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက်​ဖြစ်လာ၏” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ယုံ​ကြည်​သူ​တို့​အ​ဖို့​ထို​ကျောက်​သည်​တန်​ဖိုး ရှိ​၏။ မ​ယုံ​ကြည်​သူ​တို့​အ​ဖို့​မှာ၊ ``တိုက်​တည်​ဆောက်​သူ​တို့​ပယ်​ထား​သော ကျောက်​သည် အ​ရေး​ကြီး​သော​ထောင့်​ကျောက်​ဖြစ်​လာ​ရ​၏'' ဟု​ဖော်​ပြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို ကျောက် ကား ယုံ ကြည် သော သင် တို့ ၌ မြတ် သော် လည်း တည် ဆောက် သူ တို့ ပယ် ထား သော ကျောက် သည် တိုက် ထောင့် စွန်း ကျောက် ဖြစ် သည့် ပြင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော သင်​တို့၌​ကား ဘုန်း​အ​သ​ရေ​ရှိ၏။ နား​မ​ထောင်​သော သူ​တို့၌​ကား၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သို့ဖြစ်၍ ထို​ကျောက်​သည် ယုံကြည်​သော​သင်​တို့​အတွက် ဂုဏ်သရေ​ဖြစ်​၏။ မ​ယုံကြည်​သော​သူ​တို့​အတွက်​မူကား “​တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော်လည်း ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​သော​ကျောက်​” ဖြစ်​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 2:7
26 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​က “ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ ဤ​အမှု​သည် ထာဝရဘုရား ပြုတော်မူသော​အမှု​ဖြစ်၏။ ငါတို့​မျက်စိ​ရှေ့​၌လည်း အံ့ဖွယ်​ဖြစ်၏’ ဟု ရေးထားသည်​ကို သင်တို့ မဖတ်ဖူးကြသလော။


ထို​ကယ်တင်ရှင်​သည် လူမျိုးခြားတို့​အား ကိုယ်တော့်​အကြောင်း​ကို ဖော်ပြပေးမည့်​အလင်း​နှင့် ကိုယ်တော်​၏​လူမျိုးတော်​ဖြစ်သော အစ္စရေးလူမျိုးတို့​၏ ဘုန်းအသရေ​အတွက် အလင်း​ဖြစ်တော်မူ၏” ဟု ဆိုလေ၏။


ထို့နောက် ရှိမောင်​သည် သူတို့​ကို ကောင်းချီးပေး​၍ မိခင်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေးလူမျိုး​ထဲမှ လူ​များစွာ​ကို လဲ​စေရန်​သော်လည်းကောင်း၊ များစွာ​ကို ထ​စေရန်​သော်လည်းကောင်း ခန့်အပ်ခြင်း​ခံရသော​သူ​ဖြစ်၏။ ဆန့်ကျင်ခြင်း​ခံရမည့် နိမိတ်​လက္ခဏာ​အဖြစ် စေလွှတ်ခံရသော​သူလည်း​ဖြစ်၏။


သို့သော် ယေရှု​သည် ထို​သူတို့​အား​ကြည့်တော်မူ​၍ “ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏’ ဟု ရေးထားသည်​မှာ မည်သည့်​အရာ​ကို​ဆိုလိုသနည်း။


ထို​သူတို့​က အမျိုးသမီး​အား “ယခု ငါတို့​ယုံကြည်ကြသည်​မှာ သင့်​စကား​ကြောင့်​မဟုတ်တော့ဘဲ ငါတို့​ကိုယ်တိုင် ကြားနာရ​သောကြောင့်​ဖြစ်၏။ ဤ​အရှင်​သည် ကမ္ဘာလောက​၏​ကယ်တင်ရှင် အမှန်​ဖြစ်ကြောင်း ယခု​ငါတို့​သိရပြီ” ဟု ဆိုကြ၏။


ထို့ကြောင့် အရှင်​အဂြိပ္ပမင်းကြီး… အကျွန်ုပ်​သည် ကောင်းကင်​မှ ရသော​ထို​ရူပါရုံ​ကို မနာခံဘဲ​မနေပါ။


သို့သော် အစ္စရေးလူမျိုးတို့​နှင့်​ပတ်သက်​၍ ဘုရားသခင်​က “တစ်နေ့လုံး ငါ့​လက်​ကို ကမ်းထား​သော်လည်း သူတို့​သည် ငါ့​ကို မနာခံဘဲ ဆန့်ကျင်​ပုန်ကန်ကြ၏” ဟု မိန့်တော်မူ၏။


ယေရှု​ခရစ်တော်​ကို မယုံကြည်သော ယုဒပြည်​၌​ရှိသည့် လူတို့​၏ လက်​မှ ကျွန်ုပ်​လွတ်​ရန်​နှင့် ဂျေရုဆလင်မြို့​၌ ရှိသည့် ယုံကြည်သူများ​သည် ကျွန်ုပ်​ယူဆောင်လာမည့် အလှူ​ကို လက်ခံ​လိုသော​စိတ် ရှိ​စေရန် ဆုတောင်းကြလော့။


ကျွန်ုပ်တို့​သည် ဖျက်ဆီးခြင်း​ခံရသောသူတို့​အတွက် သေစေတတ်သော သေခြင်းတရား​၏​ရနံ့​ဖြစ်ပြီး ကယ်တင်ခြင်း​ခံရသော​သူများ​အတွက်​မှာမူ အသက်​ရှင်စေတတ်သော အသက်ရှင်ခြင်း​၏​ရနံ့​ဖြစ်ကြ၏။ သို့ဖြစ်၍ ဤ​ကဲ့သို့သော တာဝန်​ကို မည်သူ​ထမ်းဆောင်​နိုင်မည်နည်း။


သင်တို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​၍ ပြည့်စုံသော​အနေအထား​သို့ ရောက်လာကြ​သောကြောင့် ဖြစ်၏။ ထို​ခရစ်တော်​သည် အုပ်စိုးမှု​နှင့် အာဏာစက်​အပေါင်းတို့​ကို အစိုးရတော်မူ၏။


တစ်ချိန်​က ကျွန်ုပ်တို့​သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်း​နှင့် အပျော်အပါး​လိုက်စားခြင်းတို့​၌ ကျွန်ခံသူ၊ ဆိုးညစ်သော​စိတ်​နှင့် မနာလိုသော​စိတ်တို့​ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်း​ကို ခံရသူ၊ အချင်းချင်း​မုန်းတီးသူ​တို့ ဖြစ်ခဲ့ကြ၏။


ပြည့်တန်ဆာ​ရာခပ်​သည် ယုံကြည်ခြင်း​ဖြင့် အစ္စရေး​သူလျှိုတို့​ကို ငြိမ်းချမ်း​စွာ ကြိုဆို​သောကြောင့် မယုံကြည်သူတို့​နှင့်အတူ အသက်​မဆုံးရှုံးခဲ့ပေ။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ထို​စံမြန်း​နားခိုရာ​နေရာ​သို့ ဝင်​ရန် ကြိုးစား​ကြစို့။ ထိုသို့​မဟုတ်​လျှင် တစ်ချိန်​က အစ္စရေးလူမျိုးတို့​သည် မနာခံ​သောကြောင့် ထို​စံမြန်း​နားခိုရာ​နေရာ​သို့ မဝင်နိုင်ကြ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း ဝင်နိုင်ကြမည် မဟုတ်။


သင်တို့​သည် ကိုယ်တော်​ကို မမြင်ဖူး​သော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်​ကို မတွေ့ရသေး​သော်လည်း ယုံကြည်ကြ၏။ သင်တို့​တွင် ဘုန်းအသရေ​နှင့်​ပြည့်စုံသည့် ပြောမပြ​နိုင်လောက်သော ဝမ်းမြောက်ခြင်း​ရှိ၏။


လူတို့​၏​ငြင်းပယ်ခြင်း​ကို ခံရ​သော်လည်း အဖိုးတန်သော​အရာ​အဖြစ် ဘုရားသခင်​ရွေးချယ်တော်မူသည့် အသက်ရှင်သော​ကျောက်​ဖြစ်သည့် ခရစ်တော်​ထံသို့ သင်တို့​လာကြ၏။


ထို့အပြင် ကျမ်းစာ​၌ “၎င်း​သည် ဆူးငြောင့်ခလုတ်​ဖြစ်သော​ကျောက်၊ တိုက်မိ​၍​လဲစရာ​ဖြစ်သော​ကျောက် ဖြစ်၏” ဟု ဖော်ပြထား၏။ သူတို့​သည် နှုတ်ကပတ်တော်​ကို မနာခံ​သောကြောင့် ထိမိ​၍​လဲကြ၏။ ဤ​ထိမိ​၍​လဲခြင်း​သည် သူတို့​အတွက် ကြိုတင်​သတ်မှတ်ထားသော​အရာ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ